ပုံစံများ

  အားလုံးပြရန်


Displaying 16 - 30 of 80 results
ခေါင်းစဉ် အကြောင်းအရာ ထုတ်ပြန်သူ အင်္ဂလိပ် မြန်မာ
ပြည်တွင်းသို့မျိုးစေ့တင်သွင်းရန်အတွက် ထောက်ခံချက်လျှောက်ထားခြင်း (ပုံစံ ၁၁) မျိုးစေ့ကို ပြည်တွင်းသို့ တင်သွင်းခြင်းပြုလုပ်လိုသူသည် ထောက်ခံချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ ဤပုံစံ ၁၁ ဖြင့် လျှောက်ထားရမည်။ စိုက်ပျိုးရေးဦးစီးဌာန picture_as_pdf picture_as_pdf
အပင်မျိုးသစ်အသိအမှတ်ပြုလက်မှတ် (ပုံစံ ၄) အပင်မျိုးသစ်ကို စီးပွားဖြစ်ထုတ်လုပ်ခြင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် အသိအမှတ်ပြုလက်မှတ်ရရှိရန်  ပုံစံ ၃ ဖြင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားမျိုးစေ့ကော်မတီသည် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန်ခွင့်ပြုပါက ထောက်ခံချက်ကို ပုံစံ ၄ ဖြင့် ထုတ်ပေးပါသည်။  စိုက်ပျိုးရေးဦးစီးဌာန picture_as_pdf
အပင်မျိုးသစ်အဖြစ် အသိအမှတ်ပြုလက်မှတ်လျှောက်ထားခြင်း (ပုံစံ ၃) အပင်မျိုးသစ်ကို စီးပွားဖြစ်ထုတ်လုပ်ခြင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းခြင်းပြုလုပ်လိုသူသည် ထုတ်လုပ်လိုသည့် သို့မဟုတ် ပြည်တွင်းသို့တင်သွင်းလိုသည့် အပင်မျိုးသစ်အတွက် အသိအမှတ်ပြုလက်မှတ်ရရှိရန် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသို့ ပုံစံ ၃ ဖြင့် လျှောက်ထားရမည်။  စိုက်ပျိုးရေးဦးစီးဌာန picture_as_pdf
စမ်းသပ်စိုက်ပျိုးရန်အတွက် ပြည်တွင်းသို့အပင်မျိုးသစ်တင်သွင်းခွင့်ထောက်ခံချက် (ပုံစံ ၂) စမ်းသပ်စိုက်ပျိုးရန်အတွက် ပြည်တွင်းသို့ အပင်မျိုးသစ်တင်သွင်းခွင့်အား ပုံစံ ၁ ဖြင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားမျိုးစေ့ကော်မတီသည် ထောက်ခံချက်ထုတ်ပေးရန်ခွင့်ပြုပါက ထောက်ခံချက်ကို ပုံစံ ၂ ဖြင့် ထုတ်ပေးပါသည်။  စိုက်ပျိုးရေးဦးစီးဌာန picture_as_pdf
စမ်းသပ်စိုက်ပျိုးရန်အတွက် ပြည်တွင်းသို့ အပင်မျိုးသစ်တင်သွင်းခွင့်ထောက်ခံချက်လျှောက်ထားခြင်း (ပုံစံ ၁) စမ်းသပ်စိုက်ပျိုးရန်အတွက် ပြည်တွင်းသို့ အပင်မျိုးသစ်တင်သွင်းခွင့်ရရှိရန် အချက်အလက်အပြည့်အစုံကို သတ်မှတ်ချက်များနှင့်အညီ အမျိုးသားမျိုးစေ့ကော်မတီသို့ ပုံစံ ၁ ကို အသုံးပြု၍ လျှောက်ထားရမည်။  စိုက်ပျိုးရေးဦးစီးဌာန picture_as_pdf
သစ်တောထွက်ပစ္စည်းများတင်ပို့ခွင့်ထောက်ခံချက်လျှောက်ထားခြင်း သစ်နှင့် သစ်တောထွက်ပစ္စည်းများ  ပြည်ပသို့တင်ပို့ရန်အတွက် တရား၀င်သစ်တောထွက် ပစ္စည်းဖြစ်ကြောင်းထောက်ခံချက် (Certificate for legality of forest products) ရယူရန်ဤပုံစံဖြင့် သစ်တောဦးစီးဌာနတွင် လျှောက်ထားရမည်။ သစ်တောဦးစီးဌာန picture_as_pdf
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအရည်အသွေးစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ (ပုံစံ ၁၂) အယူခံဓာတ်ခွဲခန်းသည် မူလဓာတ်ခွဲခန်းထံမှ အယူခံလျှောက်ထားမှုနှင့်သက်ဆိုင်သော ဓာတုပစ္စည်း နှင့်ဆက်စပ်ပစ္စည်းများနမူနာများကို တောင်းခံပြီး ဓာတ်ခွဲစစ်ဆေး၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ကို ပုံစံ(၁၂) ဖြင့် ထုတ်ပေးရမည်။ picture_as_pdf picture_as_pdf
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအရည်အသွေးစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ (ပုံစံ ၁၁) မူလဓာတ်ခွဲခန်းသည် ပုံစံ (၉) ဖြင့်ပေးပို့လာသည့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ၏ အရည် အသွေးကို ဓာတ်ခွဲစစ်ဆေးပြီးနောက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပုံစံ(၁၁) ဖြင့် ထုတ်ပေးမည်။ picture_as_pdf picture_as_pdf
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအရည်အသွေးစစ်ဆေးရန်နမူနာယူသည့်ပုံစံ (ပုံစံ ၁၀) သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အမျိုးအမည်၊ စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ အရည်အသွေးဓာတ်ခွဲစစ်ဆေးရန် နမူနာရယူရာတွင် ပုံစံ(၁၀) ကို အသုံးပြုပြီး မှန်ကန်သောနမူနာယူနည်းစနစ်ဖြင့် ရယူရမည်။ picture_as_pdf picture_as_pdf
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအရည်အသွေးစစ်ဆေးပေရန်လျှောက်လွှာ (ပုံစံ ၉) ပြည်ပမှတင်သွင်းလာသော သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်သော ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်း များကို အရည်အသွေးစစ်ဆေးခံယူလိုပါက ပုံစံ(၉) တွင်ပြည့်စုံစွာ ဖြည့်စွက်ပြီး သတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်များနှင့်အတူ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့လျှောက်ထားရမည်။   picture_as_pdf picture_as_pdf
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက် (ပုံစံ ၆) ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ပုံစံ (၄) ဖြင့်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အချက်အလက်များ ပြည့်စုံပါက ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်ကို ဤပုံစံ(၆) ဖြင့် ထုတ်ပေးမည်။ picture_as_pdf picture_as_pdf
ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်း (ပုံစံ ၄) ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်း (ပုံစံ ၄) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းအတွက် လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် ပုံစံ(၄)ဖြင့် ပြည့်စုံစွာဖြင့်သွင်း၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ထံ လျှောက်ထားရမည်။   picture_as_pdf picture_as_pdf
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ နိုင်ငံတွင်းမှတစ်ဆင့် ဖြတ်သန်းကုန်သွယ်ခွင့်ထောက်ခံချက် လျှောက်ထားခြင်း (ပုံစံ၁၃) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းကို နိုင်ငံတွင်းမှတစ်ဆင့် ဖြတ်သန်းကုန်သွယ်လိုသူသည် ပုံစံ (၁၃) တွင် လိုအပ်သောအချက်အလက်များ ပြည့်စုံစွာဖြည့်သွင်း၍ အထောက်အထားများ ပူးတွဲလျက် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။ picture_as_pdf picture_as_pdf
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ နိုင်ငံတွင်းမှတစ်ဆင့် ဖြတ်သန်းကုန်သွယ်ခွင့်အတွက် ထောက်ခံ ချက် (ပုံစံ ၁၄) ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ပုံစံ (၁၃) နှင့်လျှောက်ထားလာသည့်ကိစ္စနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များ နှင့်ညီညွတ်ပါကဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများနိုင်ငံတွင်းမှတစ်ဆင့် ဖြတ်သန်းကုန်သွယ်ခွင့် ထောက်ခံချက်ကို  ပုံစံ(၁၄) ဖြင့်ထုတ်ပေးမည်။ picture_as_pdf picture_as_pdf
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများပြည်ပသို့တင်ပို့ခြင်းအတွက်ထောက်ခံချက် (ပုံစံ ၅) ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ပုံစံ (၃) ဖြင့်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အချက်အလက်များ ပြည့်စုံပါက ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်ကို ဤပုံစံ(၅) ဖြင့် ထုတ်ပေးမည်။   picture_as_pdf picture_as_pdf