မြိတ် ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ် ကာလတူထက်ပါ ကုန်သွယ်မှုပိုမို

မန်မာ-ထိုင်းနယ်စပ်ရှိ မြိတ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၆ ခုနှစ် မေတွင် ပို့ကုန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၅၇ သန်း၊ သွင်း ကုန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ၁၃ ဒသမ ၅၄၄သန်းဆောင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၄၄ သန်း ေ ဆာင်ရွက်ခဲ့ပါတယ်။ မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အနီးစပ်ဆုံးကာလဖြစ်တဲ့ ဧပြီလနဲ့ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆၉ သန်းပိုမေို ဆာင်ရွက်ခဲ့တဲ့အပြင် ယမန် နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါကလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်း ပိုမိုဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလ ထက် ယမန် နှစ် ကာလတူတို့ထက် ကုန်သွယ်မှုပိုမိုရ ခြင်းမှာ ပို့ကုန်အနေဖြင့် ရော်ဘာနှင့် ရေထွက်ပစ္စည်းများဖြစ်တဲ့ ငါးမျိုးစုံ၊ ရော်ဘာ၊ ကဏန်းပျော့၊ ကင်းမွန်တို့ ပိုမိုတင်ပို့နိုင်ခြင်းကြောင့်ဖြစ်ပြီး သွင်းကုန်အနေဖြင့် ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ၊ ဒီဇယ်၊ ဓာတ်ဆီ၊ အင်ဂျင်ဝိုင်၊ ရေလုပ်ငန်းသုံးပစ္စည်းများ၊ နို့ဆီ၊ ဆပ်ပြာကုန်ကြမ်း ပစ္စည်းတို့ ပိုမိုတင်သွင်းနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ မြိတ် ကုန်သွယ်ရေးစခန်းရဲ့ မေလ အတွင်း အများဆုံး တင်ပို့ခဲ့တဲ့အမယ်တွေက တော့ ငါးမျိုးစုံ၊ ငါးမှုန့် အေးခဲကဏန်း ပျော့၊ အေးခဲပုစွန်၊ရေငန်ပုစွန်၊ ရော်ဘာတို့ဖြစ်ပြီး အများဆုံး တင် သွင်းခဲ့တဲ့ သွင်းကုန်အမယ်တွေကတော့ ဒီဇယ်၊ ဘိလပ်မြေ၊ ဟင်းချက်ဆီ၊ ဓာတ်ဆီ၊ ဓာတ်မြေသြဇာတို့ဖြစ်ပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General