အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၇ (Invoice and Sale Contract)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်နှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်အလို့ငှာ ပို့ကုန်သွင်းကုန်လိုင်စင်များအား ဈေးနှုန်းစိစစ်ခြင်းမပြုတော့ဘဲ ကုမ္ပဏီများမှ ဈေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုးမှန်ကန်ကြောင်း ဝန်ခံကတိဖြင့် တင်ပြလာသည့် Invoice နှင့် Sale Contract ပါဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန်သွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးပြီးဖြစ်ပါသည်။ ကုမ္ပဏီများအနေဖြင့် Invoice နှင့် Sale Contract တို့အား အတုအပပြုလုပ်ခြင်း၊ အချက်အလက်များကို မမှန်မကန်ဖော်ပြခြင်း၊ တရားမဝင်ဆောင်ရွက်ခြင်း၊ ဈေးနှုန်းနှင့် တန်ဖိုးများအား မမှန်မကန်ဖော်ပြခြင်းပြုထားကြောင်း စိစစ်တွေ့ရှိရပါက လိုင်စင်ခွင့်ပြုမှုအတွက် တင်ပို့/ တင်သွင်းခဲ့သည့် ဈေးနှုန်းများအား ပြန်လည်စိစစ်မည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထုတ်ပြန်သည့်ရက် 2017-06-21
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-07-02 15:29:16

picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၇၄/၂၀၁၆ (ပို့ကုန်သွင်းကုန်လိုင်စင်များ ခွင့်ပြုထုတ်ပေးခြင်းနှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာ) Myanmar 323.93kB file_downloadဒေါင်းလုပ်