သတင်းလွှာ ၂/၂၀၁၈ (လက်လီ/လက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာလုပ်ငန်းစဉ်)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ/ လက်ကားရောင်းခွင့်ပြုကြောင်း အမိန့်ကြော်ငြာစာအမှတ် ၂၅/၂၀၁၈ ဖြင့်ထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်ကြော်ငြာစာအရ နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအတွက် ပြည်တွင်းတွင် လက်လီ/ လက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဤသတင်းလွှာဖြင့် ထုတ်ပြန်လိုက်သည်။ လက်လီ/လက်ကားရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လျှောက်ထားလိုသည့် နိုင်ငံခြား၊ နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများသည် လုပ်ငန်းစဉ်ပါ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။ 

  • အဖွဲ့အစည်း ကုန်သွယ်ရေးဦးစီးဌာန
  • ကဏ္ဍ General

file_downloadဒေါင်းလုပ်