တင်ပို့ပိုးသတ်ဆေးများအပေါ်စမ်းသပ်စစ်ဆေးရန်လိုအပ်ချက်

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၅၂) သည် ကုန်စည်များမတင်ပို့မီ တင်ပို့နိုင်ငံ၏လိုအပ်ချက်အရ ကုန်စည်အပေါ်စမ်းသပ်စစ်ဆေးရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပသို့ စားသုံးသီးနှံတင်ပို့လိုသူက ယင်းသီးနှံတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုပမာဏကို စစ်ဆေးပေးရန် လျှောက်ထားလာပါက မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ပိုးသတ်ဆေးဓါတ်ခွဲခန်းက စစ်ဆေးပေးနိုင်သည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။
မှတ်ချက်များ ပိုးသတ်ဆေးဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။
အဖွဲ့အစည်း စိုက်ပျိုးရေးဦးစီးဌာန
ပို့ကုန်/သွင်းကုန် ပို့ကုန်
မှ အတည်ဖြစ်သည် 1991-08-07
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် ပိုးသတ်ဆေးဥပဒေ၊ ပုဒ်မ ၅၀၊ က
နည်းပညာကုဒ်
ယူအမ်ကုဒ် P181 - Testing requirement
စည်းမျဉ်းအမျိုးအစား ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ
ပြင်ဆင်သည့်ရက် 2018-07-14 17:04:42

ဥပဒေ စာရွက်စာတမ်းများ
အမည် ကဏ္ဍ
ပိုးသတ်ဆေးဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ 2019 Regulation
လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်ပို့ခွင့်ထောက်ခံချက်လက်မှတ်ရရှိရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်ပို့ခွင့်ထောက်ခံချက်လက်မှတ်ရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတွင် လျှောက်ထားခြင်း။ Export
ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများအား မှတ်ပုံတင်ခြင်း ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများအား မှတ်ပုံတင်ခြင်း ကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တွင် လျှောက်ထားခြင်း Import/Export
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