Name |
Type |
Description |
Legal Documents |
Agency |
Export/Import |
သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်ခြင်း
|
ကျင့်သုံးဆောင်ရွက်မှုများအပြင် အလိုအလျောက်မဟုတ်သောလိုင်စင်စနစ်၊ ပမာဏကန့်သတ်မှုများ၊ တားမြစ်ချက်များနှင့် အရေအတွက်ထိန်းချုပ်စီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၉) သည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ဤကုန်စည်ကိုတင်သွင်းလိုသည့် မည်သူမဆို သွင်းကုန်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လျှောက်ထားရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာသဘောတူညီချက်များနှင့်လိုက်လျောညီထွေဖြစ်သည့်ကုန်သွယ်မှုဖြစ်စေရန် ဖြစ်ပါသည်။ |
View
|
ကုန်သွယ်ရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၁၃) သည် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းကို ပြည်ပမှတင်သွင်းခြင်းပြုလုပ်လိုသူသည် အောက်ဖော်ပြပါ မှတ်ပုံတင်လက်မှတ်တစ်မျိုးမျိုးရရှိရေးအတွက် မှတ်ပုံတင်အဖွဲ့သို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်-
(က) စမ်းသပ်သုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
(ခ) ယာယီသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
(ဂ) အပြည့်အဝသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
(ဃ) အထူးသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးများအတွက် TBT ဆိုင်ရာဆောင်ရွက်မှုအတွက် အကဲဖြတ်မှု
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ ပုဒ်မ ၁၄၊ ခ၊ ဂ နှင့် အခန်း ၅၊ ပုဒ်မ ၁၇၊ ဂ) သည် အစိုးရမှပေးသော ဝန်ဆောင်မှုအပေါ် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးမှတ်ပုံတင်လျှောက်ထားသူအနေဖြင့် ဓာတ်ခွဲစမ်းသပ်ခနှင့် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပါက မှတ်ပုံတင်ခတို့ကို မှတ်ပုံတင်အဖွဲ့မှ သတ်မှတ်ချက်နှင့်အညီပေးဆောင်ရမည်။ လိုင်စင်လျှောက်ထားသူသည် သတ်မှတ်ထားသောလိုင်စင်ခကို ပေးဆောင်ရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
|
ထပ်ဆောင်းအခွန်များနှင့်အခများအပါအဝင် စျေးနှုန်းထိန်းချုပ်ရေးဆိုင်ရာစီမံဆောင်ရွက်မှုများ |
|
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးတင်သွင်းသူများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၅၊ ပုဒ်မ ၁၇၊ က၊ ခ၊ ဂ နှင့် ဃ) သည်တင်သွင်းသူများအနေဖြင့် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းသော အဆိပ်ရှိပစ္စည်းကို ပြည်တွင်းတွင် ပိုးသတ်ဆေးအဖြစ်ဖော်စပ်ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်လိုပါက သို့မဟုတ် ပြည်ပမှတင်သွင်းသည့်ပိုးသတ်ဆေးကို ပြည်တွင်းတွင်ပြန်လည်ထုပ်ပိုးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်လိုပါက သို့မဟုတ် ပိုးသတ်မှိုင်းတိုက်ခြင်းလုပ်ငန်းလုပ်ကိုင်လိုခြင်းနှင့် ယင်းတို့မှအပ ပိုးသတ်ဆေးကို လက်လီလက်ကားရောင်းချလိုပါက လိုင်စင်ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
တင်သွင်းပိုးသတ်ဆေးများအပေါ် စုံစမ်းစစ်ဆေးရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ က နှင့် ဍ) သည် တင်သွင်းနိုင်ငံအနေဖြင့် ကုန်စည်များအပေါ် စစ်ဆေးရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိ ပစ္စည်းများရောက်ရှိလာပြီးနောက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ စစ်ဆေးမှုကို မပျက်မကွက်ခံယူရမည်။ ပိုးသတ်ဆေးလုပ်ငန်းဆောင်ရွက်သည့်အခြေအနေအား စစ်ဆေးရေးမှူးက လာရောက်စစ်ဆေးသည့်အခါ စစ်ဆေးခြင်းကို ခံယူရမည့်အပြင် လိုအပ်သည့် အကူအညီများကိုလည်း ပေးရမည်။ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
တင်သွင်းလာသည့် ပိုးသတ်ဆေးများကို စမ်းသပ်စစ်ဆေးရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ က) သည် သတ်မှတ်ထားသည့် စည်းမျည်းစည်းကမ်းများနှင့်အညီဖြစ်စေရန် ကုန်စည်အပေါ်စမ်းသပ်စစ်ဆေးရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများရောက်ရှိလာပြီးနောက် ပိုးသတ်ဆေးများ၏အရည်အသွေးစစ်ဆေးရန်အတွက် နမူနာရယူရန် သတ်မှတ်သည့်နည်းလမ်း အတိုင်းသတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်ကို စစ်ဆေးရေးမှူးအား အခမဲ့ရယူခွင့်ပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
