အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၂၅) ဖြင့် အကောက်ခွန်နှုန်း လျော့ချသတ်မှတ်ကြောင်းကြေညာခြင်း
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အကောက်ခွန်နှုန်းဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန်နှင့် ပြည်တွင်းအသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ထုတ်လုပ်မည့် လောင်စာသုံးယာဉ်များ Semi-Knocked Down – SKD စနစ်နှင့် Completely Knocked Down – CKD စနစ်တို့ဖြင့် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားများ ဖြေလျှော့ခွင့်ပြုလိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၂၅) ဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်ပါသည်။
ထုတ်ပြန်သည့်ရက် | 2025-06-04 |
ဥပဒေ အမျိုးအစား | Notification |
ထုတ်ပြန်သည့်အဖွဲ့ | စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန |
တာဝန်ယူသည့် အဖွဲ့ | အကောက်ခွန်ဦးစီးဌာန |
ပြင်ဆင်သည့်ရက် | 2025-06-24 04:25:03 |