အပင်နှင့်အပင်ထွက်ပစ္စည်းများအား နိုင်ငံအတွင်းမှတဆင့်ဖြတ်သန်းကုန်သွယ်ခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်း

ကဏ္ဍ Transit
ပုံ အပင်နှင့်အပင်ထွက်ပစ္စည်းများအား နိုင်ငံအတွင်းမှတဆင့်ဖြတ်သန်းကုန်သွယ်ခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်း
အကျဉ်းချုပ် အပင်နှင့်အပင်ထွက်ပစ္စည်းများအား နိုင်ငံအတွင်းမှတဆင့်ဖြတ်သန်းကုန်သွယ်ခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင် လျှောက်ထားခြင်း
အကြောင်းအရာ

သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
အပင်နှင့်အပင်ထွက်ပစ္စည်းများအား နိုင်ငံအတွင်းမှတဆင့် ဖြတ်သန်းကုန်သွယ်ခြင်းအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ


အဆင့်(၁)
နိုင်ငံအတွင်းမှတဆင့်ဖြတ်သန်းကုန်သွယ်ခြင်းအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ သီးနှံပိုးမွှားရောဂေါပြန့်ပွားမှု ထိန်းချုပ်ရေးဌာနစု/ နယ်စပ်စစ်ဆေး ရေးစခန်း၏ စစ်ဆေးမှုခံယူရမည်။ တစ်ဖက်နိုင်ငံမှ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် (မူရင်း) ပါရှိရမည်။
အဆင့်(၂)
သီးနှံကာကွယ်ရေးဌာနခွဲမှ တစ်ဖက်နိုင်ငံ၏ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် (မူရင်း) ကို တိုက်ကြည့်စစ်ဆေးခြင်း၊ ပိုးမွှားကင်းရှင်းကြောင်း မျက်မြင်စစ်ဆေး မှုပြုခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ပိုးမွှားရောဂါကင်းရှင်းမှုမရှိခြင်း (သို့မဟုတ်) ပစ္စည်းများ ပြန်လည်ထုပ်ပိုးထားခြင်း/ ပေါက်ပြဲခြင်းတွေ့ရှိပါက ပိုးသတ်ပြီးပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်ကို လျှောက်ထားရမည်။ ပိုးမွှားကင်းရှင်းပါက လုပ်ငန်းစဉ် ပြီးဆုံးမည်ဖြစ်သည်။
အဆင့်(၃)
နိုင်ငံအတွင်းမှ တဆင့်ဖြတ်သန်းကုန်သွယ်ခြင်းအတွက် ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်လျှောက်ထားရန် လိုအပ်သူသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ သီးနှံကာကွယ်ရေးဌာနခွဲတွင် လျှောက်လွှာကိုရယူဖြည့်စွက်ပြီး တင်ပြရမည် ဖြစ်ပါသည်။ လျှောက်ထားသူသည် မိမိတင်ပို့မည့် နောက်ဆုံးနိုင်ငံ၏ တင်သွင်းရန်သတ်မှတ်ချက်/ လိုအပ်ချက်များအားသိရှိပြီး ယင်းလိုအပ်ချက်နှင့်အညီ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်အား လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားသူသည် အောက်ပါအချက်များကို လိုက်နာလုပ်ဆောင်ပေးရမည်-
(၁) တင်ပို့မည့်အပင်နှင့်အပင်ထွက်ပစ္စည်း ကိုယ်စားပြုနမူနာများ (မက်ထရစ်တန် ၁၀၀ လျှင် - ၁ကီလိုဂရမ်) နှင့်အတူ လျှောက်ထားရမည်။
(၂)ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ ခွင့်ပြုချက်ရရှိထားသော အဆိပ်ငွေ့မှိုင်းတိုက်ခြင်း လုပ်ငန်းအဖွဲ့မှ ပိုးသတ်ပြီးကြောင်း ထောက်ခံချက်လက်မှတ် (မူရင်း) ပူးတွဲတင်ပြရ မည်။
(၃) တင်ပို့သူကိုယ်တိုင် လျှောက်ထားခြင်းမဟုတ်ပါက ကုမ္ပဏီ Letterhead ဖြင့် ကိုယ်စားလှယ်လွှဲစာပါရှိရမည်။
(၄) ကုမ္ပဏီတစ်ခုလျှင် ကိုယ်စားလှယ် (၂) ဦး ဆောင်ရွက်ရန် စာရင်းသွင်းမှတ်ပုံတင်ထားရှိရမည်။
အဆင့်(၄)
သီးနှံကာကွယ်ရေးဌာနခွဲမှ လျှောက်လွှာများအားလက်ခံရရှိပြီး ပြည့်စုံမှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်း၊ စစ်ဆေးရေးမှူးအချို့မှ ပိုးမွှားကင်းရှင်းကြောင်း မျက်မြင်စစ်ဆေးမှု ပြုခြင်း၊ လျှောက်လွှာအား တံဆိပ်ခတ်နှိပ်ခြင်းနှင့် ပြန်လည်စိစစ်ခြင်းများ ပြုလုပ်ဆောင်ရွက်သည်။ ထို့နောက် ဌာနမှနမူနာအား ဓါတ်ခွဲခန်းသို့ စစ်ဆေးခြင်းခံယူရန် ပေးပို့ ခြင်းများပြုလုပ်သည်။ တစ်ဆင့်တင်ပို့မည့် နောက်ဆုံးနိုင်ငံ၏ လိုအပ်ချက်အပေါ်မူတည်ပြီး စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ သီးနှံကာကွယ်ရေးဌာနခွဲ၊ သီးနှံပိုးမွှား ပြန့်ပွားမှု ထိန်းချုပ်ရေးဌာနစု/ နယ်စပ်စစ်ဆေးရေးစခန်း၏ စစ်ဆေးမှုကိုခံယူရမည်။ လိုအပ်လျှင် ဓါတ်ခွဲခန်းစစ်ဆေးမှုကို ခံယူရမည်ဖြစ်ပါသည်။
အဆင့်(၅)
သီးနှံကာကွယ်ရေးဌာနခွဲမှ စစ်ဆေးမှုရလာဒ်များအား ထုတ်ပေးသွားမည်ဖြစ်သည်။ နမူနာပစ္စည်းတွင် ပိုးမွှားများတွေ့ရှိပါက လျှောက်လွှာအားပယ်ချမည်ဖြစ်ပြီး ဌာနမှ တင်ပို့မည့်သူအား အကြောင်းကြားစာ ပေးပို့မည်ဖြစ်သည်။ ပိုးမွှားကင်းရှင်းပါက ဌာနမှဆက်လက်တင်ပို့ခွင့် ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်ကို ထုတ်ပေးမည် ဖြစ်သည်။
အဆင့်(၆)
တဆင့်ခံတင်ပို့မည့်သူသည် သီးနှံကာကွယ်ရေးဌာနခွဲမှ တင်ပို့ခွင့်ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်ကို သွားရောက်ထုတ်ယူရပါမည်။ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် လျှောက်ထားခြင်းလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်သည်။ လျှောက်လွှာစာရင်းသွင်း လက်ခံပြီးချိန်မှ (၃) ရက် (ရုံးပိတ် ရက်မပါ) ကြာမြှင့်နိုင်သည်။ တင်သွင်းမည့်နိုင်ငံ၏ လိုအပ်ချက်အရ ဓါတ်ခွဲခန်းတွင် စစ်ဆေးရမည့် ပိုးမွှားများအတွက် စစ်ဆေးရန် ကြာမြင့်ချိန် (၂) ရက် + ပုံမှန်ကြာမြင့်ချိန် (၃) ရက် (ရုံးပိတ်ရက်မပါ)  = (၅) ရက်ဖြစ်ပြီး၊ ရောဂါများအတွက် စစ်ဆေးရန် ကြာမြင့်ချိန် (၇) ရက် + ပုံမှန်ကြာ မြင့်ချိန် (၃) ရက် = (၁၀) ရက် ကြာမြင့်မည်ဖြစ်ပါသည်။ ထောက်ခံချက်တစ်စောင် အတွက် ကျသင့်ငွေမှာ ၃၀၀၀၀ ကျပ် ဖြစ်ပါသည်။
မှတ်ချက်- အပင်နှင့် အပင်ထွက်ပစ္စည်းများ နိုင်ငံအတွင်းမှတဆင့် ဖြတ်သန်းကုန်သွယ်ခြင်းအတွက် ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်ကို သီးနှံကာကွယ်ရေး ဌာနခွဲ၊ သီးနှံပိုးမွှားရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဌာနစု (ရုံးချုပ်) နှင့် နယ်စပ်စစ်ဆေးရေးစခန်းများတွင် လျှောက်ထားနိုင်ပါသည်။

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း