2910100000 - Oxirane (ethylene oxide)

Chapter
29 Chapter 29 : Organic chemicals
Heading
2910 Epoxides, epoxyalcohols, epoxyphenols and epoxyethers, with a three-membered ring, and their halogenated, sulphonated, nitrated or nitrosated derivatives.
Subheading
291010 - Oxirane (ethylene oxide)
AHTN Code
29101000 - Oxirane (ethylene oxide)
Local Code
2910100000 - Oxirane (ethylene oxide)

Import Tariffs, Measures, Procedures and Forms

Tariffs
Country Group Activity Tariff Rate Valid From Valid To Valid From Description Valid From To
ATIGA Tariff 2017 Import 0 2017-10-01 2020-01-01
MCT Import 3 2017-10-01 2022-10-01

စည်းမျည်းများ
Tips for measures.
Name Type Description Legal Documents Agency Export/Import
TBT အကြောင်းပြချက်ဖြင့် ဓာတုပစ္စည်းများတင်သွင်းခြင်းကို တားမြစ်ခြင်း ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၆) သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်များ တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ) အရ ကန့်သတ်ထားသည့် ဓာတုပစ္စည်းများအပေါ် အကန့်အသတ်ဖြင့် တင်သွင်းခြင်းပြုထားပါသည်။ ဤအမိန့်ကြော်ငြာစာတွင်ပါရှိသည့် ဓာတုပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းခွင့်ပြုထားပါသည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။ View စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန Import
သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်ခြင်း ကျင့်သုံးဆောင်ရွက်မှုများအပြင် အလိုအလျောက်မဟုတ်သောလိုင်စင်စနစ်၊ ပမာဏကန့်သတ်မှုများ၊ တားမြစ်ချက်များနှင့် အရေအတွက်ထိန်းချုပ်စီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၉) သည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ဤကုန်စည်ကိုတင်သွင်းလိုသည့် မည်သူမဆို သွင်းကုန်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လျှောက်ထားရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာသဘောတူညီချက်များနှင့်လိုက်လျောညီထွေဖြစ်သည့်ကုန်သွယ်မှုဖြစ်စေရန် ဖြစ်ပါသည်။ View ကုန်သွယ်ရေးဦးစီးဌာန Import
ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်မှုနှင့် သိုလှောင်မှုအပေါ် TBT ဆိုင်ရာစည်းမျဉ်းများသတ်မှတ်ခြင်း ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အခန်း ၅၊ အပိုဒ် ၂၄၊ ၂၅၊ ၂၆ နှင့် အခန်း ၇)သည် သယ်ယူပို့ဆောင်မှုနှင့် သိုလှောင်မှုများအတွက် သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ထိန်းချုပ်ဓာတုပစ္စည်းကို သယ်ယူ သို့မဟုတ် သိုလှောင်လိုသူသည် သက်ဆိုင်ရာ ခွင်ပြုချက်ကိုရယူရန် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီ သို့မဟုတ် ပြည်နယ်၊ တိုင်း မူယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့တွင် လျှောက်ထားနိုင်သည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Import
ထိန်းချုပ်ဓာတုပစ္စည်းများအတွက် ဓာတ်ခွဲစစ်ဆေးရန်လိုအပ်ချက် ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၂၁၊ က၊ ၃) သည် ဓာတုပစ္စည်းများဓာတ်ခွဲစစ်ဆေးရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ ထိန်းချုပ်ဓာတုပစ္စည်းများတင်သွင်းလာသူသည် သက်ဆိုင်ရာဌာနမှ ဓာတ်ခွဲစစ်ဆေးချက်ရလဒ်များကို ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Import
ထိန်းချုပ်ဓာတုပစ္စည်းများ၏ပင်ရင်းနိုင်ငံဖော်ပြချက် ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၂၁၊က၊၈) သည် တင်သွင်းကုန်စည်၏ ပင်ရင်းနိုင်ငံဖော်ပြရန် လိုအပ်ချက်ကို ဖော်ပြထားပါသည်။ ပြည်ပမှ ထိန်းချုပ်ဓာတုပစ္စည်းကို တင်သွင်းလာသူသည် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကိုတင်ပြရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Import
ထိန်းချုပ်ဓာတုပစ္စည်းများတင်ပို့ခြင်းအတွက် သက်ဆိုင်ရာဌာန၏အတည်ပြုချက်ရယူရန် လိုအပ်ချက် ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၁၇ နှင့် ၁၉(က)) သည် ကုန်စည်အလိုက် တင်သွင်းမှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန် ဖော်ပြထားပါသည်။ ထိန်းချုပ်ဓာတု ပစ္စည်းများတင်သွင်းလိုသူသည် ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးကော်မတီတွင် ထောက်ခံချက်ရယူရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Import
ထိန်းချုပ်ဓာတုပစ္စည်းများအတွက် ထုပ်ပိုးမှုလိုအပ်ချက် ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၂၀၊ က၊ ၁) သည် ကုန်စည်ထုပ်ပိုးမှုလိုအပ်ကြောင်း ဖော်ပြထားပါသည်။ ထိန်းချုပ်ဓာတုပစ္စည်းတင်သွင်းခွင့်ရရှိသူသည် ထိန်းချုပ်ဓာတုပစ္စည်းများကို လုံခြုံစွာထုပ်ပိုးပြီး တံဆိပ်အမှတ်အသားကို ကပ်ထားရပါမည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည် View ပြည်ထဲရေးဝန်ကြီးဌာန Import
