ပြည်ပသို့တင်ပို့ရန် တရား၀င်သစ်တောထွက်ပစ္စည်းဖြစ်ကြောင်းထောက်ခံချက်ရရှိရန်လုပ်ငန်းစဉ်များ

ကဏ္ဍ Export
ပုံ ပြည်ပသို့တင်ပို့ရန် တရား၀င်သစ်တောထွက်ပစ္စည်းဖြစ်ကြောင်းထောက်ခံချက်ရရှိရန်လုပ်ငန်းစဉ်များ
အကျဉ်းချုပ် ပြည်ပသို့တင်ပို့ရန် တရား၀င်သစ်တောထွက်ပစ္စည်းဖြစ်ကြောင်းထောက်ခံချက်ရရှိရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင်လျှောက်ထားခြင်း
အကြောင်းအရာ

သစ်တောဦးစီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ပသို့တင်ပို့ရန် တရား၀င်သစ်တောထွက်ပစ္စည်းဖြစ်ကြောင်းထောက်ခံချက်ရရှိရန် လုပ်ဆောင်ချက်များ

 

အဆင့် (၁)

သစ်နှင့်သစ်တောထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရန်အတွက် တရား၀င်သစ်တောထွက်ပစ္စည်းဖြစ်ကြောင်း ထောက်ခံချက် (Certificate for legality of forest products) ရယူရန် လိုအပ်ပါသည်။ အဆိုပါထောက်ခံချက်ရရှိရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။ လျှောက်ထားသူသည် လျှောက်လွှာကိုရယူ၊ ဖြည့်စွက်ပြီး အောက်ဖော်ပြပါ ပူးတွဲစာရွက်များနှင့်အတူ တင်ပြလျှောက်ထားရပါမည်။

  • (က) ကုမ္ပဏီ၏(Board Of Director List)တွင် ဖော်ပြထားသည့် သစ်တောထောက်ခံချက်် လျှောက်ထားမည့် တာ၀န်ရှိပုဂ္ဂိုလ်တစ်ဦးဦးမှလက်မှတ်ထိုး ထားသည့် သစ်တောထောက်ခံချက်ထုတ်ယူခွင့်ပြုပါရန် လျှောက်လွှာ
  • (ခ)  သစ်တောထောက်ခံချက်လျှောက်ထားမည့် သစ်တောထောက်ခံချက်ထုတ်ယူရန် လျှောက်လွှာတင်ခြင်း၊ စာရွက်စာတမ်းများ လက်ခံရယူခြင်း၊သက် တမ်းတိုးခြင်းစာရွက်စာတမ်းများပြန်ထုတ်ယူရန်အစရှိသည့် စာရွက်စာတမ်းပိုင်းဆိုင်ရာကိစ္စများဆောင်ရွက်ရန်အတွက် တာ၀န်ပေးအပ်မှုမှန်ကန်ကြောင်း ကုမ္ပဏီ၏(Board Of Director List)တွင် ဖော်ပြပါရှိသည့် ပုဂ္ဂိုလ်မှ လက်မှတ်ရေးထိုးထားသည့် ကိုယ်စားလှယ်လွှဲစာ
  • (ဂ)   ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊
  • (ဃ)  ကုမ္ပဏီ၏ထုတ်ကုန်/သွင်းကုန်လိုင်စင်မိတ္တူ၊
  • ( င )  ကုမ္ပဏီ၏ (Profile) နှင့် (Board Of Director List) မိတ္တူ၊
  • ( စ )  မြန်မာနိုင်ငံသစ်တာထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းဝင်လက်မှတ်မိတ္တူ၊
  • (ဆ)  ကုမ္ပဏီနှင့်ဝယ်ယူမည့်သူ (Buyer)တို့ ချုပ်ဆိုထားသည့် Sale Contract မိတ္တူ နှင့်  Invoice မိတ္တူ၊
  • ( ဇ ) သစ်တာထောက်ခံချက် ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားသည့်ပစ္စည်းများအတိုင်းစာရင်း၊ ဓါတ်ပုံမှတ်တမ်းမျာ
  • (ဈ) ကုန်ကြမ်းသစ်လုံးများအတွက် အထောက်အထားများဖြစ်သည့် မြန်မာ့သစ်လုပ်ငန်းမှ ထုတ်ပေးထားသည့်(Delivery Order) နှင့် Specification မူရင်း/ သစ်လုပ်ငန်းမှလွှဲပြောင်းပေးထားသည့် AS + FormD/ သစ်တောဦးစီးဌာနမှ ထုတ်ပေးထားသည့် S2 ဘီလ်မူရင်း
  • ( ည) ခွဲသား (DO) များနှင့် ကုမ္ပဏီအမည် တစ်ခုထက်ပို၍ ဖော်ပြထားသော (DO)များ ဖြစ် ပါကမြန်မာ့သစ်လုပ်ငန်းနှင့် ချုပ်ဆိုထားသည့်စာချုပ်၊
  • (ဋ) ကုမ္ပဏီအမည်ပေါက် (DO) မဟုတ်ပါက နှစ်ဦးသဘောတူတရား၀င်ချုပ်ဆိုထားသည့်စာချုပ် ၊ Invoice ၊ အခွန်ပေးဆောင်သည့် ငွေသွင်းချလံ၊ အရောင်းအဝယ်ပြုလုပ်သည့်အတိုင်းစာရင်း၊ အခွန်ဦးစီးဌာန၏ စည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကတိဝန်ခံချက်မူရင်းများ
  • (ဌ)  ကုန်ကြမ်းသစ်လုံးများအား သက်ဆိုင်ရာမြို့နယ်၊ သစ်တောဦးစီးဌာန၏ ခွဲစိတ်ခွင့်ပြုမိန့်၊ အတည်ပြုခွဲသားထွက်ရှိမှုစာရင်း၊
  • (ဍ)  ကျွန်းသစ်လုံး၊ ခွဲသားများအတွက် တိုင်းကျော်ခွင့်ပြုမိန့် မျှောစာမိတ္တူ နှင့် ကားတင်အတိုင်းစာရင်းများ

