အမိန့်ကြော်ငြာစာအမှတ် ၇၅/၂၀၁၆ (နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုရာတွင် နိုင်ငံခြားမှ တရားဝင် ယူဆောင်လာသည့် ငွေပမာဏ အတိုင်းသာ ကုန်သွယ်ခွင့်ပြုမည်ဟူသော သတ်မှတ်ချက်အား ပယ်ဖျက်ခြင်း အမိန့်ကြော်ငြာစာ)

နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများအား ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးကိရိယာများ ကုန်သွယ်ခွင့်ပြုခြင်းကို အမိန့်ကြော်ငြာစာအမှတ် ၉၆/၂၀၁၅ ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းများကုန်သွယ်ခွင့် ပြုခြင်းကို အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၁၆ ဖြင့်လည်းကောင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာများအရ နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုသည့် သတ်မှတ်ချက်များတွင် “ဖက်စပ်လုပ်ငန်းဆောင်ရွက်သည့် နိုင်ငံခြားသားကုမ္ပဏီများအနေဖြင့် ၎င်းတို့တရားဝင်ယူဆောင်လာသည့် နိုင်ငံခြားငွေပမာဏအတိုင်းသာ ကုန်သွယ်မှုပြုလုပ်ရမည်” ဟုဖော်ပြထားပါသည်။ ကုန်သွယ်မှုလုပ်ငန်းများတွင် လွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ အဆိုပါ ဖော်ပြချက်ကို ဤအမိန့်ကြော်ငြာစာထုတ်ပြန်သည့် နေ့မှစ၍ ပယ်ဖျက်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2016-11-22
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-07-02 16:07:56

picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၁၈ (မြန်မာနိုင်ငံသားနှင့်ပေါင်းစည်းဆောင် ရွက်သောနိုင်ငံခြားသားရင်းနှီးမြှုပ်နှံ သူများအား ပြည်တွင်းတွင်ရင်းနှီးမြှုပ်နှံ ၍ ထုတ်လုပ်ရရှိသည့် အဆင့်မြင့် ကုန်ချောများအား ပြည်ပသို့ တင်ပို့ခွင့် ပြုခြင်း) Myanmar 1.40MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၂၅/၂၀၁၈ (နိုင်ငံခြားသာကုမ္ပဏီ၊ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားပေါင်းစည်းဆောင် ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ၊လက်ကားရောင်းချခွင့်ပြုခြင်း) Myanmar 1.14MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၁၇ (သတ်မှတ်ထားသည့် HS Code များအတိုင်း နိုင်ငံခြားသားကုမ္ပဏီများ အားကုန်သွယ်ခွင့်ပြုခြင်း) Myanmar 98.95kB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၁၆ (နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ်ခွင့်ပြုခြင်း) Myanmar 243.07kB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၁၇ (နိုင်ငံခြားဖက်စပ်ကုမ္ပဏီ၊ နိုင်ငံခြားကုမ္ပဏီ များအား တင်သွင်းရောင်းချခွင့်ပြုသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အား HS Code ဖြင့်ဖြည့်စွက်ထုတ်ပြန် ခြင်း) Myanmar 0.99MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၉၆/၂၀၁၅ (နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုခြင်း) Myanmar 5.43MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၈၅/၂၀၁၆ (နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုသည့် ဆေးရုံသုံးကိရိယာ များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား HS Code Line ဖြင့် သတ်မှတ်ထုတ်ပြန်ခြင်း) Myanmar 4.36MB file_downloadဒေါင်းလုပ်