ထိန်းချုပ်ဓာတုပစ္စည်းများအတွက် စုံစမ်းစစ်ဆေးမှုလိုအပ်ချက် ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၂၀၊ က၊၃)သည် တင်သွင်းကုန်စည်အပေါ် စုံစမ်းစစ်ဆေးရန် လိုအပ်ချက်ကို ဖော်ပြထားပါသည်။ ထိန်းချုပ်ဓာတုပစ္စည်းများတင်သွင်းခွင့်ရရှိထားသူသည် ထိန်းချုပ်ဓာတုပစ္စည်းများအတွက် ထောက်ခံချက်တစ်ခုချင်းစီ၏မိတ္ထူနှင့် ခွင့်ပြုချက်တစ်စောင်ချင်းစီကို ပြည်တွင်းပြည်ပမှ အခွင့်အာဏာရှိသူ သို့မဟုတ် တာဝန်ရှိသူ၏ စစ်ဆေးမှုကို ခံယူရမည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Import
ထိန်းချုပ်ဓာတုပစ္စည်းများကို သင်္ဘောမတင်မီကြိုတင်စစ်ဆေးခြင်း သင်္ဘောမတင်မီကြိုတင်စစ်ဆေးခြင်းနှင့် အခြားသောဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၂၁၊ က၊ ၁ နှင့် အပိုဒ် ၂၂၊ က၊ ၆) သည် သင်္ဘောမတင်မီကြို တင်စစ်ဆေးမှုခံယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ ထိန်းချုပ်ဓာတုပစ္စည်းတင်သွင်းသူသည် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီ၏ ထောက်ခံချက်နှင့် ယင်းကော်မတီသို့တင်ပြသည့် သင်္ဘောမတင်မီကြိုတင်စစ်ဆေးချက်လက်မှတ် (Pre-Shipment Inspection Certificate) နှင့် အရောင်းအဝယ် ပဋိညာဉ်/ သဘောတူညီချက်များကို တင်ပြရမည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Import
ထိန်းချုပ်ဓာတုပစ္စည်းများအပေါ် လမ်းကြောင်းလိုက်စစ်ဆေးခြင်းဆိုင်ရာဆောင်ရွက်ခြင်း ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၉) သည် သွင်းကုန်ပစ္စည်းများအပေါ် လမ်းကြောင်းလိုက်စစ်ဆေးခြင်းကို ဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ သွင်းကုန်ခွင့်ပြုချက်ရရှိထားပြီးသူသည် ကုန်အမှာစာ၊ ကုန်တင်စာရင်း၊ ကုန်ပို့လွှာ၊ သင်္ဘောကုန်တင်စာရွက်စာတမ်းများနှင့် အခြားလိုအပ်သော စာရွက်စာတမ်းအထောက်အထား မိတ္ထူများကို ပူးတဲ၍ ပြည်ပမှတင်သွင်းခြင်းမပြုမီ ကြိုတင်၍ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေး ကော်မတီသို့ ဆောလျင်စွာတင်ပြရမည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Import
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက် ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အခန်း ၁၄၊ ပုဒ်မ ၄၅) သည် ကုန်စည်မတင်သွင်းမီ သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းခြင်းပြုလုပ်လိုပါက ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်ကို ရယူ၍ သက်ဆိုင်ရာသို့လျှောက်ထားရမည်။ ရည်ရွယ်ချက်များမှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်း နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ View စက်မှုဝန်ကြီးဌာန Import
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းမှုအတွက် လိုင်စင်လျှောက်ထားခြင်း ကျင့်သုံးဆောင်ရွက်မှုများအပြင် အလိုအလျောက်မဟုတ်သောလိုင်စင်စနစ်၊ ပမာဏကန့်သတ်မှုများ၊ တားမြစ်ချက်များနှင့် အရေအတွက်ထိန်းချုပ်စီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၁၄၊ ပုဒ်မ ၄၅) သည် ကုန်စည်မတင်သွင်းမီ သက်ဆိုင်ရာဌာနမှ လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းခြင်းပြုလုပ်လိုပါက ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်ကို ရယူ၍ သက်ဆိုင်ရာသို့လျှောက်ထားရမည်။ ရည်ရွယ်ချက်များမှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်း နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ View စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန Import
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအပေါ် စုံစမ်းစစ်ဆေးရန်လိုအပ်ချက် ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အခန်း ၅၊ ပုဒ်မ ၂၄၊ ထ) သည် တင်သွင်းနိုင်ငံအနေဖြင့် ကုန်စည်အပေါ် စုံစမ်းစစ်ဆေးမှုဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ လိုင်စင်ရရှိသူအနေဖြင့် စစ်ဆေးရေးအဖွဲ့များကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းနှင့် သက်ဆိုင်သော မည်သည့်နေရာမဆို ဝင်ရောက်စစ်ဆေးခွင့်ပြုရမည့်အပြင် လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးရပါမည်။ ရည်ရွယ်ချက်များမှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်း နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ View စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန Import
TBT ဆိုင်ရာဆောင်ရွက်မှုအတွက် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်မှုဆိုင်ရာစည်းမျဉ်းများ ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အခန်း ၁၃ နှင့် ၁၄) သည် ကုန်စည်အလိုက် သတ်မှတ်နည်းလမ်းအတိုင်း သယ်ယူပို့ဆောင်ရန်နှင့် သိုလှောင်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများသယ်ယူပို့ဆောင်သည့်၊ သိုလှောင်သည့် အဖွဲ့အစည်းနှင့် လိုင်စင်ရရှိသူများသည် အန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်ထားသော စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။ ရည်ရွယ်ချက်များမှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်း နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ View စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန Import

လုပ်ထုံးလုပ်နည်းများ
Name Description Category
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့်အစီအစဉ်များ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့်အစီအစဉ်များအား စက်မှုဝန်ကြီးဌာန၏ စက်မှုပူးပေါင်း‌ဆောင်ရွက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။ Import
ို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း ို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်ရေးဌာန၊ မူဝါဒဌာနခွဲတွင် လျှောက်ထားနိုင်ပါသည်။ Import/Export
Tradenet 2.0 စနစ်ဖြင့် သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားခြင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိTradenet 2.0 စနစ်ဖြင့် သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားခြင်း Import

ပုံစံများ
Name Description Issued By
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် သွင်းကုန်လိုင်စင်လျှောက်လွှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် သွင်းကုန်လိုင်စင်လျှောက်လွှာ ကုန်သွယ်ရေးဦးစီးဌာန

Export Tariffs, Measures, Procedures and Forms

Tariffs
Country Group Activity Tariff Rate Valid From Valid To Valid From Description Valid From To

စည်းမျည်းများ
Tips for measures.
Name Type Description Legal Documents Agency Export/Import
ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ခြင်း ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၈) သည် ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ဤကုန်စည်ကိုတင်ပို့လိုသည့် မည်သူမဆို ပို့ကုန်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လျှောက်ထားရမည်ဖြစ်ပါသည်။ ဤစီမံ ဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာသဘောတူညီချက်များနှင့်လိုက်လျောညီထွေဖြစ် သည့်ကုန်သွယ်မှုဖြစ်စေရန်၊ ပြည်တွင်းထုတ်လုပ်မှုများအဆင်ပြေချောမွေ့စေရန်နှင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ကာကွယ်ရန်ဖြစ်ပါသည်။ View ကုန်သွယ်ရေးဦးစီးဌာန Export
နည်းပညာဆိုင်ရာအကြောင်းဖြင့် ထိန်းချုပ်ဓာတုပစ္စည်းများတင်ပို့ရန် သက်ဆိုင်ရာဌာန၏အတည်ပြုချက် သို့မဟုတ် ခွင့်ပြုချက်ရယူရန် ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၁၆၊ ၁၇၊ ၁၉ (က)) သည် ထိန်းချုပ်ဓာတုပစ္စည်းများတင်ပို့မှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန် ဖော်ပြထားပါသည်။ ဤကုန်စည်ကို တင်ပို့လို သူတိုင်းသည် ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးကော်မတီတွင် ထောက်ခံချက်ရယူရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Export
ထိန်းချုပ်ဓာတုပစ္စည်းများအပေါ် စုံစမ်းစစ်ဆေးမှုလိုအပ်ချက် ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၂၀၊ က၊၃ နှင့် အပိုဒ် ၂၂၊ က၊ ၆) သည် ကုန်စည်မတင်ပို့မီ စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ထိန်းချုပ်ဓာတုပစ္စည်းများ တင်ပို့ခွင့်ရရှိထားပြီးသူသည် ပြည်တွင်းနှင့် ပြည်ပရှိ စုံစမ်းစစ်ဆေးရန်တာဝန်ရှိသူများ၏စစ်ဆေးမှုကို ခံယူရမည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Export
ထိန်းချုပ်ဓာတုပစ္စည်းများအတွက် တင်ပို့နိုင်ငံ၏အသိအမှတ်ပြုလက်မှတ်တင်ပြရန်လိုအပ်ချက် ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၂၂၊ က၊ ၃) သည် တင်ပို့မည့်ကုန်စည်များအတွက် အသိအမှတ်ပြုလက်မှတ်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပသို့ ထိန်းချုပ်ဓာတုပစ္စည်းများ တင်ပို့မည့်သူသည် နိုင်ငံတကာမှအတည်ပြထားသော သင်္ဘောမတင်မီကြိုတင်စစ်ဆေးချက်လက်မှတ်ကို အကောက်ခွန်ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Export
ထိန်းချုပ်ဓာတုပစ္စည်းများအတွက် အမှတ်တံဆိပ်ကပ်နှိပ်ခြင်း သို့မဟုတ် ထုပ်ပိုးမှုလိုအပ်ချက် ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၂၀၊က၊၁) သည် ကုန်စည်တင်ပို့မှုမပြုမီ ကုန်စည်များတွင် အမှတ်တံဆိပ်ကပ်နှိပ်ခြင်း သို့မဟုတ် ထုပ်ပိုးခြင်းပြုလုပ်ရန် ဖော်ပြထားပါသည်။ ထိန်းချုပ်ဓာတုပစ္စည်းတင်ပို့ခွင့်ရရှိသူသည် ထိန်းချုပ်ဓာတုပစ္စည်းများကို လုံခြုံစွာထုပ်ပိုးပြီး တံဆိပ်အမှတ်အသားကို ကပ်ထားရပါမည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Export
