ရှာရန်

ဥပဒေ စာရွက်စာတမ်းများ
Title Type
အထူးကုန်စည်ခွန်ဥပဒေ ၂၀၁၆ Law
မြန်မာ့သတ္တုတွင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ ၂၀၁၅ Law
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများ ၂၀၁၇ Regulation
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ၁၉၉၀ Law
ကုန်းလမ်းအကောက်ခွန်အက်ဥပဒေ ၁၉၂၄ Law
ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ Law
ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ ၂၀၁၅ Law
ကုန်းလမ်းအကောက်ခွန်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ ၂၀၁၅ Law
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ ၂၀၁၅ Law
အမိန့်ကြော်ငြာစာအမှတ် ၆၁/၂၀၁၇ (သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သောကုန်စည်များအား HS 2017 Version ဖြင့် ထုတ်ပြန်ခြင်း) Notification
အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၁၃ (ပြည်ပမှ တင်သွင်းခွင့်မပြုသော ပစ္စည်းများအား ပြင်ဆင်သတ်မှတ်သည့်အမိန့်) Notification
အမိန့်ကြော်ငြာစာအမှတ် ၁၀/၉၉ (ပြည်ပသို့တင်ပို့ခွင့်မပြုသောပစ္စည်းများအဖြစ်သတ်မှတ်သည့်အမိန့်) Notification
အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၁၆ (သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သောကုန်စည်လိုင်းများမှ ဖြေလျှော့သည့်အမိန့်ကြော်ငြာစာ) Notification
အမိန့်ကြော်ငြာစာအမှတ် ၈၈/၂၀၁၅ (သွင်းကုန်လိုင်စင်ပြန်လည်လျှောက်ထားရမည့်ကုန်စည်များအဖြစ်သတ်မှတ်ခြင်း) Notification
အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၈ (ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများအား တင်ပို့/သွင်းခွင့်ပြုခြင်း) Notification
စာရွက်စာတမ်းများ
Title Type
Tariff Nomenclature (Short Description) Static Page
MFN Tariffs and Preferential Tariff Schedule of FTA (Short Description) Static Page
Rules of Origin ( Short Description ) Static Page
Non-Tariff Measures (Short Description) Static Page
National Trade and Customs Laws and Rules (Short Description) Static Page
Procedures and Documentary Requirement (Short Description) Static Page
Administrative Rulings / Court Rulings ( Short Description ) Static Page
Best Practices in Trade Facilitation (Short Description) Static Page
List of Authorized Traders ( Short Description) Static Page
Disclaimer Static Page
ကုန်စည်ရှာဖွေခြင်းလုပ်ဆောင်ချက်ကို အသုံးပြုရန်လမ်းညွှန်ချက် Static Page
Guide To Export - Export licenses Static Page
Guide To Export - Prohibited exports Static Page
Guide to Export - Export inspections Static Page
Guide to Export - Special economic zones (SEZs) Static Page
လုပ်ထုံးလုပ်နည်းများ
Title Type
ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ မြင်း၊ ပျား အရှင်များအတွက် တင်သွင်းခွင့်ထောက်ခံချက် မြင်းအရှင်များအတွက် တင်သွင်းခံထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် လျှောက်ထားရယူခြင်း။
ကျွဲ၊ နွား မြင်းအရှင်များ အတွက်တင်ပို့ခွင့်ထောက်ခံချက်နှင့် တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက် ကျွဲ၊ နွား မြင်းအရှင်များ ပြည်ပသို့တင်ပို့ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။
