မျိုးစေ့များအားပြည်ပသို့တင်ပို့ခွင့်ထောက်ခံချက်ရရှိရန်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

ကဏ္ဍ Export
ပုံ မျိုးစေ့များအားပြည်ပသို့တင်ပို့ခွင့်ထောက်ခံချက်ရရှိရန်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
အကျဉ်းချုပ် မျိုးစေ့များအား ပြည်ပသို့တင်ပို့ခွင့်ထောက်ခံချက်နှင့် အရည်အသွေးမှန်ကန်ကြောင်း ထောက်ခံချက်လက်မှတ်ကို အမျိုးသားမျိုးစေ့ကော်မတီမှ လျှောက်ထားခြင်း။
အကြောင်းအရာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန
မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ

မျိုးစေ့များအားပြည်ပသို့တင်ပို့ခွင့် ထောက်ခံချက်ရရှိရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ


 အဆင့် (၁)  
မျိုးစေ့တင်ပို့ခွင့်လျှောက်ထားလိုသူသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ website (mairs.doa.gov.mm) တွင် account Registration ပြုလုပ်ရမည်ဖြစ်ပါသည်။ ထို့နောက် website (mairs.doa.gov.mm) တွင် လျှောက်လွှာကို ဖြည့်စွက်ပြီး အောက်ဖော်ပြပါအဆိုပြုလွှာမိတ္တူကို တင်ပြရမည်ဖြစ်ပါသည်။ လျှောက်ထားသူသည် မျိုးသစ်အသိအမှတ်ပြုလက်မှတ်နှင့် မျိုးစေ့လုပ်ငန်းလိုင်စင်ရရှိပြီးသောမျိုးများကိုသာ တင်ပို့ခွင့် လျှောက်ထားရမည်ဖြစ်ပါသည်။ တင်ပို့ခွင့်လျှောက်ထားရာတွင် မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံး လုပ်နည်းများ ပုံစံ(၁၂)အရ-

  • (က)      အဆိုပြုလွှာမိတ္တူ  ကိုပူးတွဲတင်ပြရပါမည်။

အဆင့်(၂)
လျှောက်လွှာများကို Website (mairs.doa.gov.mm) ဖြင့် လက်ခံပြီး ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ကို စိစစ်ပေးပါသည်။  ပြည့်စုံမှုမရှိသော လျှောက်လွှာများကို လျှောက်လွှာရှင်ထံသို့ ပြန်လည်ပြင်ဆင် တင်ပြနိုင်ရန် အကြောင်းကြားစာ (Notification for Modification) ပေးပို့မည်ဖြစ်ပါသည်။


အဆင့် (၃)
လျှောက်ထားလာသော လျှောက်လွှာများ ပြည့်စုံမှန်ကန်ပါက ပြည်ပသို့ မျိုးစေ့တင်ပို့ခွင့် ထောက်ခံချက်ကို  website (mairs.doa.gov.mm) မှတဆင့် ထုတ်ပေးမည်ဖြစ်ပါသည်။

 

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း