ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့်အစီအစဉ်များ

ကဏ္ဍ Import
ပုံ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့်အစီအစဉ်များ
အကျဉ်းချုပ် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့်အစီအစဉ်များအား စက်မှုဝန်ကြီးဌာန၏ စက်မှုပူးပေါင်း‌ဆောင်ရွက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။
အကြောင်းအရာ

စက်မှု၀န်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရသည့်အဆင့်များ

အဆင့်( ၁ )
    လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ် ရရှိသူသည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းအတွက် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့ သို့
ထောက်ခံချက်လျှောက်ထားရန်လိုအပ်ပါသည်။ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်လျှောက်ထားသူသည်“ဓာတု ပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်း” လျှောက်လွှာပုံစံ-၄နှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများပူး တွဲတင်ပြရမည်-
        (က)    ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့်လျှောက်လွှာ (လက်မှတ်နှင့် Seal မူရင်းများပါရှိရန်)
        (ခ)    Proforma Invoice မိတ္တူ (Country of Origin, Port of Loading, Discharging (Destination), Packing Type, Total Amount, ရောင်းချသူနှင့် ဝယ်ယူ သူတို့၏လက်မှတ်ပါရှိရန်)          
        (ဂ)    Sale Contract မိတ္တူ (ရောင်းချသူနှင့် ဝယ်ယူသူတို့၏ လက်မှတ်နှင့် Seal ပါရှိရန်)
        (ဃ)    ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းအား အသုံးပြုပုံ (လက်မှတ်နှင့် Seal မူရင်းများပါရှိရန်)
        (င)    ဓာတ်ခွဲစမ်းသပ်ချက် (Analysis Report) မူရင်းနှင့်မိတ္တူ (တစ်နှစ်သက်တမ်း)
       (စ)     ထုတ်လုပ်သည့် နိုင်ငံတူ (သို့မဟုတ်) တင်သွင်းသည့်နိုင်ငံတူမှ Certificate of Analysis (COA), Safety Data Sheet (SDS) (စာမျက်နှာတိုင်းတွင်ကုမ္ပဏီ၏ Seal ၊ လက်မှတ်နှင့် Seal မူရင်းများပါရှိရန်)
       (ဆ)    ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ မှတ်ပုံတင် (သို့) Passport မိတ္တူ၊ ပို့ကုန်သွင်းကုန်မှတ်ပုံတင် လက်မှတ် မိတ္တူနှင့် Board of Director စာရင်းမိတ္တူတို့ပါရှိရန်
      (ဇ)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်နှင့် မှတ်ပုံတင်ထားသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အမည်စာရင်း  မိတ္တူ

အဆင့် ( ၂ )
    ဗဟိုကြီးကြပ်ရေးအဖွဲ့သည် လျှောက်လွှာပုံစံ-၄ နှင့် ပူးတွဲတင်ပြသည့်  စာရွက်စာတမ်းများပြည့်စုံခြင်း ရှိ/မရှိစစ်ဆေးပါသည်။ ပြည့်စုံမှုမရှိသော လျှောက်လွှာများအား လိုအပ်သည်များကို ဖြည့်စွက်၍ ပြန်လည်လျှောက်ထားရန် လျှောက်ထားသူသို့ အကြောင်းကြားပါသည်။

အဆင့်( ၃ )
    လိုအပ်သောစာရွက်စာတမ်းများ   ပြည့်စုံမှုရှိပါက လျှောက်ထားသူသို့ထုတ်ပေးမည့် “ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းအတွက်ထောက်ခံ ချက်ပုံစံ- ၆ ” အား ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အတည်ပြုချက်ရယူပါသည်။

အဆင့် ( ၄ )
    ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အတည်ပြုချက်ရယူပြီးသောထောက်ခံချက် ပုံစံ-၆ အား Scan ဖတ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၏ Tradenet 2.0  စနစ်သို့  Online ဖြင့် ပို့ပေးပြီး ယင်း System ၏ Registration Nos. အား ရယူပါသည်။

အဆင့်( ၅ )  
    Registration Nos. ရယူပြီးသော ထောက်ခံချက်အားလျှောက်ထားသူသို့ ထုတ်ပေးပါသည်။ လျှောက်ထားသူကိုယ်တိုင် ထောက်ခံချက်လာရောက်ထုတ်ယူပါက မှတ်ပုံ တင်မူရင်းနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်ထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ ယင်း၏မှတ်ပုံတင်မိတ္တူ တစ်စုံနှင့်သော်လည်းကောင်းလာရောက်ထုတ် ယူရပါသည်။

မှတ်ချက်။    ထောက်ခံချက် လျှောက်ထားရယူခြင်းအတွက် အခကြေးငွေပေးဆောင်ရန်မလိုပါ။
        ထောက်ခံချက်သက်တမ်းသည် ( ၆ ) လသာ ဖြစ်ပါသည်။

 

 

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း