ညွှန်ကြားချက်အမှတ်- ၈/၂၀၁၈ (ငါး၊ ပုစွန်ရေထွက်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား ပြင်ဆင်ထုတ်ပြန်ခြင်း)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ-၂၃ တွင် အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ငါး၊ ပုစွန်ရေထွက်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရ မည့် စည်းမျဉ်းစည်းကမ်းများ Technical Regulation for Export and Import Fishery Products) အား ဤညွှန်ကြားချက်ဖြင့် ထုတ်ပြန်လိုက်သည်။ သို့ဖြစ်ပါ၍ ရေထွက်ပစ္စည်း တင်ပို့/တင်သွင်းသောလုပ်ငန်းရှင်များအနေဖြင့် ယခုညွှန်ကြားချက်ပါ စည်းမျဉ်း၊စည်းကမ်းများ အား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ လိုက်နာကျင့်သုံးဆောင်ရွက်ရန်နှင့် အဆိုပါနေ့ရက်နေ့ မှစ၍ ညွှန်ကြားချက်အမှတ်- ၂/၂၀၁၅ ကို ဤညွှန်ကြားချက်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2018-12-05
ဥပဒေ အမျိုးအစား Instruction
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ငါးလုပ်ငန်းဦးစီးဌာန
ပြင်ဆင်သည့်ရက် 2019-03-10 05:29:23

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၅ (ရေထွက်ပစ္စည်းများတင်ပို့/ တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ) Myanmar 550.76kB file_downloadဒေါင်းလုပ်