Tradenet 2.0 စနစ်ဖြင့် ပို့ကုန်လိုင်စင်/ပါမစ်လျှောက်ထားခြင်း

ကဏ္ဍ Export
ပုံ
အကျဉ်းချုပ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ ပို့ကုန်လိုင်စင်ရယူခြင်း။
အကြောင်းအရာ

Tradenet 2.0 စနစ်ဖြင့် ပို့ကုန်လိုင်စင်/ပါမစ်လျှောက်ထားခြင်း

အဆင့် (၁)

၁။ လျှောက်ထားသူသည် Trade Net 2.0 Member ဝင်ထားသူဖြစ်ရမည်။

၂။ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ရရှိထားသူဖြစ်ရမည်။

၃။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ရရှိထားသူများမှာလည်း ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာများကိုလုပ်ဆောင်နိုင်သည့်အခြေအနေတွင်ရှိရမည်ဖြစ်ပြီး၊ ကုမ္ပဏီ အနေဖြင့် (Blacklist, Suspense and Cancel) ဖြစ်မနေရပါ။

၄။ အထက်ပါအချက်အလက်များပြည့်စုံ၍Trade Net 2.0 Memberဝင်ရောက်ထားသူဖြစ်ပြီး၊ Account ရရှိထားသူများအနေဖြင့်https://myanmartradenet. com အတွင်းသို့ဝင်ရောက်၍ Login Form တွင် Email Address and Password များရိုက်ထည့်၍ဝင်ရောက်ပြီး ပို့ကုန် လိုင်စင်/ပါမစ်များစတင်လျှောက်ထား နိုင်ပြီဖြစ်ပါသည်။

၅။ ပို့ကုန်/ပါမစ်လိုင်စင်လျှောက်ထားသူများအနေဖြင့် မိမိလျှောက်ထားလိုသောကုန်ပစ္စည်းသည် ပို့ကုန်လိုင်စင်/ပါမစ်လျှောက်ရန် လို/မလိုအားသိရှိထားရမည် ဖြစ်ပြီး၊ Tradenet 2.0 တွင် ညွှန်ကြားထားသည့်အတိုင်း ပို့ကုန်လိုင်စင်/ပါမစ်လျှောက်ထားရမည့် ကုန်စည်လိုင်းများအား https://www.commerce.gov. mm တွင်အသေးစိတ်ဖော်ပြထားသည့် HS လိုင်းများအလိုက် ပို့ကုန်လိုင်စင်/ပါမစ် လျှောက်ထားရပါမည်။

၆။ ပို့ကုန်လိုင်စင်/ပါမစ် (ပင်လယ်ရေကြောင်း/နယ်စပ်) လျှောက်ထားသူများအနေဖြင့် စနစ်အတွင်းသို့ရောက်ရှိသည့်အခါတွင် -

(က) မိမိ ကုမ္ပဏီနှင့် သက်ဆိုင်သည့် ပသကအချက်အလက်များအား စစ်ဆေးနိုင်ပါသည်။

( ခ) ထို့နောက် ပို့ကုန်လိုင်စင်/ပါမစ် ( ပင်လယ်ရေကြောင်း/နယ်စပ် ) များအနက်မှ မိမိလျှောက်ထားလိုသည့်ခေါင်းစဉ် (ဥပမာ - ပို့ကုန်လိုင်စင် (သို့) ပါမစ်၊ ပင်လယ်ရေကြောင်း (သို့) နယ်စပ်) အတွင်းသို့ဝင်ရောက်၍ Application Formကို ဖြည့်သွင်းရပါမည်။

( ဂ) မိမိလျှောက်ထားသည့်ကုန်ပစ္စည်း၏ HS Code, Description, Price, Quantity,Value စသည့်လိုအပ်သည့်အချက်အလက်များအားဖြည့်သွင်းရပါမည်။

(ဃ) ဆက်လက်၍လိုအပ်သည့်စာရွက်စာတမ်း၊ အထောက်အထားများနှင့်ထောက်ခံချက်ချက်များအား Attach File အဖြစ်ဆက်လက်ထည့်သွင်းရမည်ဖြစ် ပါသည်။ (Eg: Invoice (or) Sale Contract, OGA Recommandation)

( င ) CMP (အထည်ချုပ်) လိုင်စင်လျှောက်ထားမှုများအတွက် အထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA စနစ်မှ Online စနစ်သို့ရောက်ရှိလာ သည့်အချက်အလက်များအတွက် Application Form ကြေးပေးသွင်းမှုလုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

( စ ) ပို့ကုန်လိုင်စင်/ပါမစ် Application Form တွင် အဆင့်ဆင့်ဖြည့်သွင်းပြီးပါက SummitButtom ကိုနှိပ်၍ MOC သို့ပေးပို့ရပါမည်။

အဆင့် (၂)

၁။ MOC မှ အဆိုပါလျှောက်လွှာအား လက်ခံရရှိပြီးသည်နှင့်တပြိုင်နက် -

(က) လျှောက်ထားချက်ပါ အချက်အလက်များအား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်း၊