နည်းပညာဆိုင်ရာအကြောင်းဖြင့် ထိန်းချုပ်ဓာတုပစ္စည်းများတင်ပို့ရန် သက်ဆိုင်ရာဌာန၏အတည်ပြုချက် သို့မဟုတ် ခွင့်ပြုချက်ရယူရန် ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၁၉ (ခ) နှင့် (စ)) သည် ကုန်စည်တင်ပို့ရန်အတွက် ထောက်ခံချက်ရယူရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပို့ကုန်ခွင့်ပြုချက်ရရှိထားပြီးသူသည် ကုန်အမှာစာ၊ ကုန်တင်စာရင်း၊ ကုန်ပို့လွှာ၊ သင်္ဘောကုန်တင်စာရွက်စာတမ်းများနှင့် အခြားလိုအပ်သော စာရွက်စာတမ်းအထောက်အထား မိတ္ထူများကို ပူးတဲ၍ ပြည်ပသို့တင်ပို့ခြင်းမပြုမီ ကြိုတင်၍ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေး ကော်မတီသို့ ဆောလျင်စွာတင်ပြရမည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Export
ထိန်းချုပ်ဓာတုပစ္စည်များအတွက် အကြိုတင်ပို့မှုဆိုင်ရာလိုအပ်ချက် ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၁၉ (ဂ) နှင့် (စ)) သည် ကုန်စည်များအတွက် အကြိုတင်ပို့မှု ဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပို့ကုန်ခွင့်ပြုချက်ရရှိထားပြီးသူသည် ကုန်အမှာစာ၊ ကုန်တင်စာရင်း၊ ကုန်ပို့လွှာ၊ သင်္ဘောကုန်တင်စာရွက်စာတမ်းများနှင့် အခြားလိုအပ်သော စာရွက်စာတမ်းအထောက်အထား မိတ္ထူများကို ပူးတဲ၍ ပြည်ပသို့တင်ပို့ခြင်းမပြုမီ ကြိုတင်၍ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေး ကော်မတီသို့ ဆောလျင်စွာတင်ပြရမည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ View ပြည်ထဲရေးဝန်ကြီးဌာန Export
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများတင်ပို့မှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက် ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၁၄၊ ပုဒ်မ ၄၅) သည် တင်ပို့နိုင်ငံအနေဖြင့် ကုန်စည်တင်ပို့မှုအတွက် အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ခြင်းပြုလုပ်လိုပါက ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်ကို ရယူ၍ သက်ဆိုင်ရာသို့လျှောက်ထားရမည်။ ရည်ရွယ်ချက်များမှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်း နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ View စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန Export
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းမှုအတွက် လိုင်စင်လျှောက်ထားခြင်း ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၁၄၊ ပုဒ်မ ၄၅) သည် တင်ပို့နိုင်ငံအနေဖြင့် ကုန်စည်မတင်ပို့မီ လိုင်စင်လျှောက်ထားရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ခြင်းပြုလုပ်လိုပါက ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်ကို ရယူ၍ သက်ဆိုင်ရာသို့လျှောက်ထားရမည်။ ရည်ရွယ်ချက်များမှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်း နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ View စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန Export
ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများတင်ပို့မှုအပေါ် စုံစမ်းစစ်ဆေးရန်လိုအပ်ချက် ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ ဤစီမံဆောင်ရွက်မှု (အခန်း ၅၊ ပုဒ်မ ၂၄၊ ထ) သည် တင်ပို့နိုင်ငံအနေဖြင့် ကုန်စည်အပေါ် စုံစမ်းစစ်ဆေးမှုဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ လိုင်စင်ရရှိသူအနေဖြင့် စစ်ဆေးရေးအဖွဲ့များကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းနှင့် သက်ဆိုင်သော မည်သည့်နေရာမဆို ဝင်ရောက်စစ်ဆေးခွင့်ပြုရမည့်အပြင် လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးရပါမည်။ ရည်ရွယ်ချက်များမှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်း နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ View စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန Export
ပိုးသတ်ဆေးတင်သွင်းခြင်းကိုကန့်သတ်ခြင်း ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၃) သည် ပိုးသတ်ဆေးများတင်သွင်းမှုကို တားမြစ်ထားပါသည်။ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၃ တွင် ဖော်ပြထားသည့် ပိုးသတ်ဆေးစာရင်းပါ ပိုးသတ်ဆေးများသည် လူနှင့် လူ့ပတ်ဝန်းကျင် အား အဆိပ်အတောက်ဖြစ်စေနိုင်မှု မြင့်မားပြီး အန္တရာယ်ကြီးမားပါသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း သုံးစွဲရန် ပိတ်ပင်တားမြစ်ထားသည်။ ဤပိုးသတ်ဆေးများကို မြန်မာနိုင်ငံအတွင်း မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်းပုဂ္ဂိုက်ကမျှ မည်သည့်အကြောင်းကြောင့်မျှ တင်သွင်း၊ ဖော်စပ်၊ ထုတ်လုပ်၊ ရောင်းချ၊ သုံးစွဲခြင်းမရှိစေရ။ ရည်ရွယ်ချက်မှာ လူသားတို့၏ ဘဝနှင့် ပတ်ဝန်းကျင်ကို ကာကွယ်ရန်ဖြစ်ပါသည်။ View စိုက်ပျိုးရေးဦးစီးဌာန Export

လုပ်ထုံးလုပ်နည်းများ
Name Description Category
Tradenet 2.0 စနစ်ဖြင့် ပို့ကုန်လိုင်စင်/ပါမစ်လျှောက်ထားခြင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ ပို့ကုန်လိုင်စင်ရယူခြင်း။ Export
ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားခြင်းအဆင့်ဆင့် (ပသက) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်မှုမူဝါဒဌာနခွဲမှ ပို့ကုန်/သွင်းကုန် မှတ်ပုံတင်ခြင်းကိုရယူခြင်း။ Import/Export
ထိန်းချုပ်ဓါတုပစ္စည်းများအတွက် ပို့ကုန်ထောက်ခံချက်ရယူခြင်း ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီမှ ပို့ကုန်ဆိုင်ရာထောက်ခံချက်ရရှိရန်လျှောက်ထားခြင်း Export

ပုံစံများ
Name Description Issued By
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ပို့ကုန်လိုင်စင်လျှောက်ထားခြင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ပို့ကုန်လိုင်စင်လျှောက်ထားခြင်း ကုန်သွယ်ရေးဦးစီးဌာန
ထိန်းချုပ်ဓာတုပစ္စည်းကို ပြည်ပသို့ တင်ပို့ခွင့်ပြုရန် ထောက်ခံချက်လျှောက်ထားခြင်း (ပုံစံ ၇) ထိန်းချုပ်ဓာတုပစ္စည်းကို ပြည်ပသို့ တင်ပို့ခွင့်ပြုရန် ထောက်ခံချက်လျှောက်ထားခြင်း (ပုံစံ ၇) ပြည်ထဲရေးဝန်ကြီးဌာန