မျိုးကြက်ဥ၊ မျိုးကြက်နှင့် ဌက်အရှင်များ တင်သွင်းခွင့် ထောက်ခံချက် မျိုးကြက်ဥ၊ မျိုးကြက်နှင့် ဌက်အရှင်များ တင်သွင်းခွင့် ထောက်ခံချက်ကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် လျှောက်ထား ရယူခြင်း။
မျိုးကြက်ဥ၊ မျိုးကြက်နှင့် ငှက်များ အတွက် တင်ပို့ခွင့်ထောက်ခံချက်နှင့်တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက် မျိုးကြက်ဥ၊ မျိုးကြက်နှင့် ငှက်များ အတွက် တင်ပို့ခွင့်ထောက်ခံချက်နှင့်တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် လျှောက်ထား ရယူခြင်း။
အသားနှင့်တိရိစ္ဆာန်ထွက်ပစ္စည်းများ အတွက်တင်သွင်းခွင့်ထောက်ခံချက် အသားနှင့်တိရိစ္ဆာန်ထွက်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းရာတွင် လိုက်နာလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။
အသားနှင့်တိရိစ္ဆာန်ထွက်ကုန်ပစ္စည်းများအတွက် တင်ပို့ခွင့် ထောက်ခံချက် နှင့်တိရိစ္ဆာန်ထွက်ပစ္စည်း ကျန်းမာရေးထောက်ခံချက် အသားနှင့်တိရိစ္ဆာန်ထွက်ကုန်ပစ္စည်းများအတွက် တင်ပို့ခွင့် ထောက်ခံချက် နှင့်တိရိစ္ဆာန်ထွက်ပစ္စည်း ကျန်းမာရေးထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် လျှောက်ထား ရယူခြင်း။
သိုး၊ ဆိတ်အရှင်များ အတွက် တင်သွင်းခွင့်ထောက်ခံချက် သိုး၊ ဆိတ်အရှင်များ အတွက် တင်သွင်းခွင့်ထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် လျှောက်ထားရယူခြင်း။
သိုးနှင့်ဆိတ်အရှင်များ အတွက်တင်ပို့ခွင့်ထောက်ခံချက်နှင့်တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက် သိုးနှင့်ဆိတ်အရှင်များ ပြည်ပသို့တင်ပို့ရာတွင် လိုက်နာ‌ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။
မျိုးကြက်၊ မျိုးကြက်ဥ၊ ငှက်နှင့်ဝက်အရှင်များ အတွက်တင်သွင်းခွင့်ထောက်ခံချက် မျိုးကြက်၊ မျိုးကြက်ဥ၊ ငှက်နှင့်ဝက်အရှင်များ ပြည်တွင်းသို့တင်သွင်းရာတွင် လိုက်နာလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ ထုတ်ပြန်ထားပါသည်။
ဝက်အရှင်များအတွက် တင်ပို့ခွင့်ထောက်ခံချက်နှင့် တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက် ဝက်အရှင်များအတွက် တင်ပို့ခွင့်ထောက်ခံချက်နှင့် တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် လျှောက်ထား ရယူခြင်း။
တိရိစ္ဆာန်ဆေးဝါးများ၊ တိရိစ္ဆာန်အစာနှင့် တိရိစ္ဆာန်သုံးပစ္စည်းများ တင်သွင်းခွင့်ထောက်ခံချက် တိရိစ္ဆာန်ဆေးဝါးများ၊ တိရိစ္ဆာန်အစာနှင့် တိရိစ္ဆာန်သုံးပစ္စည်းများ ပြည်တွင်းသို့တင်သွင်းရာတွင် လိုက်နာလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။
တိရိစ္ဆာန်ဆေးဝါးနှင့်မွေးမြူရေးသုံးပစ္စည်းများ၊ တိရစ္ဆာန်အစာ၊ အေးခဲသား၊ အသားခြောက်နှင့် ပျားနှင့်ပျားထွက်ပစ္စည်းအတွက် တင်ပို့ခွင့်ထောက်ခံချက်နှင့် တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက် တိရိစ္ဆာန်ဆေးဝါးနှင့်မွေးမြူရေးသုံးပစ္စည်းများ၊ တိရစ္ဆာန်အစာ၊ အေးခဲသား၊ အသားခြောက်နှင့် ပျားနှင့်ပျားထွက်ပစ္စည်း၊ မွေးမြူရေးခြံအသုံးအဆောင်ပစ္စည်းများအတွက် တင်ပို့ခွင့်ထောက်ခံချက်နှင့် တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက် ကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင်ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင်လျှောက်ထားရယူခြင်း။
တိရိစ္ဆာန်ဥယျာဉ်တွင်ထားရှိမည့်တောရိုင်းတိရိစ္ဆာန်အရှင်များအတွက် တင်သွင်းခွင့်ထောက်ခံချက် တိရိစ္ဆာန်ဥယျာဉ်တွင်ထားရှိမည့်တောရိုင်းတိရိစ္ဆာန်အရှင်များအတွက် တင်သွင်းခွင့်ထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် လျှောက်ထားရယူခြင်း။
တိရိစ္ဆာန်ဥယျာဉ်တွင်ထားရှိမည့်တောရိုင်းတိရိစ္ဆာန်အရှင်များတင်ပို့ခွင့် ထောက်ခံချက် နှင့်တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက် တိရိစ္ဆာန်ဥယျာဉ်တွင်ထားရှိမည့်တောရိုင်းတိရိစ္ဆာန်အရှင်များတင်ပို့ခွင့် ထောက်ခံချက် နှင့်တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင်လျှောက်ထား ရယူခြင်း။
ငါးနှင့်ရေနေသတ္တဝါအရှင်များအတွက် တင်သွင်းခွင့်ထောက်ခံချက် ငါးနှင့်ရေနေသတ္တဝါအရှင်များအတွက် တင်သွင်းခွင့်ထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနတွင် လျှောက်ထားခြင်း။
စည်းမျည်းများ
Title Type
အပင်နှင့် အပင်ထွက်ပစ္စည်းများတဆင့်ပြန်လည်တင်ပို့မှုအတွက် စီမံဆောင်ရွက်မှု ဤစီမံဆောင်ရွက်မှု (အခန်း ၃၊ အပိုဒ် ၆) သည် ပြည်ပမှတင်သွင်းလာသော မူရင်းကုန်စည်ကို ပြည်ပသို့ပြန်လည်တင်ပို့ခြင်းအပေါ် တင်ပို့နိုင်ငံ၏ အစိုးရမှ သတ်မှတ်သောစီမံဆောင်ရွက်မှုများ ဖြစ်ပါသည်။ အပင်၊ အပင်ထွက်ပစ္စည်း၊ ပိုးမွှား၊ အကျိုးပြုသက်ရှိ သို့မဟုတ် မြေကြီးကို ကြားစခန်းမှတစ်ဆင့် ပြည်ပသို့ ပြန်လည်တင်ပို့ရာတွင် စစ်ဆေးရာ၌ထိန်းချုပ်ပိုးမွှားတွေ့ရှိရပါက ပိုးသတ်ခြင်း သို့မဟုတ် ပိုးမွှားသန့်စင်ခြင်းကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက ဆောင်ရွက်ခွင့်ရှိသည်။ ကုန်ကျစရိတ်ကို သက်ဆိုင်သူ ကျခံရမည်။ ပိုးမွှားကင်းရှင်းကြောင်းလက်မှတ် ရယူလိုပါက မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ သတ်မှတ်သည့် အခကြေးငွေပေးဆောင်ပြီး လျှောက်ထားရယူနိုင်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်များမှာ လူသားဘဝနှင့် ကျန်းမာရေးကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်ပါသည်။
ပိုးသတ်ဆေးများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက် ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၁၃) သည် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းကို ပြည်ပမှတင်သွင်းခြင်းပြုလုပ်လိုသူသည် အောက်ဖော်ပြပါ မှတ်ပုံတင်လက်မှတ်တစ်မျိုးမျိုးရရှိရေးအတွက် မှတ်ပုံတင်အဖွဲ့သို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်- (က) စမ်းသပ်သုံးစွဲခွင့်မှတ်ပုံတင်လက်မှတ် (ခ) ယာယီသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ် (ဂ) အပြည့်အဝသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ် (ဃ) အထူးသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ် ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။
ပိုးသတ်ဆေးများအတွက် TBT ဆိုင်ရာဆောင်ရွက်မှုအတွက် အကဲဖြတ်မှု ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ ပုဒ်မ ၁၄၊ ခ၊ ဂ နှင့် အခန်း ၅၊ ပုဒ်မ ၁၇၊ ဂ) သည် အစိုးရမှပေးသော ဝန်ဆောင်မှုအပေါ် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးမှတ်ပုံတင်လျှောက်ထားသူအနေဖြင့် ဓာတ်ခွဲစမ်းသပ်ခနှင့် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပါက မှတ်ပုံတင်ခတို့ကို မှတ်ပုံတင်အဖွဲ့မှ သတ်မှတ်ချက်နှင့်အညီပေးဆောင်ရမည်။ လိုင်စင်လျှောက်ထားသူသည် သတ်မှတ်ထားသောလိုင်စင်ခကို ပေးဆောင်ရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။
ပိုးသတ်ဆေးများတင်ပို့မှုအတွက် အကဲဖြတ်မှုဆိုင်ရာစီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၁၆) သည် သတ်မှတ် TBT လိုအပ်ချက်များနှင့်ကိုက်ညီမှု ရှိမရှိကို စစ်ဆေးရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးမှတ်ပုံတင်တစ်မျိုးမျိုးကို လျှောက်ထားသူသည် လျှောက်လွှာနှင့်အတူ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်း၏နမူနာကို ဓာတ်ခွဲစစ်ဆေးသည့်နည်းလမ်း၊ ဓာတ်ခွဲစစ်ဆေးမှုတွေ့ရှိမှု ထောက်ခံချက်၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ သုံးစွဲရန်အညွှန်းတို့နှင့်အတူ သတ်မှတ်ထုတည် သို့မဟုတ် သတ်မှတ်အလေးချိန်တို့ကို မှတ်ပုံတင်အဖွဲ့သို့ ပူးတွဲတင်ပြရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။
ပိုးသတ်ဆေးတင်သွင်းသူများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက် ဤစီမံဆောင်ရွက်မှု (အခန်း ၅၊ ပုဒ်မ ၁၇၊ က၊ ခ၊ ဂ နှင့် ဃ) သည်တင်သွင်းသူများအနေဖြင့် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းသော အဆိပ်ရှိပစ္စည်းကို ပြည်တွင်းတွင် ပိုးသတ်ဆေးအဖြစ်ဖော်စပ်ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်လိုပါက သို့မဟုတ် ပြည်ပမှတင်သွင်းသည့်ပိုးသတ်ဆေးကို ပြည်တွင်းတွင်ပြန်လည်ထုပ်ပိုးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်လိုပါက သို့မဟုတ် ပိုးသတ်မှိုင်းတိုက်ခြင်းလုပ်ငန်းလုပ်ကိုင်လိုခြင်းနှင့် ယင်းတို့မှအပ ပိုးသတ်ဆေးကို လက်လီလက်ကားရောင်းချလိုပါက လိုင်စင်ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။
တင်သွင်းပိုးသတ်ဆေးများအပေါ် စုံစမ်းစစ်ဆေးရန်လိုအပ်ချက် ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ က နှင့် ဍ) သည် တင်သွင်းနိုင်ငံအနေဖြင့် ကုန်စည်များအပေါ် စစ်ဆေးရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိ ပစ္စည်းများရောက်ရှိလာပြီးနောက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ စစ်ဆေးမှုကို မပျက်မကွက်ခံယူရမည်။ ပိုးသတ်ဆေးလုပ်ငန်းဆောင်ရွက်သည့်အခြေအနေအား စစ်ဆေးရေးမှူးက လာရောက်စစ်ဆေးသည့်အခါ စစ်ဆေးခြင်းကို ခံယူရမည့်အပြင် လိုအပ်သည့် အကူအညီများကိုလည်း ပေးရမည်။ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။
တင်သွင်းလာသည့် ပိုးသတ်ဆေးများကို စမ်းသပ်စစ်ဆေးရန်လိုအပ်ချက် ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ က) သည် သတ်မှတ်ထားသည့် စည်းမျည်းစည်းကမ်းများနှင့်အညီဖြစ်စေရန် ကုန်စည်အပေါ်စမ်းသပ်စစ်ဆေးရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများရောက်ရှိလာပြီးနောက် ပိုးသတ်ဆေးများ၏အရည်အသွေးစစ်ဆေးရန်အတွက် နမူနာရယူရန် သတ်မှတ်သည့်နည်းလမ်း အတိုင်းသတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်ကို စစ်ဆေးရေးမှူးအား အခမဲ့ရယူခွင့်ပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။
တင်သွင်းပိုးသတ်ဆေးများ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ခြင်းတို့အပေါ် TBT စည်းမျဉ်းသတ်မှတ်ချက် ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ ခ) သည် ကုန်စည်အလိုက် သတ်မှတ်ထားသည့် သယ်ယူပို့ဆောင်မှုနှင့် သိုလှောင်မှုအခြေအနေများတွင်ရှိနေစေရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးတင်သွင်းသူအနေဖြင့် ပိုးသတ်ဆေးများကို မှတ်ပုံတင်အဖွဲ့ကထုတ်ပြန်သည့် လမ်းညွှန်ချက်အတိုင်း အန္တရာယ်ကင်းရှင်းစွာကိုင်တွယ်စေခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ထိန်းသိမ်းခြင်းပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။
ပိုးသတ်ဆေးဖြန့်ဖြူးရောင်းချခြင်း ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ ဂ) သည် ကုန်စည်များ၏အချက်အလက်များထိန်းသိမ်းခြင်းကို ဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးတင်သွင်းသူသည် ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချရာတွင် လိုင်စင်ရရှိသူများကိုသာ ရောင်းချခြင်း၊ အရောင်းပြေစာထားရှိခြင်း၊ ပိုးသတ်ဆေးအမျိုးအစားအလိုက် အရောင်းမှတ်ပုံတင်ဖွင့်လှစ်၍ ရေးသွင်းခြင်းပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။
မျိုးစေ့တင်သွင်းမှုအတွက် SPS ဆိုင်ရာထောက်ခံချက်ကို သက်ဆိုင်ရာဌာနမှ ရယူရန်လိုအပ်ချက် ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၃၀) သည် ကုန်စည်အပေါ်သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ မျိုးစေ့ကိုပြည်တွင်းသို့တင်သွင်းခြင်းပြုလုပ်လိုသူသည် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီကထုတ်ပေးသော အသိအမှတ်ပြုလက်မှတ်ရရှိပြီးသည့် မျိုးများကိုသာ တင်သွင်းခွင့်ရှိသည်။ ရည်ရွယ်ချက်မှာ မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။
SPS အကြောင်းပြချက်ဖြင့် မျိုးစေ့တင်သွင်းသူများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက် ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၃၁) သည် တင်သွင်းသူများအတွက် ထောက်ခံချက်ကို သက်ဆိုင်ရာဌာနမှ ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ မျိုးစေ့ကို ပြည်တွင်းသို့ တင်သွင်းခြင်း ပြုလုပ်လိုသော မျိုးစေ့လုပ်ငန်းလိုင်စင်ရရှိသူသည် ထောက်ခံချက်ရရှိရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။
မျိုးစေ့အရည်အသွေးစစ်ဆေးရန်လိုအပ်ချက် ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၃၁၊ က) သည် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကုန်စည်ကိုစစ်ဆေးရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ မျိုးစေ့ကိုပြည်တွင်းသို့တင်သွင်းခြင်းပြုလုပ်လိုသော မျိုးစေ့လုပ်ငန်းလိုင်စင်ရရှိသူသည် ထောက်ခံချက်ရရှိရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ မျိုးစေ့နမူနာကို ပူးတွဲ၍ လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။
မျိုးစေ့များအတွက် SPS ဆိုင်ရာအကဲဖြတ်မှု ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၃၁၊ ဂ) သည် သတ်မှတ် SPS လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိကို အကဲဖြတ်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ မျိုးစေ့ကိုပြည်တွင်းသို့တင်သွင်းခြင်းပြုလုပ်လိုသော မျိုးစေ့လုပ်ငန်းလိုင်စင်ရရှိသူသည် ထောက်ခံချက်ရရှိရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ မျိုး၏အရည်အသွေးနှင့် အရည်အချင်းလက္ခဏာများကို ပူးတွဲ၍ လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။
မျိုးစေ့အရည်အသွေးအသိအမှတ်ပြုမှုလိုအပ်ချက် ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၃၁၊ ခ နှင့် ဃ) သည် ကုန်စည်မတင်သွင်းမီ အတည်ပြုချက်ရယူထားရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ မျိုးစေ့ကိုပြည်တွင်းသို့တင်သွင်းခြင်းပြုလုပ်လိုသော မျိုးစေ့လုပ်ငန်းလိုင်စင်ရရှိသူသည် ထောက်ခံချက်ရရှိရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ မျိုးစေ့အရည်အသွေးထောက်ခံချက် မိတ္ထူနှင့် ပိုးမွှားရောဂါကင်းစင်ကြောင်းထောက်ခံချက်ကို ပူးတွဲ၍ လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။