အပင်နှင့် အပင်ထွက်ပစ္စည်းများတဆင့်ပြန်လည်တင်ပို့မှုအတွက် စီမံဆောင်ရွက်မှု

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (အခန်း ၃၊ အပိုဒ် ၆) သည် ပြည်ပမှတင်သွင်းလာသော မူရင်းကုန်စည်ကို ပြည်ပသို့ပြန်လည်တင်ပို့ခြင်းအပေါ် တင်ပို့နိုင်ငံ၏ အစိုးရမှ သတ်မှတ်သောစီမံဆောင်ရွက်မှုများ ဖြစ်ပါသည်။ အပင်၊ အပင်ထွက်ပစ္စည်း၊ ပိုးမွှား၊ အကျိုးပြုသက်ရှိ သို့မဟုတ် မြေကြီးကို ကြားစခန်းမှတစ်ဆင့် ပြည်ပသို့ ပြန်လည်တင်ပို့ရာတွင် စစ်ဆေးရာ၌ထိန်းချုပ်ပိုးမွှားတွေ့ရှိရပါက ပိုးသတ်ခြင်း သို့မဟုတ် ပိုးမွှားသန့်စင်ခြင်းကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက ဆောင်ရွက်ခွင့်ရှိသည်။ ကုန်ကျစရိတ်ကို သက်ဆိုင်သူ ကျခံရမည်။ ပိုးမွှားကင်းရှင်းကြောင်းလက်မှတ် ရယူလိုပါက မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ သတ်မှတ်သည့် အခကြေးငွေပေးဆောင်ပြီး လျှောက်ထားရယူနိုင်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်များမှာ လူသားဘဝနှင့် ကျန်းမာရေးကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်ပါသည်။
မှတ်ချက်များ အပင်ပိုးမွှားကာကွယ်ရေးဥပဒေ ၁၉၉၃ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။
အဖွဲ့အစည်း စိုက်ပျိုးရေးဦးစီးဌာန
ပို့ကုန်/သွင်းကုန် ပို့ကုန်
မှ အတည်ဖြစ်သည် 1993-06-16
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် အပင်ပိုးမွှားကာကွယ်ရေးဥပဒေ ၁၉၉၃
နည်းပညာကုဒ်
ယူအမ်ကုဒ် P7 - Measures on re-export
စည်းမျဉ်းအမျိုးအစား ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ
ပြင်ဆင်သည့်ရက် 2018-06-25 17:44:21

ဥပဒေ စာရွက်စာတမ်းများ
အမည် ကဏ္ဍ
အပင်ပိုးမွှားကာကွယ်သည့်ဥပဒေ ၁၉၉၃ Law
လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပသို့ပြန်လည်တင်ပို့ခွင့်ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပသို့ပြန်လည်တင်ပို့ခွင့် ပိုးမွှားကင်းရှင်းကြောင်းသက်သေခံလက်မှတ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လျှောက်ထားခြင်း Export
အပင်နှင့်အပင်ထွက်ပစ္စည်းများအား နိုင်ငံအတွင်းမှတဆင့်ဖြတ်သန်းကုန်သွယ်ခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်း အပင်နှင့်အပင်ထွက်ပစ္စည်းများအား နိုင်ငံအတွင်းမှတဆင့်ဖြတ်သန်းကုန်သွယ်ခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင် လျှောက်ထားခြင်း Transit
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