တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာများ တင်သွင်းမှုအတွက် အတည်ပြုချက်ရယူရန်လိုအပ်ချက် (အမွှေးအတောင်များ)

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၅၊ ၁၀) သည် ကုန်စည်တင်သွင်းမှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာကို ပြည်ပမှတင်သွင်းသူသည် တင်သွင်းမည့်ပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာနသို့ တင်သွင်းခွင့်လိုင်စင် သို့မဟုတ် ပါမစ်လျှောက်ထားခြင်းမပြုမီ တင်သွင်းခွင့်ရရှိရေးအတွက် သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထား၍ ထောက်ခံချက်လက်မှတ် ရယူရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
မှတ်ချက်များ တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။
အဖွဲ့အစည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ပို့ကုန်/သွင်းကုန် သွင်းကုန်
မှ အတည်ဖြစ်သည် 2010-12-30
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ၂၀၁၀
နည်းပညာကုဒ် A14
ယူအမ်ကုဒ် A14 - Authorization requirement for SPS reasons for importing certain products
စည်းမျဉ်းအမျိုးအစား လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု
ပြင်ဆင်သည့်ရက် 2018-09-18 13:17:35

လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
တိရိစ္ဆာန်အမွေးများအတွက် တင်သွင်းခွင့်ထောက်ခံချက် ဘဲမွေး၊ ကြက်ဆင်မွေး၊ ယုန်မွေး နှင့် အခြားတိရိစ္ဆာန်အမွေးများ ပြည်တွင်းသို့တင်သွင်းရာတွင် တင်သွင်းခွင့်ထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန အောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ရယူခြင်း Import
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ
0501000000 Human hair, unworked, whether or not washed or scoured; waste of human hair.
0502100000 - Pigs’, hogs’ or boars’ bristles and hair and waste thereof
0502900000 - Other
0505101000 - - Duck feathers
0505109000 - - Other
0505901000 - - Duck feathers
0505909000 - - Other
4303100000 - Articles of apparel and clothing accessories
4303902000 - - Articles for industrial uses
4303909000 - - Other
4304001000 - Artificial fur
4304002000 - Articles for industrial uses
4304009100 - - Sports bags
4304009900 - - Other
5003000000 Silk waste (including cocoons unsuitable for reeling, yarn waste and garnetted stock).