ထိန်းချုပ်ဓါတုပစ္စည်းများအတွက် ပို့ကုန်ထောက်ခံချက်ရယူခြင်း

ကဏ္ဍ Export
ပုံ ထိန်းချုပ်ဓါတုပစ္စည်းများအတွက် ပို့ကုန်ထောက်ခံချက်ရယူခြင်း
အကျဉ်းချုပ် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီမှ ပို့ကုန်ဆိုင်ရာထောက်ခံချက်ရရှိရန်လျှောက်ထားခြင်း
အကြောင်းအရာ

အဆင့် (၁)

ထိန်းချုပ်ဓာတုပစ္စည်းများ တင်ပို့လိုသူအနေဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အောက်ရှိ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီထံမှ ပို့ကုန်ဆိုင်ရာထောက်ခံချက်ရရှိရန် လိုအပ်ပါသည်။ လျှောက်ထားသူသည် ပုံစံ (၇) နှင့်တကွ ဖော်ပြပါစာရွက် စာတမ်းများအားတင်ပြရပါမည်-

(၁)     လျှောက်ထားသူ၏ကုမ္ပဏီသို့မဟုတ်အဖွဲ့အစည်း

(၂)      လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ် (သို့မဟုတ်) ပတ်စ်ပို့မိတ္တူ

(၃)     တင်ပို့မည့်ထိန်းချုပ်ဓာတုပစ္စည်း တံဆိပ်အမှတ်အသား၊ အရေအတွက်၊ အလေးချိန်ပမာဏ၊ အမျိုးအမည်

(၄)     ကုန်ပစ္စည်းထုပ်ပိုးပုံ၊ အထုပ်အရေအတွက်

(၅)   တင်ပို့မည့်နေ့ရက်၊  ဆိုက်ရောက်မည့်နေ့ရက်၊ အကောက်ခွန်ဆိပ်ကမ်း၊ အကောက်ခွန်လေဆိပ်၊ နယ်စပ်ကုန်သွယ်ရေးစခန်း၊ ခရီးစဉ်အဆုံးကုန်ပစ္စည်း ရောက်ရှိမည့်နေရာ

(၆)     ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ယူပို့ဆောင်မည့် သင်္ဘော၊ လေယာဉ်၊ ရထား၊ မော်တော်ယာဉ်

(၇)     တဆင့်တင်ပို့မည့် တစ်ထောက်ရပ်နားမည့် ပြည်ပနိုင်ငံအမည်၊ နေ့ရက်၊ ဆိပ်ကမ်း၊ လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း  

(၈)     ငွေပေးချေမှုစနစ်

(၉)     တင်ပို့မည့်အကြိမ်

အဆင့် (၂)

ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီ (SCCPC) အနေဖြင့် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးနည်းဥပဒေနှင့်အညီ လျှောက်လွှာများအား စိစစ်ဆောင် ရွက်သွားမည်ဖြစ်သည်။ ပြည့်စုံမှန်ကန်မှုမရှိသော စာရွက်စာတမ်းများအား (SCCPC) က တင်သွင်းသူထံ အမှန်ပြန်လည်တင်ပြရန် အကြောင်းကြားစာပေးပို့မည် ဖြစ်သည်။

အဆင့် (၃)

အထောက်အထားစာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှုရှိပါက (SCCPC)မှ စာရွက်စာတမ်းများအား သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့များသို့ ကွင်းဆင်းစစ်ဆေးစေပြီးတင်ပြလာသော စစ်ဆေးမှုရလာဒ်များပေါ်မူတည်၍ ထောက်ခံချက်ထုတ်ပေးနိုင်ရန်အတွက် ထည့်သွင်းစဉ်းစား သွားမည်ဖြစ်သည်။

အဆင့် (၄)

ကွင်းဆင်းစစ်ဆေးစေပြီးတင်ပြလာသော စစ်ဆေးမှုရလာဒ်များပေါ်မူတည်၍ ပြည့်စုံမှန်ကန်မှုရှိပါက (SCCPC)မှ ပို့ကုန်ထောက်ခံချက် ဖောင်ပုံစံ (၈) အား ထုတ် ပေးမည်ဖြစ်သည်။ ကုန်တင်ပို့သူမှ (SCCPC)တွင် ထောက်ခံစာအား သွားရောက်ထုတ်ယူပြီး တင်ပို့ခွင့်လိုင်စင်(ပါမစ်) အား စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ် ရေး၀န်ကြီးဌာနရှိ ပို့ကုန်၊ သွင်းကုန်ဌာနတွင် လျှောက်ထားရမည်ဖြစ်သည်။ စစ်ဆေးတွေ့ရှိချက်အဖြေ မအောင်မြင်ပါက ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးအဖွဲ့ မှကုန်တင်ပို့သူ အား အကျိုးအကြောင်းနှင့်တကွ အကြောင်းကြားစာပေးပို့မည်ဖြစ်သည်။

အဆင့် (၅)

