အမိန့်ကြော်ငြာစာအမှတ်၊ ၆၄/၂၀၁၉ (ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းအတွက် အကူးအပြောင်းကာလ အတွင်း အခွန်စည်းကြပ်ကောက်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ)

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၅ ရက် နေ့တွင် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၄၀ ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၁၉ နှင့်တကွ ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းအတွက် အကူအပြောင်း ကာလအတွင်း အခွန်စည်း ကြပ်ကောက်ခံမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုထုတ် ပြန်လိုက်သည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းအားလုံးသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိကာလအတွက် အခွန်စည်းကြပ်ကောက်ခံရာတွင် ဤအမိန့်ကြော်ငြာစာပါ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်။

ထုတ်ပြန်သည့်ရက် 2019-08-05
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ပြည်ထောင်စုဝန်ကြီးရုံး
ပြင်ဆင်သည့်ရက် 2019-09-17 04:56:21

picture_as_pdfမြန်မာ