အဆင့် (၂)

ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးမှလျှောက်ထားချက်အား စိစစ်စစ်ဆေး၍ မြေပြင်စစ်ဆေးရေးအဖွဲ့မှ ဂိုဒေါင်သို့သွားရောက်၍ တိုင်းတာစစ်ဆေးခြင်း၊တံ ဆိပ်ရိုက်ခြင်းမှတ်ခြင်းများအတွက် စစ်ဆေးမိန်ထုတ်ပေးခြင်းများပြုလုပ်မည်ဖြစ်သည်။ မြေပြင်စစ်ဆေးရေးအဖွဲ့မှစစ်ဆေးတွေ့ရှိချက် မှတ်တမ်းကိုပြင်ဆင်မည်ဖြစ်သည်။ ပြည့်စုံမှန် ကန်မှုမရှိသောလျှောက်လွှာရှင်များကို အကျိုးအကြောင်းနှင့်တကွ အကြောင်းကြားမည်ဖြစ်သည်။ လျှောက်လွှာရှင်မှလိုအပ်သည်များကိုပြင်ဆင်ပြီး ပြန်လည်လျှောက်ထားရမည်ဖြစ် သည်။

အဆင့် (၃)

ပြည်ပသို့တင်ပို့မည့် ကုန်ပစ္စည်းများအတွက်မြေပြင်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့်  (Chain of Custody) မှတ်တမ်းအသွားအလာအား အခြေခံလျှက်ဌာနတွင်း အစည်း အဝေးဖြင့် အတည်ပြုဆုံးဖြတ်ခြင်းပြုလုပ်မည်ဖြစ်သည်။ အစည်းအဝေးရလာဒ်အရ ကိုက်ညီမှုမရှိသော လျှောက်လွှာရှင်များအား ငြင်းပယ်မည်ဖြစ်ပြီး ဌာနမှလျှောက်လွှာရှင်ကို အသိ ပေးအကြောင်းကြားမည်ဖြစ်သည်။

အဆင့် (၄)

ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးမှ သစ်တောထွက်ပစ္စည်းတင်ပို့ရန် သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာန၊ မြေပြင်စစ်ဆေးရေးအဖွဲ့နှင့် မှတ်တမ်းအသွား အလာ(COC)အား အတည်ပြုတင်ပြချက်အပေါ်မူတည်၍ တရား၀င်သစ်တောထွက်ထောက်ခံချက် လက်မှတ်အား (၂) ရက်အတွင်း ထုတ်ပေးမည်ဖြစ်သည်။ လျှောက်ထားသူမှ ထောက်ခံချက်လက်မှတ်ကို သစ်တောဦးစီးဌာနတွင်လာရောက်ထုတ်ယူပြီး တင်ပို့ခွင့်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဆက်လက်လျှောက်ထားနိုင် သည်။

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း
သစ်တောထွက်ပစ္စည်းများတင်ပို့ခွင့်ထောက်ခံချက်လျှောက်ထားခြင်း သစ်နှင့် သစ်တောထွက်ပစ္စည်းများ  ပြည်ပသို့တင်ပို့ရန်အတွက် တရား၀င်သစ်တောထွက် ပစ္စည်းဖြစ်ကြောင်းထောက်ခံချက် (Certificate for legality of forest products) ရယူရန်ဤပုံစံဖြင့် သစ်တောဦးစီးဌာနတွင် လျှောက်ထားရမည်။ Export သစ်တောဦးစီးဌာန