အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပမှတင်သွင်းခွင့်ထောက်ခံချက်လက်မှတ်
ကဏ္ဍ | Import |
ပုံ | |
အကျဉ်းချုပ် | အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပမှတင်သွင်းခွင့်ထောက်ခံချက်လက်မှတ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လျှောက်ထားခြင်း |
အကြောင်းအရာ | သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ အဆင့် (၁) တင်သွင်းခွင့်ထောက်ခံချက်ကို လျှောက်ထားလိုသူသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ သီးနှံ ကာကွယ်ရေးဌာနခွဲမှ Pest Risk Analysis (PRA) ဖျက်ပိုးအန္တရာယ်စိစစ်ထားပြီးဖြစ်သော အပင်နှင့်အပင်ထွက်ပစ္စည်းများအတွက်သာ တင်သွင်းခွင့် ထောက်ခံချက်ကို လျှောက်ထားနိုင်မည်ဖြစ်သည်။ လျှောက်ထားသူသည် စိုက်ပျိုးရေးဦးစီးဌာန၏ သီးနှံကာကွယ်ရေးဌာနခွဲမှ ပုံစံအားရယူ၊ ဖြည့်စွက်ပြီး လိုအပ်သည့် သက်ဆိုင်ရာစာရွက်စာတမ်းများနှင့်အတူ တင်ပြလျှောက်ထားရပါမည်။ တင်သွင်းခွင့်ထောက်ခံချက်လက်မှတ်အား အပင်နှင့်အပင်ထွက် ပစ္စည်းတင်သွင်းမည့် တစ်ဖက်နိုင်ငံ၏ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် ထုတ်ပေးသည့်ဌာနသို့ လျှောက်ထားသူကိုယ်တိုင် ပေးပို့ရမည်။ ပူးတွဲပါစာရွက်စာတမ်းများမှာ- (၁) တင်သွင်းသူကိုယ်တိုင်လျှောက်ထားခြင်းမဟုတ်ပါက ကုမ္ပဏီ Letter Head ဖြင့် ကိုယ်စားလှယ်လွှဲစာပါရှိရမည်။ (က) ကြံ (သကြားထွက်သီးနှံဌာနခွဲမှ ထောက်ခံချက်) အဆင့်(၂) မှတ်ချက်။။ အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပမှတင်သွင်းခွင့် ထောက်ခံချက်လက်မှတ်ကို သီးနှံကာကွယ်ရေးဌာနခွဲ၊ သီးနှံပိုးမွှားရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဌာနစု (ရုံးချုပ်) နှင့် နယ်စပ်စစ်ဆေးရေးစခန်းများတွင် လျှောက်ထားနိုင်ပါသည်။ |
ပုံစံများ
The following form/s are used in this procedure.
ခေါင်းစဉ် | အကြောင်းအရာ | ကဏ္ဍ | အဖွဲ့အစည်း |
---|---|---|---|
ပြည်ပမှတင်သွင်းခွင့် ထောက်ခံချက်လက်မှတ် လျှောက်လွှာ (IC) | အပင်နှင့်အပင်ထွက်ပစ္စည်းများတင်သွင်းခွင့်ထောက်ခံချက်ကို ဤပြည်ပမှတင်သွင်းခွင့် ထောက်ခံချက်လက်မှတ် လျှောက်လွှာပုံစံ (IC) ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲသို့ လျှောက်ထားရမည်။ | Import | စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန |
သွင်းကုန်ထောက်ခံချက်လက်မှတ် (IC) | မှန်ကန်ပြည့်စုံသော လျှောက်လွှာများအတွက် သီးနှံကာကွယ်ရေးဌာနခွဲသည် သွင်းကုန်ထောက်ခံချက်လက်မှတ် (IC) ကို ထုတ်ပေးပါသည်။ | Import | စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန |