| အကြောင်းအရာ  | ဤစီမံဆောင်ရွက်မှု (အခန်း ၁၄၊ ပုဒ်မ ၄၅) သည် တင်ပို့နိုင်ငံအနေဖြင့် ကုန်စည်တင်ပို့မှုအတွက် အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ခြင်းပြုလုပ်လိုပါက ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်ကို ရယူ၍ သက်ဆိုင်ရာသို့လျှောက်ထားရမည်။ ရည်ရွယ်ချက်များမှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်း နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ | 
                    
                    
                        | မှတ်ချက်များ  | ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ၂၀၁၃ ကို စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏ စီးပွားရေးအခြေအနေအရ ပြောင်းလဲနိုင်သည်။ | 
                    
                    
                        | အဖွဲ့အစည်း  | စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန | 
                    
                    
                        | ပို့ကုန်/သွင်းကုန်  | ပို့ကုန် | 
                    
                    
                        | မှ အတည်ဖြစ်သည်  | 2018-07-14  | 
                    
                    
                        | ထိ အတည်ဖြစ်သည်  |  သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ | 
                    
                    
                        | ရည်ညွှန်းချက်  | ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ၂၀၁၃ | 
                    
                    
                        | နည်းပညာကုဒ်  | P13 | 
                    
                    
                        | ယူအမ်ကုဒ်  | 
                        
                                                P13 - Authorization or permit requirements to export, for technical reasons
                                                 | 
                    
                    
                        | စည်းမျဉ်းအမျိုးအစား  | ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ | 
                    
                    
                        | ပြင်ဆင်သည့်ရက် | 
                        2018-07-31 16:19:14 |