Name |
Type |
Description |
Legal Documents |
Agency |
Export/Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာများနှင့်စပ်လျဉ်း၍ အခကြေးငွေပေးဆောင်ခြင်း (အမွှေးအတောင်များ)
|
ထပ်ဆောင်းအခွန်များနှင့်အခများအပါအဝင် စျေးနှုန်းထိန်းချုပ်ရေးဆိုင်ရာစီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၆၊ ပုဒ်မ ၁၃၊ က) သည် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာကို ပြည်ပမှ တင်သွင်းသူသည် သတ်မှတ်ထားသည့် အခကြေးငွေများ ပေးဆောင်ရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာများ တင်သွင်းမှုအတွက် အတည်ပြုချက်ရယူရန်လိုအပ်ချက် (အမွှေးအတောင်များ)
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၅၊ ၁၀) သည် ကုန်စည်တင်သွင်းမှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာကို ပြည်ပမှတင်သွင်းသူသည် တင်သွင်းမည့်ပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာနသို့ တင်သွင်းခွင့်လိုင်စင် သို့မဟုတ် ပါမစ်လျှောက်ထားခြင်းမပြုမီ တင်သွင်းခွင့်ရရှိရေးအတွက် သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထား၍ ထောက်ခံချက်လက်မှတ် ရယူရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြု ချက်ရယူရန်လိုအပ်ချက် (အမွှေးအတောင်များ)
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု ( ပုဒ်မ ၅(ခ) )သည် ကုန်စည်များမတင်သွင်းမီ သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို ပြည်တွင်းသို့ တင်သွင်းလိုသူသည် ပြည်ပမှ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်သွင်းခွင့် လိုင်စင် သို့မဟုတ် ပါမစ်ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းတွင် လိုင်စင် သို့မဟုတ် ပါမစ်လျှောက်ထားရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် သဘောထားမှတ်ချက် လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြု ချက်ရယူရန်လိုအပ်ချက် (အမွှေးအတောင်များ)
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၃ (က)၊ ပုဒ်မ ၉ (ခ) နှင့် အခန်း ၂၊ ပုဒ်မ ၁၁၊ ပုဒ်မ ၁၈ (ခ)) တို့သည် ကုန်စည်များမတင်သွင်းမီ သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို ပြည်တွင်းသို့ တင်သွင်းလိုသူသည် ပြည်ပမှ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်သွင်းခွင့် လိုင်စင် သို့မဟုတ် ပါမစ်ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းတွင် လိုင်စင် သို့မဟုတ် ပါမစ်လျှောက်ထားရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် သဘောထားမှတ်ချက် လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများအတွက် ကျန်းမာရေးထောက်ခံချက်ရယူရန် (အမွှေးအတောင်များ)
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၃(ခ)၊ အခန်း ၂၊ ပုဒ်မ ၁၂ (ခ)) သည် တင်သွင်းနိုင်ငံအနေဖြင့် တင်သွင်းကုန်စည်များအတွက် ကျန်းမာရေးထောက်ခံချက် လိုအပ်ကြောင်းဖောပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို တင်သွင်းလိုသူသည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် တင်သွင်းခွင့်ထောက်ခံချက်လျှောက်ထားရာတွင် တင်သွင်းမည့် တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာတွင် ဦးစီးဌာနက သတ်မှတ်ထားသည့် ကူးစက် ရောဂါကင်းရှင်းကြောင်း တင်ပို့မည့်နိုင်ငံ၏ သက်ဆိုင်ရာဌာနမှ ထုတ်ပေးသည့် တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက် သို့မဟုတ် ထောက်ခံချက်ကို တင်ပြရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို သတ်မှတ်ထားသည့် အကောက်ခွန်စခန်းမှသာသယ်ဆောင်ခြင်း (အမွှေးအတောင်များ)
|
သင်္ဘောမတင်မီကြိုတင်စစ်ဆေးခြင်းနှင့် အခြားသောဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၄ (က) နှင့် အခန်း ၂၊ ပုဒ်မ ၁၃ (က)) သည် စစ်ဆေးရေးအတွက် တင်သွင်းမှုများကို သတ်မှတ်ဝင်ပေါက် သို့မဟုတ် အကောက်ခွန် ရုံးများမှသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်တင်သွင်းလိုသူသည် ဦးစီးဌာနက သတ်မှတ်ထားသည့် လေဆိပ်၊ သင်္ဘောဆိပ် သို့မဟုတ် စစ်ဆေးရေးစခန်းမှသာ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို တင်သွင်းရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများအပေါ် ရောဂါပိုးမွှားကင်းစင်ကြောင်းဆောင်ရွက်ချက် (အမွှေးအတောင်များ)
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၇ (က) (ခ) နှင့် အခန်း ၂၊ ပုဒ်မ ၁၆ (ခ) (ဂ) ) သည် တိရစ္ဆာန်များနှင့် ယင်း၏ ထွက်ကုန်များကို ရောဂါပိုးမွှားပျံ့နှံ့ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် ယင်းတို့ရောက်ရှိသည့်နေရာတွင် သတ်မှတ်ထားသည့် ကာလအတွင်း သီးခြားခွဲခြားထားရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်တင်သွင်းသူသည် ဦးစီးဌာန၏စစ်ဆေးမှုကို ခံယူရန်အလို့ငှာ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို ခွင့်ပြုထားသောလမ်းကြောင်းအတိုင်း၊ သတ်မှတ်ထားသည့် နေရာသို့ သယ်ဆောင်ပြီး သတ်မှတ်ထားသော ကာလအပိုင်းအခြားအထိ သီးသန့်ခွဲခြားထားရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်သွင်းမှုအပေါ် အခကြေးငွေကောက်ခံခြင်း (အမွှေးအတောင်များ)
|
ထပ်ဆောင်းအခွန်များနှင့်အခများအပါအဝင် စျေးနှုန်းထိန်းချုပ်ရေးဆိုင်ရာစီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၇ (ဂ) နှင့် အခန်း ၂၊ ပုဒ်မ ၁၆ (ဃ)) သည် ကုန်စည်များအတွက် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို တင်သွင်းသူသည် အဆိုပါ ကုန်စည်များကို သီးသန့်ခွဲခြားထားရှိရန် သတ်မှတ်ထားသည့်နေရာတွင် သတ်မှတ်ထားသည့် ကာလ အပိုင်းအခြားအထိထားရှိရာတွင် တိရစ္ဆာန်ကို ကျွေးမွေးခြင်း၊ စောင့်ရှောက်ခြင်း၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကုသခြင်းနှင့် လိုအပ်ချက်အရဆောင်ရွက်ရသည့် အခြားလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများ ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ပိုးသတ်သန့်စင်ခြင်းနှင့် လိုအပ်ချက်အရ ဆောင်ရွက်သော အခြားလုပ်ငန်းများအတွက် သတ်မှတ်ထားသည့် အခကြေးငွေများကိုပေးဆောင်ရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို စစ်ဆေးခြင်း (အမွှေးအတောင်များ)
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၇ နှင့် အခန်း ၂၊ ပုဒ်မ ၁၆) သည် တင်သွင်းလာသည့် တိရစ္ဆာန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို စစ်ဆေးရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို တင်သွင်းလာသူသည် သက်ဆိုင်ရာဦးစီးဌာနမှ တိရစ္ဆာန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများအပေါ် စစ်ဆေးခြင်းကို ခွင့်ပြုရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |