Name |
Type |
Description |
Legal Documents |
Agency |
Export/Import |
ကုန်စည်အလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၏အတည်ပြုချက်ရယူရန်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှုသည် ကုန်စည်များတင်သွင်းမှုများအတွက် သက်ဆိုင်ရာဌာန၏အတည်ပြုချက်ရယူရန် ဖော်ပြထားပါ သည်။ ဤကုန်စည်ကိုတင်သွင်းလိုသူသည် သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုအပ်သော်လည်း လိုအပ်လျှင် သက်ဆိုင်ရာဌာနများမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ထောက်ခံချက် (သို့မဟုတ်) ခွင့်ပြုချက်ရယူရန် လိုအပ်မည် ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာသဘောတူညီချက်များနှင့် လိုက်လျောညီထွေဖြစ်သည့် ကုန်သွယ်မှုဖြစ်စေရန် ဖြစ်ပါသည်။ |
View
|
ကုန်သွယ်ရေးဦးစီးဌာန |
Import |
အပင်နှင့် အပင်ထွက်ပစ္စည်းများအတွက် အခြားသောအခကြေးငွေပေးဆောင်ခြင်း
|
ထပ်ဆောင်းအခွန်များနှင့်အခများအပါအဝင် စျေးနှုန်းထိန်းချုပ်ရေးဆိုင်ရာစီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၃၊ အပိုဒ် (ဂ)) သည် ကုန်စည်အပေါ် သက်ဆိုင်ရာအဖွဲ့မှပေးသည့် ဝန်ဆောင်မှုအတွက် အခကြေးငွေကောက်ခံမှုနှင့် စပ်လျဉ်း၍ ဖော်ပြထားပါသည်။ အပင်၊ အပင်ထွက် ပစ္စည်း၊ ပိုးမွှား၊ အကျိုးပြုသက်ရှိ သို့မဟုတ် မြေကြီးကို တင်သွင်းခွင့်ထောက်ခံချက် လက်မှတ်အတွက် သတ်မှတ်သည့် အခေကြေးငွေနှင့် စစ်ဆေးခကို တင်သွင်းသူ သို့မဟုတ် ယူဆောင်လာသူက ပေးဆောင်ရပါမည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်များမှာ လူသားဘဝနှင့် ကျန်းမာရေးကိုကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
အပင်နှင့် အပင်ထွက်ပစ္စည်းများတင်သွင်းမှုအတွက် SPS အကြောင်းဖြင့် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန် လိုအပ်ချက်
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၃၊ အပိုဒ် ၄၊ က) သည် ကုန်စည်တင်သွင်းမှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ အပင်၊ အပင်ထွက် ပစ္စည်း၊ ပိုးမွှား၊ အကျိုးပြုသက်ရှိ သို့မဟုတ် မြေကြီးကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းလိုသူသည် သက်ဆိုင်ရာဌာန သို့မဟုတ် အဖွဲ့အစည်းထံမှ တင်သွင်းခွင့်လိုင်စင် သို့မဟုတ် ပါမစ်ရယူခြင်းမပြုမီ တင်သွင်းခွင့်ထောက်ခံချက်လက်မှတ် ရရှိရေးအတွက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ ဦးစွာလျှောက် ထားရမည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်များမှာ လူသားဘဝနှင့် ကျန်းမာရေးကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
အပင်နှင့် အပင်ထွက်ပစ္စည်းများအတွက် စစ်ဆေးရန်လိုအပ်ချက်
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၃၊ အပိုဒ် ၄ (ခ)) သည် ကုန်စည်များပြည်တွင်းသို့ တင်သွင်းလာမှုအပေါ် စစ်ဆေးမှုဆောင်ရွက်ရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ အပင်၊ အပင်ထွက်ပစ္စည်း၊ ပိုးမွှား၊ အကျိုးပြုသက်ရှိ သို့မဟုတ် မြေကြီးကို ပြည်ပမှ မှာယူတင်သွင်းခြင်းဖြင့် ရောက်ရှိလာသည့်အခါတွင်ဖြစ်စေ၊ မိမိနှင့် တစ်ပါတည်းယူဆောင်လာသည့်အခါတွင်ဖြစ်စေ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ စစ်ဆေးမှုကိ ခံယူရမည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်များမှာ လူသားဘဝနှင့် ကျန်းမာရေးကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
အပင်နှင့်အပင်ထွက်ပစ္စည်းများတင်သွင်းမှုအတွက် အသိအမှတ်ပြုလက်မှတ်ရရှိရန်လိုအပ်ချက်
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၃၊ အပိုဒ် ၄ (က)) သည် တင်သွင်းမည့်ကုန်စည်အတွက် အသိအမှတ်ပြုလက်မှတ်ကို သက်ဆိုင်ရာဌာနမှ ရရှိရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ အပင်၊ အပင်ထွက် ပစ္စည်း၊ ပိုးမွှား၊ အကျိုးပြုသက်ရှိ သို့မဟုတ် မြေကြီးကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းလိုသူသည် သက်ဆိုင်ရာဌာန သို့မဟုတ် အဖွဲ့အစည်းထံမှ တင်သွင်းခွင့်လိုင်စင် သို့မဟုတ် ပါမစ်ရယူခြင်းမပြုမီ တင်သွင်းခွင့်ထောက်ခံချက်လက်မှတ် ရရှိရေးအတွက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ ဦးစွာလျှောက်ထားရမည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်များမှာ လူသားဘဝနှင့် ကျန်းမာရေးကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |