မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ

ပြည်ထောင်စုလွှတ်တော်သည်မြန်မာအထူးစီးပွားရေးဇုန်ဥပဒေကို ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် နေ့တွင်ပြဌာန်းလိုက်သည်။ ရည်ရွယ်ချက်များမှာ အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ အဓိကရည်မှန်းချက်များကို အထောက်အကူပြုရန်၊  ပြည်သူအများအလုပ်အကိုင်ရရှိစေရန်၊ ယင်းတို့၏လူနေမှုအဆင့်အတန်း မြင့်မားစေရန်၊ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေပြီး ပြည်ပပို့ကုန်တိုးတက်စေရန်နှင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေရန်၊ နိုင်ငံတော်အတွင်း စက်မှုကဏ္ဍ၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်အားပေးခြင်း၊မြှင့် တင်ခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကို ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် အခြားနိုင်ငံများ အကြားစက်မှုလုပ်ငန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကိုမြှင့်တင်ရန်နှင့် နိုင်ငံသားများအား အသက်မွေးဝမ်းကြောင်း ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများ ရရှိစေရန်၊ ရင်းနှီး တည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခြေခံကောင်းများတည်ဆောက်ခြင်းဖြင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်းနှင့်ဆွဲဆောင်ခြင်းပြုရန်၊ အထူးစီးပွားရေးဇုန်တွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်နှင့် အလုပ်အကိုင်သစ်များဖန်တီးပေးပြီး အထူးစီးပွားရေး ဇုန်အတွင်းနှင့် ပတ်ဝန်းကျင်ရှိ စက်မှုလုပ်ငန်းများအကြား ရှေ့ နောက်ချိတ်ဆက်ဆောက်ရွက်မှုများဖြစ်ပေါ်လာစေရန် ဖြစ်ပါသည်။

ထုတ်ပြန်သည့်ရက် 0000-00-00
ဥပဒေ အမျိုးအစား Law
ထုတ်ပြန်သည့်အဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီးများညွှန်ကြားမှုဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-05-28 15:30:45

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