တင်သွင်းပိုးသတ်ဆေးများ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ခြင်းတို့အပေါ် TBT စည်းမျဉ်းသတ်မှတ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ ခ) သည် ကုန်စည်အလိုက် သတ်မှတ်ထားသည့် သယ်ယူပို့ဆောင်မှုနှင့် သိုလှောင်မှုအခြေအနေများတွင်ရှိနေစေရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးတင်သွင်းသူအနေဖြင့် ပိုးသတ်ဆေးများကို မှတ်ပုံတင်အဖွဲ့ကထုတ်ပြန်သည့် လမ်းညွှန်ချက်အတိုင်း အန္တရာယ်ကင်းရှင်းစွာကိုင်တွယ်စေခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ထိန်းသိမ်းခြင်းပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးဖြန့်ဖြူးရောင်းချခြင်း
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ ဂ) သည် ကုန်စည်များ၏အချက်အလက်များထိန်းသိမ်းခြင်းကို ဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးတင်သွင်းသူသည် ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချရာတွင် လိုင်စင်ရရှိသူများကိုသာ ရောင်းချခြင်း၊ အရောင်းပြေစာထားရှိခြင်း၊ ပိုးသတ်ဆေးအမျိုးအစားအလိုက် အရောင်းမှတ်ပုံတင်ဖွင့်လှစ်၍ ရေးသွင်းခြင်းပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများတင်သွင်းခြင်းအတွက် သက်ဆိုင်ရာဌာနမှအတည်ပြုချက်ရယူရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများတင်သွင်းခြင်းအတွက် သက်ဆိုင်ရာဌာနမှအတည်ပြုချက်ရယူရန်လိုအပ်ချက် |
View
|
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန |
Import |
အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများတင်သွင်းသူများအတွက် သက်ဆိုင်ရာဌာနမှအတည်ပြုချက်ရယူရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၂၊ ပုဒ်မ ၇) သည် ကုန်စည်တင်သွင်းသူများသည် သက်ဆိုင်ရာဌာနမှ ကုန်စည်တင်သွင်းမှုအတွက် အတည်ပြုချက်ရယူရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကိုဖြစ်စေ၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကိုအသုံးပြုရန် ထုတ်လုပ်ထားသော ထုတ်ကုန်ကိုဖြစ်စေ ပြည်တွင်းသို့ တင်သွင်းခြင်းအပါအဝင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအသုံးပြု၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် မိမိလုပ်ငန်းကို မှတ်ပုံတင်ပေးရန် သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ပေးအပ်သော ဦးစီးဌာနသို့ လျှောက်ထားရမည်။ ရည်ရွယ်ချက်များမှာ ဆုတ်ယုတ်ပျောက်ကွယ်စ ဖြစ်နေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှပြန်လည်ဖော်ထုတ်ရန်၊ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ရန်တို့ဖြစ်ပါသည်။ |
View
|
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန |
Import |
အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများတင်သွင်းခြင်းအပေါ် ခွဲတမ်းသတ်မှတ်ခြင်း
|
ကျင့်သုံးဆောင်ရွက်မှုများအပြင် အလိုအလျောက်မဟုတ်သောလိုင်စင်စနစ်၊ ပမာဏကန့်သတ်မှုများ၊ တားမြစ်ချက်များနှင့် အရေအတွက်ထိန်းချုပ်စီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၂၊ ပုဒ်မ ၁၀) သည် အမြဲတမ်းကိုတာသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြထားပါသည်။ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မှတ်ပုံတင်လက်မှတ်ရရှိသူများအား အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းတစ်ရပ်ရပ်ကို ပြည်တွင်းသို့ တင်သွင်းခွင့်ထောက်ခံချက်ပေးရန်အတွက် ခွဲတမ်းသတ်မှတ်ပေးရမည်။ ရည်ရွယ်ချက်များမှာ ဆုတ်ယုတ်ပျောက်ကွယ်စ ဖြစ်နေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှပြန်လည်ဖော်ထုတ်ရန်၊ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ရန်တို့ဖြစ်ပါသည်။ |
View
|
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန |
Import |
အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအား လမ်းကြောင်းလိုက်မှတ်တမ်းထားရှိစေခြင်း
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၂၊ ပုဒ်မ ၁၁ နှင့် အခန်း ၅၊ ပုဒ်မ ၂၁) သည် ကုန်စည်များနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ဖော်ပြထားရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကို ဖြစ်စေ၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကိုအသုံးပြုရန် ထုတ်လုပ်ထားသော ထုတ်ကုန်ကိုဖြစ်စေ ပြည်တွင်းသို့ တင်သွင်းခြင်း ပြုလုပ်သူသည် မိမိ၏ လုပ်ငန်းနှင့် စပ်လျဉ်း၍ ပြည်တွင်းသို့အမှန်တကယ်တင်သွင်းမှု အခြေအနေကို ဝန်ကြီးဌာနသို့ နှစ်စဉ်တင်ပြရမည်။ ရည်ရွယ်ချက်များမှာ ဆုတ်ယုတ်ပျောက်ကွယ်စ ဖြစ်နေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှပြန်လည်ဖော်ထုတ်ရန်၊ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ရန်တို့ဖြစ်ပါသည်။ |
View
|
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန |
Import |