ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံအတွင်းမှတဆင့်ဖြတ်သန်းကုန်သွယ်ခြင်းအတွက် ထောက်ခံချက်

ကဏ္ဍ Transit
ပုံ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံအတွင်းမှတဆင့်ဖြတ်သန်းကုန်သွယ်ခြင်းအတွက် ထောက်ခံချက်
အကျဉ်းချုပ် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံအတွင်းမှတဆင့်ဖြတ်သန်းကုန်သွယ်ခြင်းအတွက် ထောက်ခံချက် ကို စက်မှု၀န်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတွင် ရယူခြင်း
အကြောင်းအရာ

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စက်မှု၀န်ကြီးဌာန

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံအတွင်းမှတဆင့်ဖြတ်သန်းကုန်သွယ်ခြင်းအတွက် ထောက်ခံချက် ရရှိရန် လုပ်ဆောင်ရသည့်အဆင့်များ

အဆင့် (၁)

နိုင်ငံအတွင်းမှတဆင့်ဖြတ်သန်းကုန်သွယ်ခွင့်လျှောက်ထားရာတွင် စက်မှု၀န်ကြီး ဌာနအောက်ရှိ စက်မှုပူးပေါင်း ဆောက်ရွက်ရေးဦးစီးဌာနတွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံအတွင်းမှ တဆင့်ဖြတ်သန်းကုန်သွယ်ခြင်း အတွက် ပုံစံ (၁၃) ကိုရယူ ဖြည့်စွက်ပြီး အောက် ဖော်ပြပါပူးတွဲစာရွက်စာတမ်းများအား တင်ပြရပါမည်။

(က) ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Director အဖွဲ့၀င်တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ (မှတ်ပုံတင် မိတ္တူ ပူးတွဲ)

(ခ) Proforma Invoice မိတ္တူ

(ဂ) အရောင်းအ၀ယ်စာချုပ် (Sale Contract) မိတ္တူ

(ဃ) တင်ပို့လိုသည့် ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်း (များ) အားအသုံးပြုမည့်နည်းလမ်း (အသုံးပြုပုံ)

(င) ပညာရေး၀န်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန (D.R.I) မှ Analysis Report

(စ) Certificate of Analysis (COA)

(ဆ) အန္တရာယ် ကင်းရှင်းမှုအဆင့်မှတ်တမ်းလွှာ (Material Safety Data Sheet-MSDS)

(ဇ) Form VI, Form XXVI အပါအ၀င် ကုမ္ပဏီ မှတ်ပုံတင်တွဲ မိတ္တူ

အဆင့် (၂)

ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၂ အရ လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လျှောက်လွှာအား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ၊ မရှိ နှင့် ပူးတွဲတင်ပြမည့်စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ၊ မရှိ စိစစ်ရမည်။ သတ်မှတ်ချက်များနှင့် မညီညွှတ်သောလျှောက်လွှာအား ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် လျှောက်ထားသူအား အကြောင်းကြားမည်ဖြစ်သည်။ အချက်အလက်များပြည့်စုံမှန်ကန်ပါက ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ နိုင်ငံအတွင်းမှ တဆင့်ဖြတ်သန်း ကုန်သွယ်ခွင့် ထောက်ခံချက် ကိုထုတ်ပေးမည် ဖြစ်သည်။ အချက်အလက် မပြည့်စုံသော လျှောက်လွှာအား ငြင်းပယ်၍ ပြည့်စုံစေရန် ပြန်လည်ပြင်ဆင်ဆောင်ရွက်စေပါသည်။

အဆင့် (၃)

ထောက်ခံထုတ်ပေးရန်အတည်ပြုချက်ရရှိပါက သက်ဆိုင်ရာလုပ်ငန်းရှင်ကိုယ်တိုင် မှတ်ပုံတင်မူရင်း၊ မိတ္တူ (၁) စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်ထုတ်ယူမည်ဆိုပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ မှတ်ပုံတင်မူရင်း၊ မိတ္တူ (၁) စုံကို ယူဆောင်လာရပါမည်။

မှတ်ချက် ။ ။ ထောက်ခံချက် လျှောက်ထားရယူရန် ၀န်ဆောင်ခ ပေးဆောင်ရခြင်းမရှိပါ။ ထောက်ခံချက် သက်တမ်းသည် (၆) လသာဖြစ်သည်။

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း