ကုန်စည်များတင်ပို့လိုသူသည် ဖော်ပြပါစာရွက်စာတမ်းများအား ကုန်မတင်ပို့မီ (SCCPC) သို့ တင်ပြရမည်ဖြစ်သည်-

(၁)     ကုန်အမှာစာ၊ ကုန်တင်စာရင်း၊ ကုန်တင်စာရွက်စာတမ်း

(၂)     လျှောက်ထားသူအမည်၊ နေရပ်လိပ်စာနှင့် တင်သွင်းသည့်နိုင်ငံ

(၃)     ပစ္စည်းမှာယူသူဖော်ပြနိုင်ပါက မှာယူသူ၏ အမည်နှင့်နေရပ်လိပ်စာ

(၄)     အရောင်းအ၀ယ် ပဋိညာဉ်၊ သဘောတူညီချက်

(၅)     တင်ပို့သည့် ထိန်းချုပ်ဓာတုပစ္စည်း၏ အမျိုးအမည်၊ တံဆိပ်အမှတ်အသား၊ အရေအတွက်၊ အလေးချိန်ပမာဏ

(၆)     ကုန်ပစ္စည်းထုပ်ပိုးပုံ၊အထုပ်အရေအတွက်

(၇)    တင်ပို့မည့်၊ ဆိုက်ရောက်မည့်နေ့ရက်၊ အကောက်ခွန်ဆိပ်ကမ်း၊ အကောက်ခွန်လေဆိပ်၊ နယ်စပ်ကုန်သွယ်ရေးစခန်း၊ ခရီးစဉ်အဆုံးကုန်ပစ္စည်း ရောက်ရှိမည့်နေရာ

(၈)    တစ်ဆင့်တင်ပို့မည့် တစ်ထောက်ရပ်နားမည့် ပြည်ပနိုင်ငံအမည်၊ နေ့ရက်၊ ဆိပ်ကမ်း၊ လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းအမည်

(၉)     စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ထုတ်ပေးသည့်တင်ပို့ခွင့်လိုင်စင် (ပါမစ်)၊ အမိန့်ကြေငြာစာအမှတ် (၃/၂၀၀၄) အပိုဒ် ၁၇၊ ၁၈ အရထုတ်ပေးသည့် ထောက်ခံစာနေ့ရက်နှင့်နံပါတ်

(၁၀)   ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ယူပို့ဆောင်မည့် သင်္ဘော၊ လေယာဉ်၊ ရထား၊ မော်တော်ယာဉ်

(၁၁)   တင်ပို့မည့်အကြိမ်အရေအတွက်

အဆင့် (၆)

ကုန်ပစ္စည်းများတင်ပို့ပြီး ဆိပ်ကမ်းဆိုက်ရောက်သည်နှင့် ကုန်တင်ပို့သူအနေဖြင့် ဖော်ပြပါစာရွက်စာတမ်းများအား အကောက်ခွန်ဌာနသို့ ပို့ကုန်ကြေငြာလွှာဖွင့် ရန်တင်ပြရပါမည်-

(၁)     ထိန်းချုပ်ဓာတုကြီးကြပ်ရေးအဖွဲ့၏ထောက်ခံချက်စာ

(၂)     ပို့ကုန်လိုင်စင်/ပါမစ်

(၃)     သက်ဆိုင်ရာဌာနအဖွဲ့အစည်း၏ ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်

(၄)     ကုန်ပို့လွှာ

(၅)     ကုန်ပစ္စည်းထုပ်ပိုးစာရင်း

(၆)     ကုန်တန်ဖိုးငွေပေးချေမှုအထောက်အထား

(၇)     ကုန်တန်ဖိုးစာရင်း

(၈)     ကုန်ထုတ်လုပ်သည့်ပင်ရင်းနိုင်ငံ၊ သက်သေခံလက်မှတ်

အဆင့် (၇)

ဓါတ်ခွဲစစ်ဆေးတွေ့ရှိချက် အဖြေအောင်မြင်ပါက ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီမှ ဓာတုပစ္စည်းအေဂျင်စီအပါအဝင် သက်ဆိုင်ရာကုန်ပစ္စည်း တင်ပို့မည့်နိုင်ငံရှိ ကုမ္ပဏီအားစစ်ဆေးတွေ့ရှိချက်အဖြေကို ထုတ်ပေးပါမည်။ ဓာတုပစ္စည်းအေဂျင်စီမှ ကုန်ပစ္စည်းတင်ပို့မည့်သူထံ တွေ့ရှိချက်အဖြေကိုလည်း ပေးပို့မည်ဖြစ်သည်။ ထို့နောက် ကုန်တင်ပို့သူမှ သက်ဆိုင်ရာကုန်ပစ္စည်းတင်ပို့မည့်နိုင်ငံရှိ ကုမ္ပဏီထံ ဆက်သွယ်အကြောင်းကြားဆောင်ရွက်သွားပါမည်။ စစ်ဆေးတွေ့ရှိချက်မအောင်မြင်ပါက ကုန်တင်ပို့မည့်သူထံ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီမှ အကြောင်းကြားစာနှင့်တကွ ပေးပို့မည်ဖြစ်သည်။ လျှောက်လွှာလျှောက်ထားမှုဖြစ်စဉ် တစ်ခုလုံးသည် အချိန် (၂) ပတ်မှ (၄) ပတ်အထိကြာနိုင်ပါသည်။ လျှောက်ထားသူထံမှ အခကြေးငွေကောက်ခံခြင်းမရှိပါ။

