မြေဩဇာသိုလှောင်လိုင်စင်လျှောက်ထားခြင်းနှင့် လိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်း

ကဏ္ဍ Import
ပုံ မြေဩဇာသိုလှောင်လိုင်စင်လျှောက်ထားခြင်းနှင့် လိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်း
အကျဉ်းချုပ် စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးများ တင်သွင်း/ ထုတ်လုပ်ရန်အတွက် မှတ်ပုံတင်ခြင်း၊ သိုလှောင်လိုင်စင်လျှောက်ထားခြင်းနှင့် သွင်းကုန်လိုင်စင်ထောက်ခံချက်‌ လျှောက်ထားခြင်းများကို Myanmar Agricultural Inputs Registration System (MAIRS) (website: www.mairs.doa.gov.mm )တွင် online ဖြင့်လျှောက်ထားနိုင်ပါသည်။ မြေဩဇာဆိုင်ရာလုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Landuse web portal (www.landusedivision.gov.mm ) တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။ ဦးစွာမြေဩဇာမှတ်ပုံတင်‌လျှောက်ထားမည့်သူသည် www.mairs.doa.gov.mm တွင် Account Create ပြုလုပ်ရမည်ဖြစ်ပြီး၊ လုပ်ငန်းစဉ်များကို ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
အကြောင်းအရာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

စိုက်ပျိုးရေးဦးစီးဌာန

မြေဩဇာသိုလှောင်လိုင်စင်/ သိုလှောင်လိုင်စင် (သက်တမ်းတိုး) ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

လိုင်စင်/ပါမစ်ထုတ်ပေးသည့်ဌာန

စိုက်ပျိုးရေးဦးစီးဌာန

ရည်ရွယ်ချက်

မြေဩဇာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေဩဇာလုပ်ငန်းများ စနစ်တကျရှိစေရန်

လိုအပ်သည့်စာရွက်စာတမ်း

မြေဩဇာဥပဒေလုပ်ထုံးလုပ်နည်းများ

၁။ ပုံစံ (၁၃) မြေဩဇာသိုလှောင်လိုင်စင် လျှောက်ထားခြင်း

    ၂။ လျှောက်ထားသူ၏ နိုင်ငံသားမှတ်ပုံတင်ကဒ်

    ၃။ လျှောက်ထားသူ၏ (၁.၃ x ၁.၁ လက်မ) အရွယ် ကာလာ ဓာတ်ပုံ

    ၄။ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် နှင့် ဒါရိုက်တာ အဖွဲ့ဝင် စာရင်း

    ၅။ စည်ပင်သာယာကော်မတီ၏ လုပ်ငန်းလိုင်စင်မိတ္တူ

၆။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘောထား မှတ်ချက် ထောက်ခံစာ

၇။ မြေဩဇာသိုလှောင်သည့် အဆောက်အဉီးဓာတ်ပုံ

လုပ်ငန်းစဉ်အဆင့်

Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm တွင် လျှောက်ထားနိုင်သည်။

၁။ လိုအပ်သည့်အထောက်အထားများအား စစ်ဆေးပါသည်။

၂။ ဒု-တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး ခေါင်းဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ မြေပြင်အခြေအနေ ကွင်းဆင်း စစ်ဆေး ပါသည်။

၃။ စစ်ဆေးတွေ့ရှိချက်များအား မြေဩဇာဆိုင်ရာနည်းပညာ ကော်မတီသို့တင်ပြပါသည်။

 ၄။ နည်းပညာအဖွဲ့မှ စိစစ်ပြီး ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြေဩဇာသိုလှောင် လိုင်စင်လက်မှတ်များ ခွင့်ပြု ပါသည်။

ကုန်ကျစရိတ်

လုပ်ငန်းငယ် (၁၆၀၀ square feet အောက်)၊ ၁ သိန်းကျပ် (၂နှစ်သက်တမ်း)
လုပ်ငန်းကီး (၁၆၀၀ square feet အထက်)၊ ၃ သိန်းကျပ် (၂နှစ်သက်တမ်း)

ကြာမြင့်ချိန်

ရက်

- မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့အစည်းအဝေးနှင့် မြေဩဇာကော်မတီအစည်းအဝေးများအား (၃)လ တစ်ကြိမ် ကျင်းပလျှက်ရှိပါသည်။

- စစ်ဆေးရေးအဖွဲ့များမှ မြေပြင်စစ်ဆေးပြီးပါက အနီးစပ်ဆုံး မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့သို့ တင်ပြပေးမည်ဖြစ်ပါသည်။

လျှောက်ထားရမည့်နေရာ

Myanmar Agricultural Inputs Registration System (MAIRS)

mairs.doa.gov.mm

Onlineစနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း

Myanmar Agricultural Inputs Registration System (MAIRS)

mairs.doa.gov.mm

လက်မှတ်ရေးထိုးသည့်ရာထူး/

အဆင့်

ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန

ဥပဒေ/ နည်းဥပဒေ အမည်နှင့်အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်

မြေဩဇာဥပဒေနှင့်မြေဩဇာဥပဒေပြင်ဆင်သည့်ဥပဒေ။

 ဥပဒေပုဒ်မ(၁၃)

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း