ဇီဝမျိုးစုံမျိုးကွဲနှင့် မျိုးစိတ်များတင်သွင်းမှုအတွက် အတည်ပြုချက်ရယူရန်လိုအပ်ချက်

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (အခန်း ၅၊ ပုဒ်မ ၂၃၊ ခ) သည် ကုန်စည်များတင်သွင်းမှုအတွက် အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ညွှန်ကြားရေးမှူးချုပ်သည် နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်နှင့် အပင်များကိုဖြစစေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပြည်တွင်းသို့ တင်သွင်းရန်၊ ပြည်ပသို့တင်ပို့ရန် သို့မဟုတ် ပြည်ပသို့ တစ်ဆင့်ခံတင်ပို့ရန် ထောက်ခံချက်ကိုလည်းကောင်း ပေးနိုင်သည်။ ထို့ကြောင့် အဆိုပါကုန်စည်များကို ပြည်တွင်းသို့ တင်သွင်းလိုသူသည် ပြည်တွင်းသို့တင်သွင်းခွင့်ထောက်ခံချက်ကို သစ်တောဦးစီးဌာနတွင် လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို စီးပွားဖြစ်ကုန်သွယ်ခြင်းကို ထိန်းချုပ်ရန်ဖြစ်ပါသည်။
မှတ်ချက်များ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ၂၀၁၈ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။
အဖွဲ့အစည်း သစ်တောဦးစီးဌာန
ပို့ကုန်/သွင်းကုန် သွင်းကုန်
မှ အတည်ဖြစ်သည် 2018-05-21
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ၂၀၁၈
နည်းပညာကုဒ် A14
ယူအမ်ကုဒ် A14 - Authorization requirement for SPS reasons for importing certain products
စည်းမျဉ်းအမျိုးအစား လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု
ပြင်ဆင်သည့်ရက် 2018-08-14 11:55:15

လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