အစားအသောက်ဆိုင်ရာပို့ကုန်လိုင်စင်ထောက်ခံချက်

ကဏ္ဍ Export
ပုံ အစားအသောက်ဆိုင်ရာပို့ကုန်လိုင်စင်ထောက်ခံချက်
အကျဉ်းချုပ် ပို့ကုန်လိုင်စင်ထောက်ခံချက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) လျှောက်ထားခြင်း
အကြောင်းအရာ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အစားအသောက်ဆိုင်ရာပို့ကုန်လိုင်စင်ထောက်ခံချက်လျှောက်ထားခြင်း

အဆင့်(၁)

တင်ပို့ခွင့်လျှောက်ထားသူသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) မှ လျှောက်လွှာကိုရယူဖြည့်စွက်၍ လိုအပ်သည့်အခြားစာရွက်စာတမ်းများနှင့်အတူ လျှောက်ထား ရပါမည်။ ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်(သက်တမ်းရှိ)ရရှိထားသည့် ကုန်ပစ္စည်းမှအပ တင်ပို့မည့်အစားအသောက်ကုန်စည်တစ်မျိုးစီတိုင်းအတွက် တင်ပို့ခွင့်ထောက်ခံချက်လက်မှတ် တစ်ခု စီလျှောက်ထားရန် လိုအပ်သည်။ ပူးတွဲတင်ပြရမည့်အခြားစာရွက်စာတမ်းများတွင် (လိုအပ်ပါက) ဝယ်ယူသူနှင့် သက်ဆိုင်သည့် အချက် အလက်၊ ကုမ္ပဏီမှတ်ပုံတင်နှင့် ထုပ်ပိုးထားသည့် မူရင်းပစ္စည်းနမူနာ (သို့) တင်ပြမည့် ထုပ်ပိုးပစ္စည်းပမာဏ အရွယ်အစားကြီးမားပါက ယင်းပစ္စည်း၏ ဓါတ်ပုံ (သို့) အမှတ်တံဆိပ်အားတင်ပြရမည်။ နမူနာပစ္စည်းပမာဏမှာ ၁၅၀၀ ဂရမ်ဖြစ်သည်။

အဆင့်(၂)

တင်ပို့ခွင့်ထောက်ခံချက်လျှောက်ထားရာတွင် သတ်မှတ်ထားသော ပုံစံကြေးကိုပေးဆောင်ရပါမည်။ တင်ပြထားသော စာရွက်စာတမ်း နှင့် နမူနာပစ္စည်းများကို ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အချက်အလက်ပြည့်စုံမှန်ကန်မှုစစ်ဆေးခြင်းနှင့် ဓါတ်ခွဲ စမ်းသပ်မှုကိုစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်သည်။ အချက်အလက်ပြည့်စုံမှန်ကန်မှုမရှိသော လျှောက်လွှာအား လည်းကောင်း၊ ဓါတ်ခွဲစမ်းသပ် မှုရလာဒ်မအောင်မြင်သောလျှောက်လွှာတို့အတွက် FDA မှ ငြင်းပယ်စာများကို ပေးပို့ အကြောင်းကြားသွားမည်ဖြစ်သည်။

အဆင့်(၃)

ပြည့်စုံမှန်ကန်သောလျှောက်လွှာနှင့် ဓါတ်ခွဲစမ်းသပ်မှုရလာဒ်အောင်မြင်သော လျှောက်လွှာရှင်များကို FDA မှ ပို့ကုန်ထောက်ခံချက်ကိုထုတ်ပေးမည်ဖြစ်သည်။ တင်သွင်းသူသည် FDA ရုံးတွင် ပို့ကုန်ထောက်ခံချက်ကို သွားရောက် ထုတ်ယူနိုင်ပြီး တင်ပို့ခွင့်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်ရှိ ပို့ကုန် သွင်းကုန် ဌာနခွဲတွင် ဆက်လက်လျှောက်ထားနိုင်ပါသည်။

မှတ်ချက်။ ။ စာရွက်စာတမ်းနှင့်နမူနာပစ္စည်းလက်ခံသောဌာနတွင် အချိန် ၁ ရက်ခန့်ကြာမြှင့်ပါမည်။ ညွှန်ကြားရေးမှုးချုပ်ထံမှ အတည်ပြုချက်ရယူရန်အချိန် အနည်းဆုံး ၁ ရက်မှ အများဆုံး ၂ ရက်အထိကြာမြှင့်နိုင်ပါသည်။ နမူပစ္စည်း ဓါတ်ခွဲ စမ်းသပ်စစ်ဆေးမှုသည် အချိန် အနည်းဆုံး ၁ရက်မှ အများဆုံး ၂၅ ရက်အထိကြာမြှင့်နိုင်ပါသည်။ လျှောက်ထားမှုလုပ်ငန်းစဉ် တစ်ခုလုံးအတွက် အချိန် အနည်းဆုံး ၁၄ ရက်မှ အများဆုံး ၃၁ ရက်ခန့် ကြာမြင့်နိုင်သည်။

 

 

 

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ပို့ကုန်ကျန်းမာရေးထောက်ခံချက်လျှောက်ထားရန်ပုံစံ ပြည်ပသို့ အစားအသောက်များတင်ပို့နိုင်ရန်အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ပို့ကုန်ကျန်းမာရေးထောက်ခံချက်ပုံစံ နမူနာဖြစ်ပါသည်။ Export အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန