ရှာရန်

ဥပဒေ စာရွက်စာတမ်းများ
Title Type
အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၇ (Invoice and Sale Contract) Notification
အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၁၆ (နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ်ခွင့်ပြုခြင်း) Notification
အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၁၇ (နိုင်ငံခြားဖက်စပ်ကုမ္ပဏီ၊ နိုင်ငံခြားကုမ္ပဏီ များအား တင်သွင်းရောင်းချခွင့်ပြုသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား HS Code ဖြင့်ဖြည့်စွက်ထုတ်ပြန်ခြင်း) Notification
အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၁၇ (သစ်အခြေခံထွက်ကုန်ပစ္စည်းအမျိုးအစား များနှင့်အဆင့်သတ်မှတ်ခြင်း) Notification
အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၁၇ (အထူးကုန်စည်ခွန်ကျသင့်သည့် ကုန်စည် နှင့်ပတ်သက်၍ အဓိပ္ပာယ်သတ်မှတ်ချက် ထုတ်ပြန်ခြင်း) Notification
အမိန့်ကြော်ငြာစာအမှတ် ၇၄/၂၀၁၆ (ပို့ကုန်သွင်းကုန်လိုင်စင်များ ခွင့်ပြုထုတ်ပေးခြင်းနှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာ) Notification
အမိန့်ကြော်ငြာစာအမှတ် ၇၅/၂၀၁၆ (နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုရာတွင် နိုင်ငံခြားမှ တရားဝင် ယူဆောင်လာသည့် ငွေပမာဏ အတိုင်းသာ ကုန်သွယ်ခွင့်ပြုမည်ဟူသော သတ်မှတ်ချက်အား ပယ်ဖျက်ခြင်း အမိန့်ကြော်ငြာစာ) Notification
အမိန့်ကြော်ငြာစာအမှတ် ၉၆/၂၀၁၅ (နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုခြင်း) Notification
အမိန့်ကြော်ငြာစာအမှတ် ၁၅၀/၂၀၁၆ ကုန်ပစ္စည်းအမျိုးအစားခွဲခြားမှု ကြိုတင် သတ်မှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း Notification
အမိန့်ကြော်ငြာစာအမှတ် ၁၅၁/၂၀၁၆ (အကောက်ခွန်တန်ဖိုးကြိုတင်သတ်မှတ် ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း) Notification
အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၆ (ထုတ်လုပ်တင်ပို့သူကိုယ်တိုင်ပင်ရင်း ထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့် စနစ် (Self-Certification System) ကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုက်နာရ မည့် စည်းကမ်းများ) Notification
အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၁(ပြည်ပမှတင်သွင်းခွင့်မပြုသောပစ္စည်းများအားပြင်ဆင်သတ်မှတ်သည့်အမိန့်) Notification
အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၁ (ပြည်ပမှ တင်သွင်းခွင့်မပြုသော ပစ္စည်းများအား ပြင်ဆင်သတ်မှတ်သည့်အမိန့် ) Notification
အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေ ၂၀၁၆ Law
ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ၂၀၁၄ Law
စာရွက်စာတမ်းများ
Title Type
မြဝတီကုန်သွယ်ရေးဇုန်နဲ့ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပိုမိုတင်ပို့ News
မူဆယ်နှင့် မြဝတီကုန်သွယ်ရေးဇုန်တို့မှ တရားဝင်တင်သွင်းရန်ကျန်ရှိသည့် လုပ်ငန်းသုံးယာဉ်စီးရေ တစ်သောင်းကျော်အား ပြန်လည်တင်သွင်းခွင့်ပြုမည် News
ပြည် မန်ကျည်းမှည့်ဈေးကွက် ပုံမှန်အဝင်ရှိပြီး ရခိုင်သို့ ပုံမှန်တင်ပို့ News
မူဆယ်မှ ပြောင်းတင်ပို့မှု အနည်းငယ်လျော့ News
စစ်ကိုင်းတိုင်းဒေသကြီးမှ ဆောင်းစိုက်ဂျုံများ ဈေးကွက်အတွင်းသို့ ဝင်ရာက်လာ News
ရှမ်းပြည်နယ်တောင်ပိုင်းမှ ဒေသထွက်ကုန်များ ပြည်ပသို့တိုးချဲ့တင်ပို့နိုင်ရေးအတွက် တောင်ကြီးဇုန် ဟင်းသီးဟင်းရွက်အစုအဖွဲ့ ဖွဲ့စည်း News
၂၀၁၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ထုတ် အတွဲ (၁၆)၊ အမှတ် (၁၃) စီးပွားရေးသတင်းဂျာနယ် Article
၂၀၁၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ထုတ် အတွဲ (၁၆)၊ အမှတ် (၁၄) စီးပွားရေးသတင်းဂျာနယ် Article
