ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များ
Last Updated: 2022-08-08 09:10:17
Summary
Description
စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များ
အဆင့် (၁)
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းလိုင်စင်လျှောက်လွှာ ပုံစံ(၁) နှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများဖြင့် ပူးတွဲတင်ပြရပါမည်-
(က) ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့်လျှောက်လွှာ (မှတ်ပုံတင်/ Passport မိတ္တူပူးတွဲ)
( ခ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုအစီအစဉ်
( ဂ) လုပ်ငန်းနှင့်ပတ်သက်သည့် အချက်အလက်များနှင့် စာရွက်စာတမ်းမိတ္တူ(၁)စုံ
(ဃ) ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် အထောက်အထားမိတ္တူ
( င) အထွေထွေနစ်နာဆုံးရှုံးမှုအား ပေးလျော်ရန်အတွက် မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိမှုမိတ္တူ
( စ) သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက် သို့မဟုတ် ခွင့်ပြုမိန့်
အဆင့်(၂)
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၁၇ အရ လိုင်စင်လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း ၍ လျှောက်လွှာ ပုံစံ(၁) အား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများပြည့်စုံခြင်း ရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင်သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း သို့မဟုတ် အခြားအချက်အလက်များလိုအပ် ပါကလျှောက်ထားသူအား အကြောင်းကြားဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်ပြည့်စုံပါက လုပ်ငန်းအားကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် သက်ဆိုင်ရာ တိုင်းဒေ သကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များထံသို့ အကြောင်းကြားဆောင်ရွက်မည်ဖြစ်ပါသည်။
အဆင့်(၃)
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာသည် လိုင်စင်ထုတ်ပေးရန်ထောက်ခံပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိစက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ လိုင်စင်ခ ပေးသွင်းရပါမည်။
လိုင်စင်ခ
စဉ် |
လုပ်ငန်းအရေအတွက် |
နှုန်း(ကျပ်) |
သက်တမ်း |
(က) |
၁ ခု |
၁၀၀,၀၀၀ |
၂ နှစ် |
( ခ) |
၂ ခု |
၂၀၀,၀၀၀ |
၂ နှစ် |
( ဂ) |
၃ ခုနှင့်အထက် |
၃၀၀,၀၀၀ |
၂ နှစ် |
အဆင့်(၃-က)(လိုင်စင်သက်တမ်းတိုးခြင်း)
လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့လျှောက် ထားရမည်ဖြစ်ပြီး ဥက္ကဌ၏ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564)သို့ လိုင်စင်သက်တမ်းတိုးမြှင့်ခ ပေးသွင်း ရပါမည်။
လိုင်စင်သက်တမ်းတိုးမြှင့်ခ
စဉ် |
လုပ်ငန်းအရေအတွက် |
နှုန်း(ကျပ်) |
သက်တမ်း |
(က) |
၁ ခု |
၈၀,၀၀၀ |
၂ နှစ် |
( ခ) |
၂ ခု |
၁၆၀,၀၀၀ |
၂ နှစ် |
( ဂ) |
၃ ခုနှင့်အထက် |
၂၄၀,၀၀၀ |
၂ နှစ် |
အဆင့်(၄)
လျှောက်ထားသူကိုယ်တိုင် လိုင်စင် သို့မဟုတ် သက်တမ်းတိုးကတ်ထုတ်ယူပါက မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ၊ မှတ်ပုံတင် မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း ပူးတွဲယူဆောင်လာရပါမည်။