အကြောင်းအရာ | ဤစီမံဆောင်ရွက်မှု (အခန်း ၁၀၊ အပိုဒ် ၂၂ (က, စ)) သည် အစားအသောက်များအတွက် ပိုးမွှားကင်းစင်သန့်ရှင်းမှုလိုအပ်ချက်ကို ဖော်ပြထားပါသည်။ စားသုံးသူကို အဆိပ်သင့်စေနိုင်သော၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်၊ ပုပ်သိုးသော၊ ပျက်စီးသော သို့မဟုတ် လူတို့စားသုံးရန် မသင့်လျော်သော ပစ္စည်းပါရှိသည့် အစားအသောက် တို့ကို ပြည်တွင်းသို့ တင်သွင်းခွင့်မပြုပါ။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်များမှာ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းသော အစားအသောက်ကို အများပြည်သူတို့စားသုံးနိုင်ရန်၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေ နိုင်သော၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်ကို အများပြည်သူတို့ စားသုံးမိခြင်းမှ ကာကွယ်ရန်၊ အစားအသောက်များထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို စနစ်တကျကွပ်ကဲထိန်းသိမ်းရန် ဖြစ်ပါသည်။ |
မှတ်ချက်များ | အမျိုးသားအစားအသောက်ဥပဒေ ၁၉၉၇ ကို ကျန်းမာရေးနှင့်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အမျိုးသားအစားအသောက်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏ အခြေအနေအရ ပြောင်းလဲနိုင်သည်။ |
အဖွဲ့အစည်း | အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန |
ပို့ကုန်/သွင်းကုန် | သွင်းကုန် |
မှ အတည်ဖြစ်သည် | 1997-03-03 |
ထိ အတည်ဖြစ်သည် | သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ |
ရည်ညွှန်းချက် | အမျိုးသားအစားအသောက်ဥပဒေ ၁၉၉၇ |
နည်းပညာကုဒ် | |
ယူအမ်ကုဒ် |
A4 - Hygienic requirements related to SPS
|
စည်းမျဉ်းအမျိုးအစား | လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ပြင်ဆင်သည့်ရက် |
2018-06-21 13:11:53 |