၂၀၁၆ ခုနှစ်၊ မေလ ၂ ရက်နေ့ထုတ် အတွဲ (၁၆)၊ အမှတ် (၁၅) စီးပွားရေးသတင်းဂျာနယ် Article
၂၀၁၆ခုနှစ်၊မေလ(၉)ရက်နေ့ထုတ်အတွဲ(၁၆)၊အမှတ်(၁၆)၊စီးပွားရေးသတင်းဂျာနယ် Article
ယဉ်ကျေးမှု ကုန်စည်ဖြင့် ကုန်သွယ်မှုကို မြှင့်ကြစို့ News
Toyota မှ အသစ်ထုတ်လုပ်လိုက်သည့် Fortuner အမျိုးအစား ကားသစ်အား အမေရိကန်ဒေါ်လာ ခြောက်သောင်းကျော်ဖြင့် ရောင်းချပေးမည် News
မူဆယ်နှင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများတွင် တရားဝင်တင်သွင်းရန်ကျန်ရှိနေသည့် လုပ်ငန်းသုံးယာဉ်များအား ကွန်ပျူတာမှတ်တမ်းများအရ စိစစ်၍ ခွင့်ပြုပေးလျက်ရှိ News
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် ပို့ကုန် သွင်းကုန် ကွန်တိန်နာများ အချိန်မီ ထုတ်ယူနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိ News
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ ပြည်ထောင်စုဝန်ကြီးနှင့် လုပ်ငန်းကဏ္ဍလိုက် ၊ ကုန်သည်အသင်းအဖွဲ့ များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး News
စည်းမျည်းများ
Title Type
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာများနှင့်စပ်လျဉ်း၍ အခကြေးငွေပေးဆောင်ခြင်း(တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (အခန်း ၆၊ ပုဒ်မ ၁၃၊ က) သည် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာကို ပြည်ပမှ တင်သွင်းသူသည် သတ်မှတ်ထားသည့် အခကြေးငွေများ ပေးဆောင်ရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာများ တင်သွင်းမှုအတွက် အတည်ပြုချက်ရယူရန်လိုအပ်ချက် (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၅၊ ၁၀) သည် ကုန်စည်တင်သွင်းမှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာကို ပြည်ပမှတင်သွင်းသူသည် တင်သွင်းမည့်ပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာနသို့ တင်သွင်းခွင့်လိုင်စင် သို့မဟုတ် ပါမစ်လျှောက်ထားခြင်းမပြုမီ တင်သွင်းခွင့်ရရှိရေးအတွက် သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထား၍ ထောက်ခံချက်လက်မှတ် ရယူရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းသို့မဟုတ် တိရစ္ဆာန်အစာကိုပြည်ပသို့ တင်ပို့ခြင်းအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြချက်ရယူရန်လိုအပ်ချက် (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၁၀) သည် တင်ပို့နိုင်ငံ၏အစိုးရအနေဖြင့် တင်ပို့ကုန်စည်များအတွက် အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာကိုပြည်ပသို့ တင်ပို့သူသည် လိုင်စင် သို့မဟုတ် ပါမစ်ရရှိရန် သက်ဆိုင်ရာ လိုင်စင် သို့မဟုတ် ပါမစ်ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းသို့ လျှောက်ထားသည့်အခါ ထောက်ခံချက်လက်မှတ် ပူးတွဲတင်ပြရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာများကို စစ်ဆေးရန်လိုအပ်ချက် (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (ပုဒ်မ၅ (ခ)) သည် တင်သွင်းနိုင်ငံအနေဖြင့် ကုန်စည်တင်သွင်းမှုမပြုမီ ကုန်စည်အပေါ် စစ်ဆေးမှုဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရိစ္ဆာန်အစာကို ပြည်ပမှ တင်သွင်းသူသည် ဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြု ချက်ရယူရန်လိုအပ်ချက် (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၃ (က)၊ ပုဒ်မ ၉ (ခ) နှင့် အခန်း ၂၊ ပုဒ်မ ၁၁၊ ပုဒ်မ ၁၈ (ခ)) တို့သည် ကုန်စည်များမတင်သွင်းမီ သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို ပြည်တွင်းသို့ တင်သွင်းလိုသူသည် ပြည်ပမှ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်သွင်းခွင့် လိုင်စင် သို့မဟုတ် ပါမစ်ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းတွင် လိုင်စင် သို့မဟုတ် ပါမစ်လျှောက်ထားရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် သဘောထားမှတ်ချက် လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများအတွက် ကျန်းမာရေးထောက်ခံချက်ရယူရန် (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၃(ခ)၊ အခန်း ၂၊ ပုဒ်မ ၁၂ (ခ)) သည် တင်သွင်းနိုင်ငံအနေဖြင့် တင်သွင်းကုန်စည်များအတွက် ကျန်းမာရေးထောက်ခံချက် လိုအပ်ကြောင်းဖောပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို တင်သွင်းလိုသူသည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် တင်သွင်းခွင့်ထောက်ခံချက်လျှောက်ထားရာတွင် တင်သွင်းမည့် တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာတွင် ဦးစီးဌာနက သတ်မှတ်ထားသည့် ကူးစက် ရောဂါကင်းရှင်းကြောင်း တင်ပို့မည့်နိုင်ငံ၏ သက်ဆိုင်ရာဌာနမှ ထုတ်ပေးသည့် တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက် သို့မဟုတ် ထောက်ခံချက်ကို တင်ပြရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို သတ်မှတ်ထားသည့် အကောက်ခွန်စခန်းမှသာသယ်ဆောင်ခြင်း (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၄ (က) နှင့် အခန်း ၂၊ ပုဒ်မ ၁၃ (က)) သည် စစ်ဆေးရေးအတွက် တင်သွင်းမှုများကို သတ်မှတ်ဝင်ပေါက် သို့မဟုတ် အကောက်ခွန် ရုံးများမှသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်တင်သွင်းလိုသူသည် ဦးစီးဌာနက သတ်မှတ်ထားသည့် လေဆိပ်၊ သင်္ဘောဆိပ် သို့မဟုတ် စစ်ဆေးရေးစခန်းမှသာ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို တင်သွင်းရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများအပေါ် ရောဂါပိုးမွှားကင်းစင်ကြောင်းဆောင်ရွက်ချက် (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၇ (က) (ခ) နှင့် အခန်း ၂၊ ပုဒ်မ ၁၆ (ခ) (ဂ) ) သည် တိရစ္ဆာန်များနှင့် ယင်း၏ ထွက်ကုန်များကို ရောဂါပိုးမွှားပျံ့နှံ့ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် ယင်းတို့ရောက်ရှိသည့်နေရာတွင် သတ်မှတ်ထားသည့် ကာလအတွင်း သီးခြားခွဲခြားထားရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်တင်သွင်းသူသည် ဦးစီးဌာန၏စစ်ဆေးမှုကို ခံယူရန်အလို့ငှာ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို ခွင့်ပြုထားသောလမ်းကြောင်းအတိုင်း၊ သတ်မှတ်ထားသည့် နေရာသို့ သယ်ဆောင်ပြီး သတ်မှတ်ထားသော ကာလအပိုင်းအခြားအထိ သီးသန့်ခွဲခြားထားရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်သွင်းမှုအပေါ် အခကြေးငွေကောက်ခံခြင်း (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၇ (ဂ) နှင့် အခန်း ၂၊ ပုဒ်မ ၁၆ (ဃ)) သည် ကုန်စည်များအတွက် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို တင်သွင်းသူသည် အဆိုပါ ကုန်စည်များကို သီးသန့်ခွဲခြားထားရှိရန် သတ်မှတ်ထားသည့်နေရာတွင် သတ်မှတ်ထားသည့် ကာလ အပိုင်းအခြားအထိထားရှိရာတွင် တိရစ္ဆာန်ကို ကျွေးမွေးခြင်း၊ စောင့်ရှောက်ခြင်း၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကုသခြင်းနှင့် လိုအပ်ချက်အရဆောင်ရွက်ရသည့် အခြားလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများ ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ပိုးသတ်သန့်စင်ခြင်းနှင့် လိုအပ်ချက်အရ ဆောင်ရွက်သော အခြားလုပ်ငန်းများအတွက် သတ်မှတ်ထားသည့် အခကြေးငွေများကိုပေးဆောင်ရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို စစ်ဆေးခြင်း (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၇ နှင့် အခန်း ၂၊ ပုဒ်မ ၁၆) သည် တင်သွင်းလာသည့် တိရစ္ဆာန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို စစ်ဆေးရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို တင်သွင်းလာသူသည် သက်ဆိုင်ရာဦးစီးဌာနမှ တိရစ္ဆာန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများအပေါ် စစ်ဆေးခြင်းကို ခွင့်ပြုရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တိရစ္ဆာန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာတင်ပို့မှုအတွက် ထောက်ခံချက်လိုအပ်ချက် (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၁) သည် တင်ပို့နိုင်ငံအနေဖြင့် ပို့ကုန်ထောက်ခံချက်လက်မှတ် တင်ပြရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပသို့တင်ပို့မည့် တိရစ္ဆာန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများနှင့်တိရစ္ဆာန်အစာတို့နှင့်စပ်လျဉ်း၍ ကျန်းမာရေးထောက်ခံချက်လက်မှတ် သို့မဟုတ် SPS ထောက်ခံချက်လက်မှတ်ရယူလိုသူသည် သတ်မှတ်ထားသောပုံစံနှင့်အညီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန် ဖြစ်ပါသည်။
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများတင်ပို့မှုကို သတ်မှတ်အကောက်ခွန်စခန်းမှ ဆောင်ရွက်ရန် (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၂ (က) နှင့် အခန်း ၂၊ ပုဒ်မ ၄ (ဂ)) သည် တင်ပို့ကုန်စည်ကို စမ်းသပ်စစ်ဆေးရန်အတွက် သတ်မှတ်ထားသော အကောက်ခွန်စခန်းမှ သယ်ဆောင်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ပြည်ပသို့ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများတင်ပို့လိုသူသည် လက်ခံမည့်နိုင်ငံ၏လိုအပ်ချက်အရ ပြည်ပသို့ တင်ပို့မည့် တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို ဦးစီးဌာနတာဝန်ရှိဝန်ထမ်းက သတ်မှတ်သည့် နေရာတွင် သတ်မှတ်ထားသော ကာလအပိုင်းအခြားအထိ သီးသန့်ခွဲခြားစစ်ဆေးခြင်းကို ခံယူရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တင်ပို့တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို စစ်ဆေးခြင်း (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (အခန်း ၂၊ ပုဒ်မ ၄ (က)) သည် တင်ပို့နိုင်ငံမှ ကုန်စည်မတင်ပို့မှု စစ်ဆေးရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာတင်ပို့သူသည် အဆိုပါကုန်စည်များ ထုတ်လုပ်သောနေရာနှင့် သိုလှောင်ထားရှိသော နေရာတို့သို့ ဦးစီးဌာနတာဝန်ရှိဝန်ထမ်းက ဝင်ရောက်ကြည့်ရှု့စစ်ဆေးခြင်းကို ခံယူရမည်။ ဦးစီးဌာနတာဝန်ရှိလိုအပ်သော စစ်ဆေးစမ်းသပ်မှုများပြုလုပ်ရန် နမူနာပစ္စည်းများရယူခြင်းကို အခမဲ့ပေးအပ်ရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်ပို့မှုအတွက် အခကြေးငွေကောက်ခံခြင်း (တိရစ္ဆာန်အစာ) ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၂ (ခ) နှင့် အခန်း ၂၊ ပုဒ်မ ၄ (ဃ)) သည် ဝန်ဆောင်မှုပေးခြင်းအတွက် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပသို့ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်ပို့သူသည် ပြည်ပသို့တင်ပို့မည့် တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများ ကိုလိုအပ်သော စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်း၊ ပိုးသတ်သန့်စင်ခြင်း၊ ကျွေးမွေးခြင်း၊ စောင့်ရှောက်ခြင်း၊ လိုအပ်သောစမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ရောဂါကုသခြင်း၊ သီးသန့်ခွဲခြားထားရှိခြင်း၊ ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းအတွက် သတ်မှတ်အခကြေးငွေကို ပေးဆောင်ရမည်။
ငါးအရှင်တင်သွင်းခြင်းအတွက် အတည်ပြုချက်ရယူရန်လိုအပ်ခြင်း ဤစီမံဆောင်ရွက်မှု (အခန်း ၈၊ ပုဒ်မ ၂၉ (ဂ) နှင့် အခန်း ၁၀၊ ပုဒ်မ ၃၅) သည် ကုန်စည်တင်သွင်းမှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ငါးအရှင်ကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်။ ရည်ရွယ်ချက်မှာ ငါးများ ကျန်းမာရောဂါကင်းရှင်းရေးဖြစ်ပါသည်။