ညွှန်ကြားချက်အမှတ် (၄/၂၀၂၁) (တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေထွက်ပစ္စည်းများတင်ပို့ခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့်စံသတ်မှတ်ချက်များထုတ်ပြန်ခြင်း)

ငါးလုပ်ငန်းဦးစီးဌာနသည် တရုတ်နိုင်ငံသို့ ငါး/ပုစွန် ရေထွက်ပစ္စည်းများတင်ပို့နေသည့် စက်ရုံများ/ ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံမှထုတ်ပြန်ထားသည့် အမျိုးသားအဆင့်စားသောက်ကုန်များ သန့်ရှင်းစိတ်ချမှုစံသတ်မှတ်ချက်များအဖြစ် အစားအသောက်ထုတ်လုပ်ခြင်းအတွက် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ အထွေထွေစည်းမျဥ်းများ (GB 14881-2013 General Hygiene Regulation for Foods Production)၊ ရေထွက်ပစ္စည်းများအတွက်  ကျန်းမာသန့်ရှင်းရေးဆိုင်ရာကျင့်စဥ် (GB 20941 -2016 Hygienic Practice of Aquatic Products)၊ ရေထွက်ကုန်များအတွက် စံသတ်မှတ် ချက်များ (GB 2733-2015 Fresh, Frozen Aquatic Products of Animal Origin)၊ အစားအသောက်ထုတ်လုပ်သော စက်ရုံများအတွက် HACCP စနစ်ဆိုင်ရာ အထွေထွေလိုအပ်ချက်များ (GB/T 27341-2009 General Requirement for Food Processing Plant/ Hazard Analysis and Critical Control Point- HACCP System)များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါ သည်။ တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့နေသည့် စက်ရုံများ/ကုမ္ပဏီများသည် တရုတ်နိုင်ငံမှထုတ်ပြန်ထားသော အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြဌာန်းချက်များ၊ စည်းမျဉ်း စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး အထောက်အကူပြုစေမည်ဖြစ်ပါသည်။

 

ထုတ်ပြန်သည့်ရက် 2021-12-17
ဥပဒေ အမျိုးအစား Order
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ငါးလုပ်ငန်းဦးစီးဌာန
ပြင်ဆင်သည့်ရက် 2023-03-13 04:47:59

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