အမိန့်ကြောငြာစာအမှတ်၊ ၃၄/၂၀၁၉ (အမိန့်ထုတ်ပြန်နိုင်ခွင့် အာဏာအပ်နှင်းခြင်း)

ပြည်ထောင်စုအစိုးရအဖွဲ့သည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄ (ခ) အရ တိရစ္ဆာန်တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းတိရစ္ဆာန်နှင့်စပ် လျဉ်း၍ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ခိုင်းစေမှု၊ မွေးမြူမှု၊ တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ် ထားရှိမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့်သက်ဆိုင်သည့် ကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနအား ဤအမိန့်ကြော်ငြာစာဖြင့် အပ်နှင်းလိုက်သည်။ (၂၁-၉-၁၉၆၆) ရက်စွဲပါ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၂၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2019-05-22
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
တာဝန်ယူသည့် အဖွဲ့
ပြင်ဆင်သည့်ရက် 2019-12-09 06:37:44

picture_as_pdfမြန်မာ