အမိန့်ကြော်ငြာစာအမှတ် ၇၄/၂၀၁၆ (ပို့ကုန်သွင်းကုန်လိုင်စင်များ ခွင့်ပြုထုတ်ပေးခြင်းနှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာ)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်နှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်အလို့ငှာ ပို့ကုန်သွင်းကုန်လိုင်စင်များအား ဈေးနှုန်းစိစစ်ခြင်းမပြုတော့ဘဲ ကုမ္ပဏီများမှ ဈေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုးမှန်ကန်ကြောင်း ဝန်ခံကတိဖြင့် တင်ပြလာသည့် Invoice နှင့် Sale Contract ပါဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန်သွင်းကုန်လိုင်စင်များကို ဤအမိန့်ကြော်ငြာစာဖြင့် ခွင့်ပြုပေးလိုက်သည်။ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များအား တင်ပြရမည်-
(က) ပို့ကုန်/ သွင်းကုန်လိုင်စင် Online လျှောက်လွှာ (၆၀၀ ကျပ်တန်တံဆိပ်ခေါင်းကပ်ပြီး)
(ခ) Invoice မူရင်း
(ဂ) Sale Contract မူရင်း
(ဃ) Invoice နှင့် Sale Contract များသည် အစစ်အမှန်များဖြစ်ကြောင်းနှင့် ဖော်ပြချက် များ၊ ဈေးနှုန်းနှင့် တန်ဖိုးများမှန်ကန်ကြောင်း ကတိဝန်ခံချက်
(င) သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် (ဌာနဆိုင်ရာများ၏ ထောက်ခံချက်လိုအပ်သည့် ပို့ကုန်/သွင်းကုန် ပစ္စည်းများအတွက်)

ထုတ်ပြန်သည့်ရက် 2016-11-22
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-07-02 16:02:25

picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၇ (Invoice and Sale Contract) Myanmar 2.26MB file_downloadဒေါင်းလုပ်