အမိန့်ကြောငြာစာအမှတ်၊ ၅၀/၂၀၂၀ (သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်သောကုန်စည် များတင်သွင်းမှုနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်ထုတ်ပြန်ခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်ရ ၈ ရက်နေ့တွင် ဤ အမိန့်ကြော်ငြာစာအမှတ်၊ ၅၀/၂၀၂၀ ကို ထုတ်ပြန်လိုက်သည်။ ဤအမိန့်ကြော်ငြာစာအရ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၂-၁၀-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉၃/၂၀၁၅ ဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၅) ပါ အပိုဒ် ၇၄ ကို “သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့် ကုန်စည်များအတွက် အကောက်ခွန်သိုလှောင်ရုံသို့ ထည့်သွင်းလာသည့် ကုန်စည်များမှအပ ကျန်ကုန်စည်များအား ခွင့်ပြုချက် မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်း မရှိစေရ” ဟု ပြင်ဆင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2020-07-08
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2020-08-12 04:30:31

picture_as_pdfမြန်မာ