Tradenet 2.0 စနစ်ဖြင့် သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားခြင်း

ကဏ္ဍ Import
ပုံ
အကျဉ်းချုပ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိTradenet 2.0 စနစ်ဖြင့် သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားခြင်း
အကြောင်းအရာ

Tradenet 2.0 စနစ်ဖြင့် သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားခြင်း

အဆင့် (၁)

၁။      လျှောက်ထားသူသည် Trade Net 2.0 Member ဝင်ထားသူဖြစ်ရမည်။

၂။       ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ရရှိထားသူဖြစ်ရမည်။

၃။   ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ရရှိထားသူများမှာလည်း ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာများကို လုပ်ဆောင်နိုင်သည့်အခြေအနေတွင်ရှိရမည်ဖြစ်ပြီး၊ ကုမ္ပဏီအနေဖြင့် (Blacklist, Suspense and Cancel) ဖြစ်မနေရပါ။

၄။ အထက်ပါအချက်အလက်များပြည့်စုံ၍ Trade Net 2.0 Member ဝင်ရောက်ထားသူဖြစ်ပြီး၊ Account ရရှိထားသူများအနေဖြင့်https:// myanmartradenet. com အတွင်းသို့ဝင်ရောက်၍ Login Form တွင် Email Address and Password များရိုက်ထည့်၍ဝင်ရောက်ပြီး သွင်းကုန်လိုင်စင်/ ပါမစ်များစတင်လျှောက် ထားနိုင်ပြီဖြစ်ပါသည်။

၅။   သွင်းကုန်/ပါမစ်လိုင်စင်လျှောက်ထားသူများအနေဖြင့် မိမိလျှောက်ထားလိုသောကုန်ပစ္စည်းသည် သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ရန်လို/မလိုအားသိရှိထား ရမည်ဖြစ်ပြီး၊ Tradenet 2.0 တွင်ညွှန်ကြားထားသည့်အတိုင်း သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားရမည့် ကုန်စည်လိုင်းများအား https://www.commerce. gov.mm တွင် အသေးစိတ်ဖော်ပြထားသည့် HS လိုင်းများအလိုက် သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားရပါမည်။

၆။      သွင်းကုန်လိုင်စင်/ပါမစ် (ပင်လယ်ရေကြောင်း/နယ်စပ်)လျှောက်ထားသူများအနေဖြင့် စနစ်အတွင်းသို့ရောက်ရှိသည့်အခါတွင် -

(က)  မိမိကုမ္ပဏီနှင့်သက်ဆိုင်သည့် ပသကအချက်အလက်များအား စစ်ဆေးနိုင်ပါသည်။

(ခ)   ထို့နောက် သွင်းကုန်လိုင်စင်/ပါမစ် (ပင်လယ်ရေကြောင်း/နယ်စပ်) များအနက်မှ မိမိလျှောက်ထားလိုသည့်ခေါင်းစဉ် (ဥပမာ- သွင်းကုန် လိုင်စင်(သို့) ပါမစ်၊ ပင်လယ်ရေကြောင်း(သို့)နယ်စပ်) အတွင်းသို့ ဝင်ရောက်၍ Application Formကို ဖြည့်သွင်းရပါမည်။

(ဂ)   မိမိလျှောက်ထားသည့်ကုန်ပစ္စည်း၏ HS Code, Description, Price, Quantity, Value စသည့်လိုအပ်သည့်အချက်အလက်များအားဖြည့်သွင်းရပါ မည်။

(ဃ)  ဆက်လက်၍လိုအပ်သည့်စာရွက်စာတမ်း၊ အထောက်အထားများနှင့် ထောက်ခံချက်ချက်များအား Attach File အဖြစ်ဆက်လက်ထည့်သွင်းရမည် ဖြစ်ပါသည်။ (Eg: Invoice (or) Sale Contract, OGA Recommandation)

(င)   သွင်းကုန်လိုင်စင်/ပါမစ် Application Formတွင် အဆင့်ဆင့်ဖြည့်သွင်းပြီးပါက SummitButtom ကိုနှိပ်၍ MOC သို့ပေးပို့ရပါမည်။

အဆင့် (၂)

၁။      MOC မှ အဆိုပါလျှောက်လွှာအား လက်ခံရရှိပြီးသည်နှင့်တပြိုင်နက် -

(က)  လျှောက်ထားချက်ပါ အချက်အလက်များအား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်း၊

(ခ)   လျှောက်ထားချက်ပါ အချက်များမှာ Invoice (or) Sale Contract, OGARecommendations ပါ အချက်တို့နှင့် ကိုက်ညီမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေး ခြင်း၊ 

( ဂ)    လျှောက်ထားလာသည့်ကုန်ပစ္စည်းနှင့် HS Code ကိုက်ညီမှု ရှိ/မရှိ၊ လျှောက်ထားHS Code ၏ Unit Code မှာ မှန်ကန်မှု ရှိ/မရှိစိစစ်ခြင်း၊

(ဃ)    လျှောက်ထားပစ္စည်း၏ အရေအတွက်၊ စျေးနှုန်း၊ တန်ဖိုးများကိုက်ညီမှု ရှိ/မရှိ စိစစ်ခြင်းများဆောင်ရွက်ပါသည်။

၂။   သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားရာတွင် အချက်အလက်များပြည့်စုံမှုမရှိသော Online လျှောက်လွှာများ၊ ထောက်ခံချက်လိုအပ်သောပစ္စည်းများ အတွက် Attach အဖြစ်ပါဝင်လာခြင်းမရှိသော Online လျှောက်လွှာများအား Message Box မှတစ်ဆင့်လိုအပ်ချက်များအားရေးသား၍ လျှောက်ထားသူထံသို့ Pending အဖြစ်ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။

၃။ လျှောက်ထားသူမှ Message Box အတွင်းပေးပို့ထားသည့် ဆောင်ရွက်ရမည့်လိုအပ်သည့်အချက်အလက်များအားပြန်လည်ပြင်ဆင်ထည့်သွင်း၍ Application Form အား MOC သို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။

၄။  လျှောက်လွှာပါအချက်အလက်များနှင့် ပူးတွဲပါစာရွက်စာတမ်းများပြည့်စုံမှန်ကန်ပါက အဆင့် (၃) ကိုဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

အဆင့် (၃)

၁။      စိစစ်သုံးသပ်ချက်လုပ်ငန်းစဉ်များအောင်မြင်ပါကလျှောက်ထားလာသည့် Application အား MOC မှ Approve ပြုလုပ်ပေးမည်ဖြစ်ပါသည်။

၂။       မိမိလျှောက်ထားလာသည့် လိုင်စင်/ပါမစ်အား ထုတ်ယူနိုင်ရန်အတွက် MPU Payment Gateway တွင် လိုင်စင်/ပါမစ်ကြေးများအား MPU eCommerce ဖြင့် ငွေပေးသွင်းမှုကိုဆောင်ရွက်ရပါမည်။

၃။      ငွေပေးသွင်းမှုအား ဆောင်ရွက်ပြီးစီးပါက မိမိလျှောက်ထားသည့် လိုင်စင်အချောအား Print ထုတ်ယူနိုင်ပြီ ဖြစ်သကဲ့သို့ Payment Voucher ကိုလည်း Print ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

၄။      သွင်းကုန်လိုင်စင်များအတွက်ကျသင့်ငွေပေးသွင်းရာ၌ သွင်းကုန်ပစ္စည်း၏ ဆိပ်ကမ်းရောက် တန်ဖိုး(CIF) အရ အောက်ပါအတိုင်း သတ်မှတ်ထားပါသည် -

၅။      သွင်းကုန် လိုင်စင်/ပါမစ် ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပယ်ဖျက်ခြင်းများအတွက် Tradenet 2.0စနစ်အတွင်းမှပင် ဆောင်ရွက်နိုင်ပြီဖြစ်ပြီး၊ သွင်းကုန်လိုင်စင် သက်တမ်းတိုးခြင်းနှင့် ပြင်ဆင်ကြေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

