| အကြောင်းအရာ  | ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၇ (က) (ခ) နှင့် အခန်း ၂၊ ပုဒ်မ ၁၆ (ခ) (ဂ) ) သည် တိရစ္ဆာန်များနှင့် ယင်း၏ ထွက်ကုန်များကို ရောဂါပိုးမွှားပျံ့နှံ့ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် ယင်းတို့ရောက်ရှိသည့်နေရာတွင် သတ်မှတ်ထားသည့် ကာလအတွင်း သီးခြားခွဲခြားထားရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်တင်သွင်းသူသည် ဦးစီးဌာန၏စစ်ဆေးမှုကို ခံယူရန်အလို့ငှာ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို ခွင့်ပြုထားသောလမ်းကြောင်းအတိုင်း၊ သတ်မှတ်ထားသည့် နေရာသို့ သယ်ဆောင်ပြီး သတ်မှတ်ထားသော ကာလအပိုင်းအခြားအထိ သီးသန့်ခွဲခြားထားရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ | 
                    
                    
                        | မှတ်ချက်များ  | အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၀၅ ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ပါသည်။ | 
                    
                    
                        | အဖွဲ့အစည်း  | မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန | 
                    
                    
                        | ပို့ကုန်/သွင်းကုန်  | သွင်းကုန် | 
                    
                    
                        | မှ အတည်ဖြစ်သည်  | 2005-04-07  | 
                    
                    
                        | ထိ အတည်ဖြစ်သည်  |  သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ | 
                    
                    
                        | ရည်ညွှန်းချက်  | တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ၊ ပုဒ်မ ၃၃ (ခ) | 
                    
                    
                        | နည်းပညာကုဒ်  | A86 | 
                    
                    
                        | ယူအမ်ကုဒ်  | 
                        
                                                A86 - Quarantine requirement
                                                 | 
                    
                    
                        | စည်းမျဉ်းအမျိုးအစား  | လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု | 
                    
                    
                        | ပြင်ဆင်သည့်ရက် | 
                        2018-09-19 11:45:21 |