မြန်မာ့ကုန်သွယ်မှုဘဏ္ဍာတိုက်

မြန်မာ့ကုန်သွယ်မှုဘဏ္ဍာတိုက်

မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုအချက်အလက်များစုစည်းရာ Trade Repository သည် မြန်မာနိုင်ငံ၏ အကောက်ခွန်နှင့်ကုန်သွယ်မှုဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ၎င်းတို့နှင့် ဆက်နွယ်သည့်သတင်းအချက်အလက်များကိုစုစည်းထားရာဘဏ္ဍာတိုက် တစ်ခုဖြစ်ပါသည်။ ဤ website ပေါ်တွင် အချက်အလက်များကိုထပ်မံရှာဖွေရန် အတွက် Guide to Import, Guide to Export နှင့် the Commodity Search တွင် ကိုးကားကြည့်ရှုနိုင်ပါသည်။ 
 

အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူညီချက်၏ ပုဒ်မ ၁၃ သည် အာဆီယံအကောက်ခွန်နှင့်ကုန် သွယ်မှုဥပဒေများအားလုံးပါဝင်သော website တစ်ခုကိုတည်ထောင်အကောင်အထည်ဖော်ဆောင်ရွက် ရန်ဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်အလက်များကိုကြည့်ရှုနိုင်ပါသည်-
(၁) အကောက်ခွန်စည်းဝါးညီစနစ်
(၂) အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူညီချက် အောက်တွင်ရှိသော အကောက်ခွန် သက်သာခွင့်နှုန်း များ၊ အခြားသော အခွန်သက်သာခွင့်ဆိုင်ရာ သဘောတူညီချက်များမှ အကောက်ခွန်နှုန်းများ ကုန်သွယ်ဘက်နိုင်ငံများအားလုံးသို့ တပြေးညီကောက်ခံသည့် အကောက်ခွန်နှုန်းများ
(၃) ပင်ရင်းဒေသစည်းမျဉ်းများ
(၄) အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်မှုများ
(၅) ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ ဥပဒေများနှင့်စည်းမျဉ်းများ
(၆) လုပ်ထုံးလုပ်နည်းများ နှင့် စာရွက်စာတမ်းလိုအပ်ချက်များ
(၇) အုပ်ချုပ်မှုပိုင်းဆိုင်ရာ စည်းမျဉ်းများသတ်မှတ်ခြင်း
(၈) ကုန်သွယ်မှုလျင်မြန် ချောမွေ့ရေးဆိုင်ရာ အကောင်းဆုံးအလေ့အထများနှင့် နှင့်
(၉) အဖွဲ့ဝင်နိုင်ငံများ၏ အသိအမှတ်ပြုကုန်သည်များစာရင်း

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုသတင်းအချက်အလက်များစုစည်းရာ Trade Repository သည် အာဆီယံကုန်သွယ်မှုသတင်းအချက်အလက်များစုစည်းရာ ASEAN Trade Repository တွင်ချိတ်ဆက်ထားမည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့်တည်ရှိသည့် မြန်မာနိုင်ငံ၏ national version လည်းဖြစ်ပါသည်။

 

 

 

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General Page