ပိုးသတ်ဆေးမှတ်ပုံတင်လက်မှတ်

ကဏ္ဍ General
ပုံ ပိုးသတ်ဆေးမှတ်ပုံတင်လက်မှတ်
အကျဉ်းချုပ်
အကြောင်းအရာ

(၁) ပိုးသတ်ဆေးမှတ်ပုံတင်လက်မှတ်          

တင်ပြရန်လိုအပ်မည့် အထောက် အထားများ

(က) မှတ်ပုံတင်လျှောက်ထားရန် လျှောက်လွှာနှင့်အတူ ပိုးသတ်ဆေး ထုတ်လုပ်သူမှ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ခြင်း၊ တင်သွင်းဖြန့် ဖြူးခြင်းတို့ကို သဘောတူကြောင်းစာ

(ခ)   မူရင်းပိုးသတ်ဆေးထုတ်လုပ်သူ ( Manufacturer) ၏ သက်ဆိုင် ရာနိုင်ငံမှ အစိုးရအသိအမှတ်ပြုလိုင်စင်၊ မှတ်ပုံတင်ထုတ်လုပ်ခွင့် အထောက်အထားများ၊ ထုတ်လုပ်သူများအား ဆက်သွယ်နိုင်မည့် ပုဂ္ဂိုလ်၊ လိပ်စာ Email,  Web page

(ဂ) အခြားနိုင်ငံများတွင်မှတ်ပုံတင်ထားသော နိုင်ငံစာရင်းနှင့် အဆိုပါ လိုင်စင်/ ခွင့်ပြုမိန့် အထောက်အထားများ

(ဃ) ပိုးသတ်ဆေးနှင့် ပတ်သက်သည့် ပူးတွဲတင်ပြရမည့် နည်းပညာ အချက်အလက်များ စာတမ်း၊ (General Information, Properties of the Active Ingredient, Properties  of the Formulated Product,  Intended uses and methods of application, Assessment of Efficacy of Pesticide, Toxicology, Residue Data, Environmental Data, Disposal of surplus pesticide and pesticide containers, Label, GAP Table)

(င) အဆိုပြုတင်ပြသည့် အင်္ဂလိပ်/ မြန်မာနှစ်ဘာသာဖြင့် ပြန်ဆိုထား သည့်တံဆိပ် (အညွှန်းစာ)

(စ) ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးရန် ပိုးသတ်ဆေးနမူနာ -

          (၁) Formulated product Pesticide 250 CC(or)250 gm

         (၂)  Analytical Standard  21  gm  with  attachment  of Certificate of Analysis (Chromatograph), if pesticide contains more than one active ingredient, Standards packed separately (OECD GLP)

         (၃) Capillary separation columns used in Gas Liquid  Chromatography (GC) and High Performance Liquid Chromatography (HPLC) column(s)

လုပ်ငန်းစဉ်အဆင့်

(က) လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် လိုအပ်သည့်အချက် အလက်များ ပြည့်စုံမှုရှိ/ မရှိကို စစ်ဆေးပါသည်။

(ခ) ပြည့်စုံပါက သတ်မှတ်ထားသည့် ပိုးသတ်ဆေးမှတ်ပုံတင်ကြေး နှုန်းထားများနှင့် ပိုးသတ်ဆေးနမူနာတစ်မျိုးအတွက် ဓါတ်ခွဲ စစ်ဆေးခငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်စာရင်းအမှတ် MD-013156 သို့ ပေးသွင်းရပါမည်။

      (Registration Fee နှင့်  Analytical Fee ဓါတ်ခွဲစစ်ဆေးခငွေသွင်း ပြီးသော်လည်း Sample နှင့် Dossier တွင် ဖော်ပြထားသည့် အချက်အလက်များ ပြည့်စုံမှုမရှိလျှင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်မှ လုံးဝပယ်ဖျက်မည်ဖြစ်ပါသည်။)

(ဂ) ထုတ်လုပ်သူ၏ ကိုယ်ရေးကို အသေးစိတ်စစ်ဆေးရမည်။

(ဃ) မူရင်းပိုးသတ်ဆေးထုတ်လုပ်သူကိုယ်ရေးအထောက်အထားများ ပြည်စုံမှန်ကန်ပါက ပိုးသတ်ဆေးနှင့်ပတ်သက်သော နည်းပညာ အချက်အလက်များကို နည်းပညာကော်မတီဝင်များမှ စစ်ဆေးပါ သည်။

(င) ပိုးသတ်ဆေးနှင့်ပတ်သက်သော နည်းပညာအချက်အလက်များ ပြည့်စုံမှန်ကန်ပါက အရည်အသွေးစစ်ဆေးရန် ပိုးသတ်ဆေးနမူနာ ကို ပိုးသတ်ဆေးဓါတ်ခွဲခန်းသို့ ပေးပို့ရပါမည်။

(စ) ပိုးသတ်ဆေးဓါတ်ခွဲခန်းမှ အရည်အသွေး စစ်ဆေးမှုရလဒ်နှင့် နည်းပညာအချက်အလက်များ စိစစ်ထောက်ခံချက်များနှင့်အတူ နည်းပညာကော်မတီအစည်းအဝေး၊ ပိုးသတ်‌ဆေးမှတ်ပုံတင် အဖွဲ့ အစည်းအဝေးများသို့ တင်ပြပါသည်။

(ဆ) မှတ်ပုံတင်အဖွဲ့အစည်းအဝေးမှ ဆုံးဖြတ်အတည်ပြုပြီး မှတ်ပုံတင် ခွင့်ပြုသော ပိုးသတ်ဆေးများကို မှတ်ပုံတင်အမျိုးအစားအလိုက် မှတ်ပုံတင်လက်မှတ် ထုတ်ပေးပါသည်။

ဝန်ဆောင်ခ

Analytical fee for pesticide registration= နမူနာ ၁ ခုချင်းစီ အတွက် ၃၀၀,၀၀၀ ကျပ်

Experimental Registration (before starting of commercial operation regarding pesticide/ conducting the bio-efficacy trials) = ၂ နှစ်လျှင် ၁,၀၀၀,၀၀၀ ကျပ်

Provisional Registration = ၅ နှစ်လျှင်၂,၀၀၀,၀၀၀ ကျပ်

ကြာမြင့်ချိန်

လိုအပ်သည့်အချက်၊ တင်သွင်းရမည့် အချက်အလက်များပြည့်စုံလျှင် အလုပ်လုပ်ရက် (၈) ပတ်နှင့် လိုအပ်သည့်အချက်၊ တင်သွင်းရမည့် အချက်အလက်များ ပြည့်စုံမှု ရှိ/ မရှိပေါ်မူတည်၍ အချိန်ကြာမြင့်နိုင် မည်။ ပြည့်စုံပြီးမှ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေးသို့ တင်ပြသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ အစည်းအဝေးသည် (၃) လ တစ်ကြိမ် ကျင်းပပါမည်။

မှတ်ချက်

ပိုးသတ်ဆေးမှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်းသော အသေး စိတ်နည်းစဉ်များကို သိရှိနိုင်ရန် လျှောက်ထားသူအနေဖြင့် ပိုးသတ် ဆေးဥပဒေ ၂၀၁၆ ကို ကိုးကားနိုင်သည်။

Registration Fee နှင့်  Analytical Fee  ဓါတ်ခွဲစစ်ဆေးခငွေ သွင်းပြီးသော်လည်း Sample နှင့် Dossier တွင် ဖော်ပြထားသည့် အချက်အလက်များ ပြည့်စုံမှုမရှိခြင်း၊ သတ်မှတ်ထားသောနမူနာများ တင်သွင်းရန် ပျက်ကွက်ခြင်းများတို့ကြောင့် တင်သွင်းရမည့် အချက် အလက်များ ပြည့်စုံမှုမရှိလျှင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်မှ လုံးဝပယ် ဖျက်မည်ဖြစ်ပါသည်။

လျှောက်ထားရမည့်

နေရာ

Myanmar Agricultural Inputs Registration System (MAIRS) Online စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

အတည်ပြုလက်မှတ် ရေးထိုးသည့် ရာထူး/ အဆင့်

တွဲဘက်အတွင်းရေးမှူုး၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့

 

 

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း