သက်ဆိုင်ရာလုပ်ငန်းရှင်သည် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ ကုန်ကျစရိတ်ကိုကျခံရမည်။

မှတ်ချက်။      ထိန်ချုပ်ဓာတုပစ္စည်းများ တင်ပို့ရာတွင်တင်ပို့သူမှ အောက်ပါအချက်များအား လိုက်နာရပါမည်-

(၁)     ထိန်းချုပ်ဓာတုပစ္စည်းကို လုံခြုံစွာထုပ်ပိုးပြီး တံဆိပ်အမှတ်အသားများကိုကပ်ထားရမည်။

(၂)      ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ထုတ်ပေးထားသော ထောက်ခံချက်၊ လိုင်စင် (သို့မဟုတ်) ပါမစ်မိတ္တူတစ်စုံစီပါရှိရမည်။

(၃)     ပြည်တွင်းပြည်ပမှ အခွင့်အာဏာရှိသူ (သို့မဟုတ်) တာဝန်ရှိသူ၏ စစ်ဆေးမှုကိုခံယူရမည်။

(၄)    ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ အဆင့် (၅) ပါအချက်တစ်ရပ်ရပ်ပြောင်းလဲပြင်ဆင်ရန်ရှိပါက ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ် ရေးအဖွဲ့သို့ စောလျင်စွာတင်ပြရမည်။

(၅)    လမ်းခရီးတွင်အကြောင်းတခုခုကြောင့် ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊ လိုအပ်သည်ထက်ပို၍ လျော့နည်းခြင်းဖြစ်ပါက ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးအဖွဲ့သို့ ချက်ချင်းသတင်းပို့ရမည်။

(၆)    ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ အချက်အလက်ဖော်ပြချက်များနှင့် စာရွက်စာတမ်းအထောက်အထားများကို အနည်းဆုံး (၂) နှစ်ထိထိန်းသိမ်းထားရှိရပါမည်။

 

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
ပြည်တွင်းတွင် ထိန်းချုပ်ဓာတုပစ္စည်းကို သယ်ယူပို့ဆောင်ရန် ခွင့်ပြုချက် လျှောက်ထားခြင်း Myanmar 82.96kB file_downloadဒေါင်းလုပ်
ပြည်နယ်/ တိုင်းဒေသကြီး တစ်ခုမှတစ်ခုသို့ ထိန်းချုပ်ဓာတုပစ္စည်းကို သယ်ယူပို့ဆောင်ရန် ခွင့်ပြုချက်လျှောက်ထားခြင်း Myanmar 83.89kB file_downloadဒေါင်းလုပ်
ထိန်းချုပ်ဓာတုပစ္စည်းသိုလှောင်ထားရှိပြီး လက်ကားဖြန့်ဖြူးရောင်းချရန် ခွင့်ပြုချက်လျှောက်ထားခြင်း Myanmar 82.52kB file_downloadဒေါင်းလုပ်
ထိန်းချုပ်ဓာတုပစ္စည်း သိုလှောင်ထားရှိပြီး လက်လီဖြန့်ဖြူးရောင်းချရန် ခွင့်ပြုချက်လျှောက်ထားခြင်း Myanmar 82.85kB file_downloadဒေါင်းလုပ်
ထိန်းချုပ်ဓာတုပစ္စည်း သိုလှောင်ထိန်းသိမ်းခြင်းလုပ်ငန်း ခွင့်ပြုချက်လျှောက်ထားခြင်း Myanmar 81.56kB file_downloadဒေါင်းလုပ်
ထိန်းချုပ်ဓာတုပစ္စည်းကို လက်ဝယ်ထားပြီး အသုံးပြုခြင်းအတွက် ခွင့်ပြုချက် ထုတ်ပေးရန် လျှောက်ထားခြင်း Myanmar 82.06kB file_downloadဒေါင်းလုပ်

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း
ထိန်းချုပ်ဓာတုပစ္စည်းကို ပြည်ပသို့ တင်ပို့ခွင့်ပြုရန် ထောက်ခံချက်လျှောက်ထားခြင်း (ပုံစံ ၇) ထိန်းချုပ်ဓာတုပစ္စည်းကိုပြည်ပသို့ တင်ပို့လိုသူသည် ပြည်ပသို့ တင်ပို့ခွင့်ပြုရန်ထောက်ခံချက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သို့ ဤလျှောက်လွှာပုံစံ (၇) အားအသုံးပြု၍ လျှောက်ထားရမည်။ Export ပြည်ထဲရေးဝန်ကြီးဌာန