အမိန့်ကြော်ငြာစာအမှတ်၊ ၆၈/၂၀၂၀ (သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်စာရင်းထုတ်ပြန်ခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂၀၁၉ ဖြင့်ထုတ်ပြန်ခဲ့သည့် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်စာရင်းအား ပြင် ဆင်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၆၈/၂၀၂၀ အား၂၂-၁၀-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဤအမိန့်ကြော်ငြာစာအရ ကုန်စည်လိုင်း ၃၉၃၁ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်များအဖြစ်သတ်မှတ်လိုက်သည်။ ၎င်းအမိန့်ကြော်ငြာစာသည် ၁-၁၂-၂၀၂၀ ရက်နေ့တွင် စတင်အကျုံးဝင်မည်ဖြစ်ပြီး အမိန့်အကြော်ငြာစာအမှတ်၊ ၂၂/၂၀၁၉ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

ယခင်ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂၀၁၉ တွင်မပါဝင်သည့် ကုန်စည်လိုင်းများသည် ဤအမိန့်ကြော်ငြာစာပါ ကုန်စည်လိုင်းများတွင် အကျုံးဝင်ပါက သွင်းကုန်လိုင်စင်လျောက်ထားခြင်းကို ဤအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၉၀ ပြည်မြောက်သည့်နေ့တွင် သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။

ထုတ်ပြန်သည့်ရက် 2020-10-22
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2020-12-04 06:59:19

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