အကြောင်းအရာ

သက်တမ်းမကုန်ဆုံး

မီနှင့်သက်တမ်းကုန်

ဆုံးပြီး(၇)ရက်အတွင်း

လျှောက်ထားခြင်း

သက်တမ်းကုန်ဆုံးပြီး

(၁)လအတွင်း

လျှောက်ထားခြင်း

သက်တမ်းကုန်ဆုံး

ပြီး(၁)လကျော်လွန်

ပြီးမှလျှောက်ထားခြင်း

(၁)သက်တမ်းတိုးမြှင့်ကြေး

မူလလိုင်စင်ကြေး

အတိုင်း

မူလလိုင်စင်ကြေး

အတိုင်း

မူလလိုင်စင်ကြေး

အတိုင်း

(၂) အပိုကြေး/ဒဏ်ကြေး - ၅၀၀၀ ၁၀၀၀၀

မှတ်ချက်။ မူလလိုင်စင်ကြေးကင်းလွတ်ခွင့်ပြုထားသည့် ကုန်ပစ္စည်းများအတွက် သက်တမ်းတိုးမြှင့် ပါက(ပ)အကြိမ်(၅၀၀၀)၊ (ဒု)အကြိမ်(၅၀၀၀)နှင့်ကျသင့်နှုန်း ထားများအတိုင်း‌ပေးဆောင်ရမည်ဖြစ်ပါသည်။

စဉ် အကြောင်းအရာ

သွင်းကုန်လိုင်စင်ပြင်ဆင်ခြင်း

(ပြင်ဆင်ချက်တစ်ချက်လျှင်)

သက်တမ်းကုန်ဆုံးသည့်ရက်

(၁)လအတွင်းလျှောက်ထားခြင်း

သက်တမ်းကုန်ဆုံးသည့်ရက်

မှ(၁)လကျော်ကာလအတွင်း

လျှောက်ထားခြင်း

၁။ ပြင်ဆင်ကြေး ၅၀၀၀

၅၀၀၀

၂။ ဒဏ်ကြေး ၅၀၀၀

၅၀၀၀

၆။      သွင်းကုန်လိုင်စင်/ပါမစ်များအတွက် မိတ္တူမှန်လျှောက်ထားခြင်းများကိုမူ နေပြည်တော်(သို့) ရန်ကုန်ရှိ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းဌာနသို့ လူကိုယ်တိုင်လာ ရောက်လျှောက်ထားရပါမည်။

၇။      လိုင်စင်ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြန်လည်အပ်နှံခြင်းများအတွက် ၀န်ဆောင်ခများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ Myanamar Tradenet 2.0 စနစ်အပါအဝင် Online စနစ်အားလုံးတွင် ပြောင်းလဲကောက်ခံသွားမည့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထားများ
စဉ် ​ခေါင်းစဉ် ကောက်ခံမှု
(ကျပ်)
(က) Tradenet 2.0 စနစ်အသုံးပြုမှု နှစ်စဉ်ကြေး ၁၅၀၀၀ ကျပ်
( ခ) Online ဝန်ဆောင်မှု ၃၀၀၀ ကျပ်
(ဂ)

ပို့ကုန် လိုင်စင်/ပါမစ် သက်တမ်းတိုးခြင်း/ ပြင်ဆင်ခြင်း


ဒဏ်ကြေး
သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁)လအတွင်း      -  ၅၀၀၀ ကျပ်
သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁)လနှင့်အထက်  -  ၁၀၀၀၀ ကျပ်
(ဃ)

သွင်းကုန် လိုင်စင်/ပါမစ် သက်တမ်းတိုးခြင်း/ ပြင်ဆင်ခြင်း/ပြန်လည်အပ်နှံခြင်း


ဒဏ်ကြေး

သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁)လအတွင်း       -   ၅၀၀၀ ကျပ်
သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁)လနှင့်အထက်   -  ၁၀၀၀၀ ကျပ်

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် သွင်းကုန်လိုင်စင်လျှောက်လွှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် သွင်းကုန်လိုင်စင်လျှောက်ထားလိုသူသည် ဤသွင်းကုန်လိုင်စင်လျှောက်လွှာကို အသုံးပြုရမည်။ Import ကုန်သွယ်ရေးဦးစီးဌာန