ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များ

ကဏ္ဍ Import/Export
ပုံ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များ
အကျဉ်းချုပ် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များအား စက်မှုဝန်ကြီးဌာန၏ စက်မှုပူးပေါင်း‌ဆောင်ရွက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။
အကြောင်းအရာ

စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များ


အဆင့် (၁)
            
    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းလိုင်စင်လျှောက်လွှာ ပုံစံ(၁) နှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများဖြင့် ပူးတွဲတင်ပြရပါမည်-
    (က)    ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့်လျှောက်လွှာ (မှတ်ပုံတင်/ Passport မိတ္တူပူးတွဲ)
    ( ခ)     ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုအစီအစဉ်
    ( ဂ)     လုပ်ငန်းနှင့်ပတ်သက်သည့် အချက်အလက်များနှင့် စာရွက်စာတမ်းမိတ္တူ(၁)စုံ
    (ဃ)    ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် အထောက်အထားမိတ္တူ
    ( င)    အထွေထွေနစ်နာဆုံးရှုံးမှုအား ပေးလျော်ရန်အတွက် မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိမှုမိတ္တူ
    ( စ)    သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက် သို့မဟုတ် ခွင့်ပြုမိန့်

အဆင့်(၂)
    ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၁၇ အရ လိုင်စင်လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း ၍ လျှောက်လွှာ ပုံစံ(၁) အား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများပြည့်စုံခြင်း ရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင်သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း သို့မဟုတ် အခြားအချက်အလက်များလိုအပ် ပါကလျှောက်ထားသူအား အကြောင်းကြားဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်ပြည့်စုံပါက လုပ်ငန်းအားကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် သက်ဆိုင်ရာ တိုင်းဒေ သကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များထံသို့ အကြောင်းကြားဆောင်ရွက်မည်ဖြစ်ပါသည်။

အဆင့်(၃)
    ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာသည် လိုင်စင်ထုတ်ပေးရန်ထောက်ခံပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိစက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ လိုင်စင်ခ ပေးသွင်းရပါမည်။

လိုင်စင်ခ

စဉ်

လုပ်ငန်းအရေအတွက်

နှုန်း(ကျပ်)

သက်တမ်း

(က)

၁ ခု

၁၀၀,၀၀၀

၂ နှစ်

( ခ)

၂ ခု

၂၀၀,၀၀၀

၂ နှစ်

( ဂ)

၃ ခုနှင့်အထက်

၃၀၀,၀၀၀

၂ နှစ်

အဆင့်(၃-က)(လိုင်စင်သက်တမ်းတိုးခြင်း)
    လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့လျှောက် ထားရမည်ဖြစ်ပြီး ဥက္ကဌ၏ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564)သို့ လိုင်စင်သက်တမ်းတိုးမြှင့်ခ ပေးသွင်း ရပါမည်။

လိုင်စင်သက်တမ်းတိုးမြှင့်ခ

စဉ်

လုပ်ငန်းအရေအတွက်

နှုန်း(ကျပ်)

သက်တမ်း

(က)

၁ ခု

၈၀,၀၀၀

၂ နှစ်

( ခ)

၂ ခု

၁၆၀,၀၀၀

၂ နှစ်

( ဂ)

၃ ခုနှင့်အထက်

၂၄၀,၀၀၀

၂ နှစ်

အဆင့်(၄)
    လျှောက်ထားသူကိုယ်တိုင်   လိုင်စင် သို့မဟုတ် သက်တမ်းတိုးကတ်ထုတ်ယူပါက    မှတ်ပုံတင်မူရင်း၊  မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ၊ မှတ်ပုံတင် မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း ပူးတွဲယူဆောင်လာရပါမည်။

 

 

 

 

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း