အမိန့်ကြောငြာစာအမှတ်၊ ၅၁/၂၀၂၀ (ပို့ကုန်လိုင်စင်လျှောက်ထားရယူရန်လိုအပ်သော ကုန်စည် စာရင်းအား ထုတ်ပြန်ခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်ရ ၈ ရက်နေ့တွင် ဤ အမိန့်ကြော်ငြာစာအမှတ်၊ ၅၁/၂၀၂၀ ကို ထုတ်ပြန်လိုက်သည်။ အဆိုပါ အမိန့်ကြော်ငြာစာအရ 6 digit ဖြင့် ကုန်စည်လိုင်းပေါင်း (၇၇၈) လိုင်းကို (သို့မဟုတ်) 10 digit ဖြင့် ကုန်စည်လိုင်းပေါင်း (၁၂၂၄) ကို HS 2017 version အရ ပို့ကုန်လိုင်စင် လျှောက်ထားရယူရန်လိုအပ်သော ကုန်စည်စာ ရင်းအဖြစ် သတ်မှတ်ထုတ်ပြန်လိုက်သည်။ ဤအမိန့်ကြော်ငြာစာသည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ အကျုံးဝင်မည်ဖြစ်ပြီး ၎င်းနေ့မှ ရက်ပေါင်း ၉၀ ပြည့်မြောက် သည့်နေ့တွင် ပို့ကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ပါသည်။ ၈-၂-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉/၂၀၁၈ အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက် လိုက်သည်။

ထုတ်ပြန်သည့်ရက် 2020-07-08
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2022-03-21 10:22:41

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်