အပင်နှင့်အပင်ထွက်ပစ္စည်းများတင်သွင်းမှုအတွက် အသိအမှတ်ပြုလက်မှတ်ရရှိရန်လိုအပ်ချက်

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (အခန်း ၃၊ အပိုဒ် ၄ (က)) သည် တင်သွင်းမည့်ကုန်စည်အတွက် အသိအမှတ်ပြုလက်မှတ်ကို သက်ဆိုင်ရာဌာနမှ ရရှိရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ အပင်၊ အပင်ထွက် ပစ္စည်း၊ ပိုးမွှား၊ အကျိုးပြုသက်ရှိ သို့မဟုတ် မြေကြီးကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းလိုသူသည် သက်ဆိုင်ရာဌာန သို့မဟုတ် အဖွဲ့အစည်းထံမှ တင်သွင်းခွင့်လိုင်စင် သို့မဟုတ် ပါမစ်ရယူခြင်းမပြုမီ တင်သွင်းခွင့်ထောက်ခံချက်လက်မှတ် ရရှိရေးအတွက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ ဦးစွာလျှောက်ထားရမည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်များမှာ လူသားဘဝနှင့် ကျန်းမာရေးကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်ပါသည်။
မှတ်ချက်များ အပင်ပိုးမွှားကာကွယ်ရေးဥပဒေ ၁၉၉၃ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။
အဖွဲ့အစည်း စိုက်ပျိုးရေးဦးစီးဌာန
ပို့ကုန်/သွင်းကုန် သွင်းကုန်
မှ အတည်ဖြစ်သည် 2018-06-16
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် အပင်ပိုးမွှားကာကွယ်ရေးဥပဒေ ၁၉၉၃
နည်းပညာကုဒ်
ယူအမ်ကုဒ် A83 - Certification requirement
စည်းမျဉ်းအမျိုးအစား လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု
ပြင်ဆင်သည့်ရက် 2018-06-25 16:59:08

ဥပဒေ စာရွက်စာတမ်းများ
အမည် ကဏ္ဍ
အပင်ပိုးမွှားကာကွယ်သည့်ဥပဒေ ၁၉၉၃ Law
လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပမှတင်သွင်းခွင့်ထောက်ခံချက်လက်မှတ် အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပမှတင်သွင်းခွင့်ထောက်ခံချက်လက်မှတ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လျှောက်ထားခြင်း Import
အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပမှတင်သွင်းပြီးထုတ်ယူခွင့်ထောက်ခံချက် အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပမှတင်သွင်းပြီးထုတ်ယူခွင့်ထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လျှောက်ထားခြင်း Import
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