( ခ) လျှောက်ထားချက်ပါ အချက်များမှာ Invoice (or) Sale Contract, OGARecommendations တို့နှင့်ကိုက်ညီမှု ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးခြင်း၊

( ဂ) လျှောက်ထားလာသည့် ကုန်ပစ္စည်းနှင့် HS Code ကိုက်ညီမှု ရှိ/မရှိ၊ လျှောက်ထား HS Code ၏ Unit Code မှာ မှန်ကန်မှု ရှိ/မရှိစိစစ်ခြင်း၊

(ဃ) လျှောက်ထားပစ္စည်း၏ အရေအတွက်၊ စျေးနှုန်း၊ တန်ဖိုးများကိုက်ညီမှု ရှိ/မရှိ စိစစ် ခြင်းများဆောင်ရွက်ပါသည်။

၂။ အချက်အလက်များပြည့်စုံမှုမရှိသော Online လျှောက်လွှာများ၊ ထောက်ခံချက်လိုအပ်သော ပစ္စည်းများအတွက် Attach အဖြစ် ပါဝင်လာခြင်းမရှိသော Online လျှောက်လွှာများအား Message Box မှတစ်ဆင့် လိုအပ်ချက်များအားရေးသား၍ လျှောက်ထားသူထံသို့ Pending အဖြစ် ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။

၃။ လျှောက်ထားသူမှ Message Box အတွင်းပေးပို့ထားသည့် ဆောင်ရွက်ရမည့်လိုအပ်သည့်အချက်အလက်များအား ပြန်လည်ပြင်ဆင်ထည့်သွင်း၍ Application Form အား MOC သို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။

၄။ လျှောက်လွှာပါအချက်အလက်များနှင့် ပူးတွဲပါစာရွက်စာတမ်းများ ပြည့်စုံမှန်ကန်ပါက အဆင့် (၃) ကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

အဆင့် (၃)

၁။ စိစစ်သုံးသပ်ချက် လုပ်ငန်းစဉ်များအောင်မြင်ပါက လျှောက်ထားလာသည့် Application အား MOC မှ Approve ပြုလုပ်ပေးမည်ဖြစ်ပါသည်။

၂။ MOC မှ Approve ပြုလုပ်ပေးပြီးပါက မိမိလျှောက်ထားလာသည့် ပို့ကုန်လိုင်စင်/ပါမစ်အား ထုတ်ယူနိုင်ရန်အတွက် လိုင်စင်အချောအား Print ထုတ်ယူနိုင် ပြီဖြစ်သကဲ့သို့ Payment Voucher ကိုလည်း Print ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

၃။ ပို့ကုန်အားလုံးအပေါ်တွင် ပို့ကုန်လိုင်စင်ကြေးကောက်ခံခြင်းမရှိပါ။

၄။ ပို့ကုန်လိုင်စင်/ပါမစ်ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပယ်ဖျက်ခြင်းများအတွက် Tradenet2.0 စနစ်အတွင်းမှပင်လျှောက်ထားဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

၅။ ပို့ကုန် လိုင်စင်/ပါမစ်များအတွက် မိတ္တူမှန် လျှောက်ထားခြင်းများကိုမူ နေပြည်တော် (သို့) ရန်ကုန်ရှိ ပို့ကုန်၊သွင်းကုန်လုပ်ငန်းဌာနခွဲသို့ လူကိုယ်တိုင်လာ ရောက်လျှောက်ထားရပါမည်။

၆။ လိုင်စင် ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြန်လည်အပ်နှံခြင်းများအတွက် ၀န်ဆောင်ခများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ Myanamar Tradenet 2.0 စနစ်အပါအဝင် Online စနစ်အားလုံးတွင် ပြောင်းလဲကောက်ခံသွားမည့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထားများ

စဉ်

​ခေါင်းစဉ်

​ကောက်ခံမှု
(ကျပ်)

(က)

Tradenet 2.0 စနစ်အသုံးပြုမှု နှစ်စဉ်ကြေး

၁၅၀၀၀ ကျပ်

( ခ)

Online ဝန်ဆောင်မှု

၃၀၀၀ ကျပ်

( ဂ)

ပို့ကုန်လိုင်စင်/ပါမစ် သက်တမ်းတိုးခြင်း/ ပြင် ဆင်ခြင်း

သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁)လအတွင်း      -  ၅၀၀၀ ကျပ်

ဒဏ်ကြေး

သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁)လနှင့်အထက်  -  ၁၀၀၀၀ ကျပ်

(ဃ)

သွင်းကုန်လိုင်စင်/ပါမစ် သက်တမ်းတိုးခြင်း/ ပြင်ဆင်ခြင်း/ပြန်လည်အပ်နှံခြင်း

သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁)လအတွင်း       -   ၅၀၀၀ ကျပ်

ဒဏ်ကြေး

သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ (၁)လနှင့်အထက်   -   ၁၀၀၀၀ ကျပ်

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ပို့ကုန်လိုင်စင်လျှောက်ထားခြင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်လိုင်စင်လျှောက်ထားလိုသူသည် ဤပို့ကုန်လိုင်စင်လျှောက်လွှာကို အသုံးပြုရမည်။ Export ကုန်သွယ်ရေးဦးစီးဌာန