အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၆ (ထုတ်လုပ်တင်ပို့သူကိုယ်တိုင်ပင်ရင်း ထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့် စနစ် (Self-Certification System) ကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုက်နာရ မည့် စည်းကမ်းများ)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်းကြေညာသည့်စနစ် (Self-Certification System) ကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းများကို ထုတ်ပြန်လိုက်သည်။ အတည်ပြုပို့ကုန်တင်ပို့သူ (Certified Exporter) အဖြစ်လျှောက်ထားခြင်း၊ အတည်ပြုပို့ကုန်တင်ပို့သူ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်းကြေညာခြင်းနှင့် အထွေထွေဟူ၍ အခန်း (၄) ခန်းပါဝင်ပါသည်။

ထုတ်ပြန်သည့်ရက် 2016-02-17
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-07-03 11:01:41

picture_as_pdfမြန်မာ