ကုန်စည်ရှာဖွေခြင်း
ကုန်စည်ရှာဖွေခြင်း
မြန်မာနိုင်ငံတွင် အကောက်ခွန်စည်းဝါးညီအမည်ပေးစနစ် HS Code ကို အသုံးပြု၍ တင်သွင်းတင်ပို့သည့်ကုန်စည်များကို ခွဲခြားသတ်မှတ်ရာ ၎င်းအမည်ပေးစနစ်မှာ အာဆီယံတွင်ကျင့်သုံးသည့် အာဆီယံစည်းဝါးညီအကောက်ခွန်နှုန်းအမည်ပေးစနစ်နှင့် လည်းလိုက်လျောညီထွေဖြစ်ပါသည်။
သင်သည် အောက်တွင်ဖော်ပြထားသော ရှာဖွေနိုင်သည့်နည်းလမ်းကို အသုံးပြုခြင်းအား ဖြင့် ကုန်စည်တစ်ခုစီကို စည်းကြပ်ကောက်ခံလျက်ရှိသောနှုန်းများကို ကြည့်ရှုနိုင်ပါသည်။
ကုန်စည်တစ်ခုစီ၏အောက်တွင် MFN အကောက်ခွန်နှုန်းထားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များသို့ အာဆီယံ၏ကတိကဝတ်အတိုင်း ကောက်ခံမည့်နှုန်းထားများကို တွေ့ရှိနိုင်မည် ဖြစ်ပါသည်။
အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများအားလုံးကိုယ်စား အဖွဲ့အစည်းတစ်ခုအနေဖြင့်ရပ်တည်၍ အခြားသောကုန်သွယ်ဖက်နိုင်ငံများနှင့် ချုပ်ဆိုထားသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပါဝင်ပါသည်။ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များ၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်းများအကြား အကောက်ခွန်သက်သာခွင့်များကို သတ်မှတ်ထားသော အချိန်ဇယားများအတိုင်း အကောက်ခွန်လျော့ချသွားမည့် ကတိကဝတ်များအတိုင်း အကောက်ခွန်ဖယ်ရှားခြင်း၊ လျော့ချခြင်းများဆောင်ရွက်ထားရှိမှုကို ကျင့်သုံးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ ကျေးဇူးပြု၍ ဤနေရာ ကို နှိပ်၍ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များဆိုင်ရာ အချက်အလက်များနှင့် အကောက်ခွန်လျော့ချမည့်အချိန်ဇယားကို ကြည့်ရှုနိုင်ပါသည်။
- အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
- ကဏ္ဍ General Page