ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ပစ္စည်းများတင်သွင်းမှုအတွက်သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက်

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (အခန်း ၁၂၊ ပုဒ်မ ၃၀) သည် ကုန်စည်များတင်သွင်းမှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ မည်သူမျှ ဝန်ကြီးဌာနက တားမြစ်ထားသော ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ပစ္စည်းတစ်ခုခုအား ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်သို့ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ သိလှောင် ခြင်း၊ သယ်ယူခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းမပြုရ။ ရည်ရွယ်ချက်များမှာ ပစ္စုပ္ပန်နှင့် အနာဂါတ်မျိုးဆက်များ၏ အကျိုးအတွက် ကောင်းမွန်ပြီးသန့်ရှင်းသည့် ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန်နှင့် သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ ဆုတ်ယုတ်ပျောက်ကွယ်စဖြစ်နေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှပြန်လည်ဖော်ထုတ်ရန်၊ သဘာဝသယံဇာတ အရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ်အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ရန် တို့ဖြစ်ပါသည်။
မှတ်ချက်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြဌာန်းပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏ အခြေအနေအရ ပြောင်းလဲနိုင်သည်။
အဖွဲ့အစည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ပို့ကုန်/သွင်းကုန် သွင်းကုန်
မှ အတည်ဖြစ်သည် 2012-03-30
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂
နည်းပညာကုဒ် B14
ယူအမ်ကုဒ် B14 - Authorization requirement for importing certain products
စည်းမျဉ်းအမျိုးအစား ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ
ပြင်ဆင်သည့်ရက် 2018-07-31 16:05:46

ဥပဒေ စာရွက်စာတမ်းများ
အမည် ကဏ္ဍ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂ Law
လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