ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့်အစီအစဉ်များ

ကဏ္ဍ Export
ပုံ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့်အစီအစဉ်များ
အကျဉ်းချုပ် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်ရရှိရန်လုပ်ဆောင်ရမည့်အစီအစဉ်များအား စက်မှုဝန်ကြီးဌာန၏ စက်မှုပူးပေါင်း‌ဆောင်ရွက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။
အကြောင်းအရာ

စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့်အစီအစဉ်များ

အဆင့်( ၁ )
    လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူသည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ထောက်ခံချက် လျှောက်ထားရန်လိုအပ်ပါသည်။ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက်  ထောက်ခံချက်လျှောက်ထားသူသည် “ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက်  ထောက်ခံချက်လျှောက်ထားခြင်း” လျှောက်လွှာပုံစံ-၃နှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-

 

( က )    ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Board of Director အဖွဲ့ဝင်တစ်ဦးဦးမှလက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ (လက်မှတ် နှင့် Seal မူရင်းများပါရှိရန်)
( ခ )    Proforma Invoice မိတ္တူ (Country of Origin, Port of Loading, Discharging (Destination), Packing Type, Total Amount, ရောင်းချသူနှင့်ဝယ်ယူ သူတို့၏ လက်မှတ်ပါရှိရန်)
( ဂ )    Sale Contract မိတ္တူ (ရောင်းချသူနှင့် ဝယ်ယူသူတို့၏ လက်မှတ်နှင့် Seal ပါရှိရန်)
( ဃ )    ဓာတုပစ္စည်း (သို့မဟုတ်) ဆက်စပ်ပစ္စည်းအား အသုံးပြုပုံ (လက်မှတ်နှင့် Seal မူရင်းများပါရှိရန်)
( င )    ဓာတ်ခွဲစမ်းသပ်ချက် (Analysis Report) မူရင်းနှင့် မိတ္တူ (တစ်နှစ်သက်တမ်း)
( စ )     ထုတ်လုပ်သည့် နိုင်ငံတူ (သို့မဟုတ်) တင်သွင်းသည့်နိုင်ငံတူမှ Certificate of Analysis (COA), Safety Data Sheet (SDS) (စာမျက်နှာတိုင်းတွင်ကုမ္ပဏီ ၏ Seal ၊ လက်မှတ် နှင့် Seal မူရင်းများပါရှိရန်)
( ဆ )    ကုမ္ပဏီမှတ်ပုံတင် မိတ္တူ၊ မှတ်ပုံတင် (သို့) Passport မိတ္တူ၊ ပို့ကုန်သွင်းကုန်မှတ်ပုံတင် လက်မှတ် မိတ္တူနှင့် Board of Director စာရင်းမိတ္တူတို့ပါရှိရန်
(ဇ)    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်နှင့် မှတ်ပုံတင်ထားသော ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အမည်စာရင်း မိတ္တူ

အဆင့် ( ၂ )
    ဗဟိုကြီးကြပ်ရေးအဖွဲ့သည် လျှောက်လွှာ ပုံစံ-၃ နှင့် ပူးတွဲတင်ပြသည့်  စာရွက်စာတမ်းများ ပြည့်စုံခြင်း ရှိ/မရှိ စစ်ဆေးပါသည်။ ပြည့်စုံမှုမရှိသော လျှောက်လွှာများအား လိုအပ်သည်များကို ဖြည့်စွက်၍ ပြန်လည်လျှောက်ထားရန် လျှောက်ထားသူသို့ အကြောင်းကြားပါသည်။
အဆင့်( ၃ )
    လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံမှုရှိပါက လျှောက်ထားသူသို့ထုတ်ပေးမည့် “ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက် ပုံစံ- ၅ ” အား ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အတည်ပြုချက်ရယူပါသည်။
အဆင့် ( ၄ )
    ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အတည်ပြုချက်ရယူပြီးသော ထောက်ခံချက် ပုံစံ-၅ အား Scan ဖတ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၏ Tradenet 2.0 စနစ်သို့ Online ဖြင့် ပို့ပေးပြီး ယင်း System ၏ Registration Nos. အားရယူပါသည်။
အဆင့်( ၅ )  
    Registration Nos. ရယူပြီးသော ထောက်ခံချက်အားလျှောက်ထားသူသို့ ထုတ်ပေးပါသည်။ လျှောက်ထားသူကိုယ်တိုင် ထောက်ခံချက်လာရောက်ထုတ်ယူပါကမှတ်ပုံ တင်မူရင်းနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်ထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ ယင်း၏မှတ်ပုံတင်မိတ္တူ တစ်စုံနှင့်သော်လည်းကောင်းလာရောက်ထုတ်ယူ ရပါသည်။

မှတ်ချက်။    ထောက်ခံချက် လျှောက်ထားရယူခြင်းအတွက် အခကြေးငွေပေးဆောင်ရန်မလိုပါ။
        ထောက်ခံချက်သက်တမ်းသည် ( ၆ )လသာ ဖြစ်ပါသည်။

 

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း