| အကြောင်းအရာ | ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၁၉ (ခ) နှင့် (စ)) သည် ကုန်စည်တင်ပို့ရန်အတွက် ထောက်ခံချက်ရယူရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပို့ကုန်ခွင့်ပြုချက်ရရှိထားပြီးသူသည် ကုန်အမှာစာ၊ ကုန်တင်စာရင်း၊ ကုန်ပို့လွှာ၊ သင်္ဘောကုန်တင်စာရွက်စာတမ်းများနှင့် အခြားလိုအပ်သော စာရွက်စာတမ်းအထောက်အထား မိတ္ထူများကို ပူးတဲ၍ ပြည်ပသို့တင်ပို့ခြင်းမပြုမီ ကြိုတင်၍ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေး ကော်မတီသို့ ဆောလျင်စွာတင်ပြရမည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ထိန်းချုပ်ရန်ဖြစ်ပါသည်။ | 
                    
                        | မှတ်ချက်များ | အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၀၄ ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။  ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏စီးပွားရေး အခြေအနေအရ ပြောင်းလဲနိုင်သည်။ | 
                    
                        | အဖွဲ့အစည်း | ပြည်ထဲရေးဝန်ကြီးဌာန | 
                    
                        | ပို့ကုန်/သွင်းကုန် | ပို့ကုန် | 
                    
                        | မှ အတည်ဖြစ်သည် | 2004-07-01 | 
                    
                        | ထိ အတည်ဖြစ်သည် | သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ | 
                    
                        | ရည်ညွှန်းချက် | မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မခွဲ (က) | 
                    
                        | နည်းပညာကုဒ် |  | 
                    
                        | ယူအမ်ကုဒ် | P13 - Authorization or permit requirements to export, for technical reasons | 
                    
                        | စည်းမျဉ်းအမျိုးအစား | ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ | 
                    
                        | ပြင်ဆင်သည့်ရက် | 2018-06-21 12:36:05 |