အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများတင်ပို့မှုအတွက်စီမံဆောင်ရွက်မှု

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (အခန်း ၂၊ ပုဒ်မ ၁၁ နှင့် အခန်း ၅၊ ပုဒ်မ ၂၁) သည် ကုန်စည်များနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ဖော်ပြထားရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကို ဖြစ်စေ၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကိုအသုံးပြုရန် ထုတ်လုပ်ထားသော ထုတ်ကုန်ကိုဖြစ်စေ ပြည်ပသို့ တင်ပို့ခြင်း ပြုလုပ်သူသည် မိမိ၏ လုပ်ငန်းနှင့် စပ်လျဉ်း၍ ပြည်ပသို့အမှန်တကယ်တင်ပို့မှု အခြေအနေကို ဝန်ကြီးဌာနသို့ နှစ်စဉ်တင်ပြရမည်။ ရည်ရွယ်ချက်များမှာ ဆုတ်ယုတ်ပျောက်ကွယ်စ ဖြစ်နေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှပြန်လည်ဖော်ထုတ်ရန်၊ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ရန်တို့ဖြစ်ပါသည်။
မှတ်ချက်များ အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၁၄ ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။
အဖွဲ့အစည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ပို့ကုန်/သွင်းကုန် ပို့ကုန်
မှ အတည်ဖြစ်သည် 2018-07-14
ထိ အတည်ဖြစ်သည်
ရည်ညွှန်းချက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂
နည်းပညာကုဒ်
ယူအမ်ကုဒ် P9 - Export measures n.e.s.
စည်းမျဉ်းအမျိုးအစား ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ
ပြင်ဆင်သည့်ရက် 2018-07-14 16:53:04

လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ တင်ပို့ခွင့်ထောက်ခံချက်နှင့်လုပ်ငန်းလုပ်ကိုင်ခြင်း မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့လိုသော အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများဆိုင်ရာ တင်ပို့ခွင့်ထောက်ခံချက်နှင့် လုပ်ငန်းလုပ်ကိုင်ခြင်းကို သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင်လျှောက်ထားခြင်း။ Export
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